အိန္ဒိယမှာ လူငယ်ဆန္ဒပြသူများ အောင်ပွဲခံပြီး သပိတ်လှန်၊ ပညာရေးဝန်ကြီး နှုတ်ထွက်ပေးလိုက်ရပါတယ်။ တခြားနိုင်ငံတွေမှာ ဆန္ဒပြပွဲတွေ အောင်မြင်တာကို တွေ့ရင် နီပိန်းတွေရဲ့ ဆူပူဆန္ဒပြမှုတွေ ဘာကြောင့်မအောင်မြင်တာလဲ။ ဒါကို ပြန်လည်ဆန်းစစ်သင့်ပါတယ်။ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်မှာလည်း လူထုအုံကြွ ဆန္ဒပြမှုက အောင်မြင်သွားတယ်။ ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာ အိန္ဒိယကို တိမ်းရှောင်သွားခဲ့ရတယ်။ ဘင်္ဂလားဒေ့ရှ် က ဆန္ဒပြပွဲတွေမှာတော့ မလိုလားအပ်တဲ့ အကြမ်းဖက်မှုတွေ ရှိခဲ့သည့်တိုင်အောင် အဆိုးဆုံးအခြေအနေအထိ မရောက်ခဲ့ပါဘူး။ ဘင်္ဂလားဒေ့ရှ်က လူထုလှုပ်ရှားမှုကို ကြည့်ပြီးတော့လည်း နီပိန်းတွေ သွားရည်ကျနေကြမှာပဲ။
မြန်မာပြည်မှာ နီပိန်းတွေရဲ့ လူထုလှုပ်ရှားမှုအမည်ခံ ဆူပူအကြမ်းဖက်မှု ဘာကြောင့်မအောင်မြင်တာလဲလို့ မေးရင် -
(၁) ခေါင်းဆောင်တွေဟာ ခေါင်းဆောင်မပီသဘူး။ စနစ်တကျ ဦးဆောင်ခြင်းမျိုးမဟုတ်ဘဲ ဆူပူဆန္ဒပြဖို့သာ လှုံ့ဆော်ပြီး သူတို့ကိုယ်တိုင်နဲ့ သူတို့မိသားစုတွေက ပြည်ပထွက်ပြေးဖို့ ကြိုတင်စီစဉ်ပြီးသား ဖြစ်နေလို့ပါ။
(၂) ဆန္ဒပြမှုမှာ ပါဝင်သူတွေဟာ အမှား၊ အမှန် ဆိုတာကို ကျိုးကြောင်း ဆီလျှော်အောင် စဉ်းစားပြီးမှ ပါဝင်တာမဟုတ်ဘဲ အနုပညာရှင် ဆိုသူတွေ၊ ဆယ်လီတွေက လှုံ့ဆော်ပြီး ဆန္ဒပြလိုက်တဲ့အခါ ထမင်းဗူးတွေထဲမှာ ပိုက်ဆံပါမှန်းသိတာကို မျှော်ကိုးပြီး လုပ်ခဲ့ကြလို့။
(၃) အနုပညာနယ်ပယ်က ဆူပူအကြမ်းဖက်လှုံ့ဆော်တဲ့ ပုဂ္ဂိုလ်သတ္တဝါတွေမှာလည်း နိုင်ငံရေးသဘောတရား ကိုယ့်အမှား၊ သူ့အမှားကို မှန်ကန်စွာ ခွဲခြားနားလည်ခြင်းမရှိဘဲ တစ်ဖက်ကို အချစ်ပို၊ တစ်ဖက်ကို ထိုးနှက်လိုစိတ်နဲ့ မဟုတ်တန်းတရားတွေ ဖန်တီးပြောဆို လှုံ့ဆော်ခဲ့ကြလို့ပဲ ဖြစ်ပါတယ်။
