အီရန်ကို ရန်စတဲ့အနေနဲ့ ယူကရိန်းက အီရန်ကုန်တင်သင်္ဘောကို တာဝေးပစ်ဒရုန်းနဲ့ တိုက်ခိုက် - Myanmar National Post

Myanmar National Post

News Agency

Breaking

အီရန်ကို ရန်စတဲ့အနေနဲ့ ယူကရိန်းက အီရန်ကုန်တင်သင်္ဘောကို တာဝေးပစ်ဒရုန်းနဲ့ တိုက်ခိုက်


ဇူလိုင် - ၂၆ ( တနင်္ဂနွေနေ့ ) 

ကက်စပီယံပင်လယ် အတွင်း ကုန်တင်သင်္ဘောတစ်စီးကို ယူကရိန်က တိုက်ခိုက်ခဲ့တာကြောင့် သင်္ဘောသားတစ်ဦး သေဆုံးပြီး အခြားတစ်ဦး ဒဏ်ရာရရှိခဲ့မှုအပေါ် အီရန်က ပြင်းထန်စွာ ပြစ်တင်ရှုတ်ချလိုက်ပါတယ်။

စနေနေ့က အိတ်စ်ဆိုရှယ်မီဒီယာ (တွစ်တာ) ပေါ်မှာ တင်ခဲ့တဲ့ ပို့စ်တစ်ခုမှာ ယူကရိန်ခေါင်းဆောင် ဗလာဒီမာ ဇီလန်စကီးက "အီရန်နဲ့ ပတ်သက်ဆက်နွှယ်ပြီး စစ်ဘက်ဆိုင်ရာ ကုန်ပစ္စည်းတွေ သယ်ယူပို့ဆောင်ရာမှာ အသုံးပြုနေတဲ့ သင်္ဘောတွေနဲ့ စစ်သင်္ဘောတစ်စီး" ကို ပစ်မှတ်ထားခဲ့တဲ့ အဝေးပစ်တိုက်ခိုက်မှုတွေကနေ "အလွန်အားကောင်းတဲ့ ရလဒ်တွေ" ရရှိခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီတိုက်ခိုက်မှုဟာ "စစ်ပွဲရဲ့ မီးတောက်တွေကို ပိုမိုတောက်လောင်စေပြီး ကျယ်ပြန့်လာစေမယ့် အန္တရာယ်ရှိတယ်" လို့ ပြောဆိုကာ ရှုတ်ချခဲ့ပါတယ်။ ဒါ့အပြင် အခြားနိုင်ငံတွေအနေနဲ့လည်း "ယူကရိန်အစိုးရရဲ့ ဒီလို မဆင်မခြင် ပြုမူဆောင်ရွက်မှုအပေါ် တာဝန်သိတဲ့ ရပ်တည်ချက်မျိုး" ရယူကြဖို့နဲ့ ယူကရိန်ခေါင်းဆောင်ပိုင်းကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိအောင် ဆောင်ရွက်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။

"အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံဟာ မိမိတို့ရဲ့ အမျိုးသားအကျိုးစီးပွားနဲ့ လုံခြုံရေးကို ကာကွယ်ဖို့အတွက် တွန့်ဆုတ်နေမှာ မဟုတ်ပါဘူး" လို့ ဝန်ကြီးဌာနက သတိပေးပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ဝန်ကြီးဌာနက "အီရန်ဟာ ရုရှား-ယူကရိန် ပဋိပက္ခထဲမှာ ဘယ်တုန်းကမှ ဝင်ရောက်စွက်ဖက်ခဲ့ခြင်း မရှိပါဘူး" လို့လည်း ပြောဆိုခဲ့ပါတယ်။

အီရန်နိုင်ငံခြားရေးဝန်ကြီး ဟိုစိန် အေမီရာ-အဘဒ်ဒိုလာဟီယန်း က ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ ယူကရိန်ပဋိပက္ခ မစတင်မီ လပိုင်းအလိုကတည်းက ရုရှားထံ Shahed-136 အသေခံဒရုန်း "အနည်းငယ်" ပေးပို့ခဲ့တယ်လို့ ၂၀၂၂ ခုနှစ်တုန်းက အတည်ပြုခဲ့ဖူးပါတယ်။ မော်စကိုဘက်ကတော့ Shahed-136 ဒီဇိုင်းပေါ် အခြေခံထားတယ်လို့ ယူဆကြတဲ့ Geran-2 ဒရုန်းအားလုံးကို ပြည်တွင်းမှာပဲ ထုတ်လုပ်တာဖြစ်တယ်လို့ တင်းခံပြောဆိုထားပါတယ်။ အမေရိကန်ဟာလည်း အီရန်ရဲ့ Shahed-136 ကို အခြေခံပြီး LUCAS လို့ခေါ်တဲ့ သူတို့ကိုယ်ပိုင်ပုံစံ ဒရုန်းကို တီထွင်ခဲ့ပြီး အီရန်နဲ့ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲအတွင်းမှာ အသုံးပြုခဲ့ပါတယ်။

ဇီလန်စကီးက စနေနေ့မှာ "အီရန်အစိုးရကို ရုရှားက အသစ်ထောက်ပံ့ကူညီပေးနေမှုနဲ့ ပတ်သက်ပြီး မိမိတို့ဆီမှာရှိတဲ့ အချက်အလက်တွေ" ကို မိတ်ဖက်နိုင်ငံတွေနဲ့ မျှဝေဖို့ ယူကရိန်ထောက်လှမ်းရေးအေဂျင်စီတွေကို ညွှန်ကြားသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကတော့ အီရန်ဘက်က စစ်ရေးအကူအညီ တောင်းခံထားခြင်း မရှိသလို မော်စကိုအနေနဲ့လည်း လက်နက်ပစ္စည်းတွေ ထောက်ပံ့ပေးနေခြင်း မရှိဘူးလို့ လွန်ခဲ့တဲ့လက ပြောကြားခဲ့ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း ရုရှား ဒါမှမဟုတ် တရုတ်နိုင်ငံတို့ဟာ အီရန်ကို စစ်ရေးအကူအညီ ပေးအပ်နေတယ်လို့ မယုံကြည်ကြောင်း မကြာသေးမီက ပြောဆိုခဲ့ပါတယ်။


REF: RT

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)