(၄) ဆန္ဒပြတောင်းဆိုမှုဟာ ဖြစ်နိုင်ခြေကို ဦးတည်ခြင်းမဟုတ်ဘဲ မဲလိမ်မဲခိုး NLD ပါတီသာ အာဏာပြန်လည်ရရှိရေး ဆိုတဲ့ ဦးတည်ချက်ထားခဲ့ခြင်းသည် မဟာအမှားပါ။ ဒါက ဒီမိုကရေစီကို လိုလားခြင်းမဟုတ်ဘဲ အာဏာရှင် မွေးဖွားခြင်းသဘောဆီ ဦးတည်နေပါတယ်။ မဲလိမ်မဲခိုး လုပ်ခဲ့တဲ့ပါတီလက်ထဲ ဘယ်လိုလုပ်ပြီး နိုင်ငံရေးအာဏာ ထည့်လို့ရမလဲ။
(၅) ဖြစ်နိုင်ခြေမရှိတဲ့ တောင်းဆိုချက်ကိုသာ ရှေ့တန်းတင်ပြီး ဆူပူဆန္ဒပြရာကနေ အကြမ်းဖက်လမ်းစဉ်ပေါ် ရောက်ခဲ့တဲ့အတွက် ဘာတစ်ခုမှ အောင်မြင်မှုမရလို အပြစ်မဲ့ ရဟန်းရှင်လူပြည်သူပေါင်းများစွာ သေဆုံးရတဲ့ ဘေးထွက်ဆိုးကျိုးသာ ရရှိခဲ့ပါတယ်။ နီပိန်း ငမိုက်သားတွေလည်း အသေဆိုးနဲ့ တဖြုတ်ဖြုတ်သေနေကြရတဲ့ ဆိုးကျိုးသံသရာက မပြီးဆုံးသေးပါဘူး။ အကြမ်းဖက်အဖွဲ့တွေ ရှိနေသ၍ သေဆုံးမှုတွေ ရှိနေအုံးမှာ ဖြစ်ပါတယ်။
ဆူပူအကြမ်းဖက်ဖို့ လှုံ့ဆော်ပြီး ပြည်ပကို ထွက်ပြေးသွားကြတဲ့သူတွေ ဘာတွေလုပ်နေလဲ မေးရင် ဟန်ရေးပြနေတာကလွဲပြီး ဘာမှ ထိထိရောက်ရောက် ဖြစ်အောင် မလုပ်နိုင်ပါဘူး။ ပြည်တွင်းမှာ ရှိနေတဲ့ သူတို့ရဲ့ လက်ပါးစေ အကြမ်းဖက်အဖွဲ့တွေအတွက် ခွက်ခေါက်ကြ၊ ရတဲ့ငွေတွေကို ဝေစားမျှစား အလွဲသုံးစားလုပ်ကြ။ ပြည်တွင်းမှာ ရှိနေတဲ့ ငမိုက်သား နီပိန်း ပဒက်တွေမှာ ငတ်လာတော့ ပြန်ပေးစွဲ၊ လူသတ်၊ ဓားမြတိုက် လုပ်နေတဲ့ အောက်တန်းစားလေးတွေ ဖြစ်လာတာပဲ အဖတ်တင်ပါတယ်။ အခုဆိုရင် ပဒက်ဆိုတာ ပြည်သူ့ချည်ပတ်၊ လူယုတ်မာ လူရမ်းကားများလို့ သတ်မှတ်ထားကြပြီ ဖြစ်ပါတယ်။
အဓိက တရားခံကတော့ ပြည်ပြေး ဝရမ်းပြေးတွေပေါ့။ ဒီလူငယ်လေးတွေကို KNU, KIA အဖွဲ့များထံ အရောက်ပို့ အကြမ်းဖက်သင်တန်းတက် အကြမ်းဖက်လုပ်ရပ်တွေ လုပ်ခိုင်းရာကနေ စပြီး သူယုတ်မာလေးတွေ ဖြစ်လာတော့တာပဲ။
အိန္ဒယနိုင်ငံမှာ ကျောင်းသားလူငယ်တွေရဲ့ နစ်နာဆုံးရှုံးမှုကို ဦးဆောင်ဆန္ဒပြတဲ့သူက ဘယ်သူ့ကိုမှ ရန်မရှာဘူး။ ထိခိုက်နစ်နာအောင် မလုပ်ဘူး။ ဒီတိုက်ပွဲအတွက် သူအသေခံသွားမယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ အစာငတ်ခံ ဆန္ဒပြရာကနေ အနယ်နယ်အရပ်ရပ်က လူထုတစ်ရပ်လုံးက ဝိုင်းဝန်းပါဝင်လာခဲ့ကြခြင်း ဖြစ်တယ်။
ဆန္ဒပြလူငယ်တွေက တွေ့ရာ မြင်ရာ ရန်ရှာပြီး ငါနဲ့မတူ ငါ့ရန်သူလို သဘောထားပြီး ဆန္ဒပြခဲ့ကြတာ မဟုတ်ဘူး။ ရဲတပ်ဖွဲ့ဝင်တွေက ရိုက်နှက်၊ မျက်ရည်ယိုဗုံးတွေနဲ့ ဖြိုခွင်းနေသည့်တိုင်အောင် ပြန်ပြီး အကြမ်းဖက်ခဲ့တဲ့ လုပ်ရပ်မရှိဘူး။ မြန်မာပြည်က နီပိန်းတွေက ဆန္ဒပြပါပြီဆိုကတည်းက ငါနဲ့မတူ ငါ့ရန်သူ တွေ့ရာမြင်ရာ ပြဿနာရှာကြတာပဲ။ ကွာခြားပါတယ်။
လူငယ်တွေရဲ့ တောင်းဆိုမှုကို လိုက်လျောတဲ့အနေနဲ့ ပညာရေးဝန်ကြီး နုတ်ထွက်သွားတာကလည်း အပြုသဘောဆန်ပါတယ်။ ဘာကြောင့်လဲဆိုရင် ပညာရေးကို သူမထိန်းကျောင်းနိုင်ဘူး။ မသမာမှုတွေ ခဏခဏဖြစ်တာမျိုး၊ မေးခွန်းပေါက်ကြားတာမျိုးတွေဟာ ပညာရေးဝန်ကြီးဌာနက တာဝန်ခံရမယ့် ကိစ္စတွေဖြစ်ပါတယ်။ မြန်မာပြည်မှာလို အဖြေလွှာတွေ မီးလောင်တာ ကျောင်းသားတွေကြောင့် ဖြစ်တဲ့ ပြဿနာမဟုတ်ဘဲ စာမေးပွဲပြန်ဖြေခိုင်းတာမျိုး မညှာမတာ လုပ်ခဲ့တာလည်း သင်ခန်းစာ ယူစရာရှိပါတယ်။
အိန္ဒိယက လူငယ်တွေရဲ့ ဆန္ဒပြမှုမှာ လိုလားချက် တိကျတယ်။ ပညာရေးဝန်ကြီးနှုတ်ထွက်ပေးရေး၊ လွဲမှားတဲ့ ဆုံးဖြတ်ချက်တွေကြောင့် ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားကြတဲ့ ကျောင်းသားများအတွက် နစ်နာကြေး ပေးလျော်ရန်၊ စာမေးပွဲစနစ်ကို ပြင်ဆင်ပေးဖို့အပါအဝင် တောင်းဆိုချက်တွေကို အစိုးရဘက်က လိုက်လျောပေးလိုက်ရတဲ့အတွက် အိန္ဒိယ လူငယ်ဆန္ဒပြသူတွေဟာ သီတင်းပတ်နဲ့ချီ ကြာမြင့်ခဲ့တဲ့ ဆန္ဒပြပွဲတွေကို စနေနေ့မှာ ရုပ်သိမ်းလိုက်ကြပြီး လမ်းမတွေပေါ်မှာ အောင်ပွဲခံခဲ့ကြပါတယ်။
ဒီအခြေအနေဟာ ဝန်ကြီးချုပ် နာရင်ဒရာ မိုဒီရဲ့ တတိယအကြိမ် သက်တမ်းအတွင်း ကြုံတွေ့ခဲ့ရသမျှထဲမှာ အဆိုးရွားဆုံး အကျပ်အတည်း ဖြစ်ပါတယ်။ ဒီအကျပ်အတည်းဟာ ဒီတစ်ပတ်မှာ အရှိန်အမြင့်ဆုံးဖြစ်လာပြီး ဆန္ဒပြသူ ထောင်ပေါင်းများစွာဟာ ပါလီမန်ဘက်ကို ချီတက်ခဲ့ကြတာမို့ ရဲတွေက မျက်ရည်ယိုဗုံးတွေသုံးပြီး ထိန်းသိမ်းခဲ့ရတာပါ။ သူတို့ကိုယ်သူတို့ "ပိုးဟပ်တွေ (cockroaches)" လို့ သမုတ်ထားကြတဲ့ လူငယ်တွေဟာ ဇွန်လနှောင်းပိုင်းကတည်းက လမ်းမပေါ် ထွက်ခဲ့ကြတာပါ။ အမျိုးသားအဆင့် စာမေးပွဲမေးခွန်းတွေ ပေါက်ကြားခဲ့တာကြောင့် ကျောင်းသား ၂ သန်းနီးပါး ပြန်လည်ဖြေဆိုခဲ့ရပြီး အိန္ဒိယလူငယ်တွေရဲ့ အနာဂတ်မျှော်လင့်ချက် ကင်းမဲ့မှုအပေါ် မကျေနပ်မှုတွေ ပေါက်ကွဲခဲ့ကြတာ ဖြစ်ပါတယ်။ ကျောင်းသားတွေရဲ့ အဓိကတောင်းဆိုချက်ဖြစ်တဲ့ ပညာရေးဝန်ကြီး ဓါမိန်ဒရာ ပရာဒန် (Dharmendra Pradhan) နုတ်ထွက်သွားတာဟာ တော်တော်လေး အံ့အားသင့်စရာ ဖြစ်ခဲ့ပါတယ်။ မိုဒီဟာ ပုံမှန်အားဖြင့် ဖိအားပေးတာတွေကို ဘယ်တော့မှ လိုက်မလျောတတ်တဲ့ ပုံရိပ်မျိုး ရှိထားလို့ပါ။ အိမ်နီးချင်း သီရိလင်္ကာ၊ နီပေါနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေမှာလည်း အခုလို လူငယ်တွေ ဦးဆောင်တဲ့ ဆန္ဒပြပွဲတွေကြောင့်ပဲ အစိုးရတွေ ပြုတ်ကျခဲ့တာမျိုး မကြာသေးမီနှစ်တွေအတွင်း ဖြစ်ပွားခဲ့ဖူးပါတယ်။
မြို့တော် ဒေလီက ဂျန်တာ မန်တာ (Jantar Mantar) ဆန္ဒပြကွင်းမှာတော့ လူငယ်ထောင်ပေါင်းများစွာဟာ အောင်ပွဲခံကြွေးကြော်သံတွေ အော်ဟစ်ပြီး ကခုန်ရင်း အောင်ပွဲခံခဲ့ကြပါတယ်။ ဆန္ဒပြပွဲတွေကို ဦးဆောင်ခဲ့တဲ့ "Cockroach Janta Party" (CJP) လို့ခေါ်တဲ့ လူငယ်အဖွဲ့ကလည်း အခု ဆန္ဒပြပွဲတွေကို အဆုံးသတ်လိုက်ပြီလို့ ထုတ်ပြန်ခဲ့ပါတယ်။ "ငါတို့ လုပ်နိုင်ခဲ့ပြီဟေ့" လို့ CJP ကို စတင်တည်ထောင်သူ အဘီဂျစ် ဒစ်ကေး (Abhijeet Dipke) က ဆန္ဒပြကွင်းမှာ ရွှင်ရွှင်လန်းလန်းနဲ့ ဟစ်အော်ပြောဆိုခဲ့ပါတယ်။ စပီကာတွေကနေ အမျိုးသားသီချင်း ဖွင့်ထားပြီး မုန့်တွေဝေငှနေချိန်မှာ လူငယ်တွေက အိန္ဒိယနိုင်ငံ အောင်မြင်ပါစေလို့ အဓိပ္ပာယ်ရတဲ့ "ဂျိုင်ဟင်း (Jai Hind)" ဆိုတဲ့ မျိုးချစ်ကြွေးကြော်သံတွေကို ကြွေးကြော်ခဲ့ကြပါတယ်။
အိန္ဒိယလူငယ်တွေရဲ့ လိုလားချက်၊ တောင်းဆိုချက်ဟာ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အတွက် မဟုတ်သလို၊ ပါတီတစ်ခုအတွက် တိုက်ပွဲဝင်တာမျိုးလည်း မဟုတ်ပါဘူး။ အများပြည်သူ နစ်နာမှုကို ကုစားပေးရန် ရည်ရွယ်တဲ့ ဆန္ဒပြတောင်းဆိုမှုဖြစ်တဲ့အတွက် ဒါကို အစိုးရဘက်က လိုက်လျောပေးခြင်းဟာလည်း အပြုသဘောဆန်ဆန် သုံးသပ်ဆောင်ရွက်ပေးခြင်းလို့ ရှုမြင်ရမှာ ဖြစ်ပါတယ်။
မြန်မာပြည်မှာ နီပိန်းတွေရဲ့ ဆူပူဆန္ဒပြမှု အခြေအနေကို ပြန်ပြီး သုံးသပ်မယ်ဆိုရင် မဲလိမ်မဲခိုးမှု၊ အဂတိလိုက်စားမှုတွေ ကျူးလွန်ထားတဲ့ ဒေါ်စုလွတ်မြောက်ရေးဆိုတာ မဖြစ်နိုင်တဲ့ တောင်းဆိုမှုမျိုး၊ မဲလိမ်မဲခိုးမှုတွေ ကျူးလွန်ခဲ့တဲ့ ပါတီကို ပြည်သူလူထုက ရွေးကောက်ထားတဲ့ အစိုးရပါဆိုတဲ့ လိမ်လည်မှုကြီး၊ မဲလိမ်မဲခိုးမှုတွေကို မျက်ကွယ်ပြုပြီး တောင်းဆိုလှုပ်ရှားခြင်းကြောင့် မအောင်မြင်တဲ့အပြင် ဘေးထွက်ဆိုးကျိုးတွေသာ ရရှိခဲ့တာ ဖြစ်ပါတယ်။ ပြည်ပြေး ဝရမ်းပြေး ဆိုတာက ပြေးချင်လို့ ပြေးတာမျိုး မဟုတ်ပါဘူး။ သူတို့ရဲ့ လှုံ့ဆော်မှုတွေဟာ သည်းခံနိုင်စရာ မရှိတော့တဲ့အခြေအနေ၊ နောက်တစ်ချက်က ဒီအကြမ်းဖက်လှုပ်ရှားမှုဟာ အောင်မြင်မှာ မဟုတ်ဘူးဆိုတာကို ကြိုတင်တွက်ဆမိလို့သာ ပြည်ပြေး ဝရမ်းပြေးအဖြစ်ခံကြတာပါ။ အိန္ဒယက ဆန္ဒပြပွဲကို လူငယ်တွေက ဦးဆောင်တယ်။ လူငယ်တွေက ခေါင်းရှောင်မသွားဘူး။ မြန်မာပြည်က ဆူပူအကြမ်းဖက်မှုကို နိုင်ငံရေးသမား ဆရာ့ ဆရာကြီးတွေက ဦးဆောင်ခဲ့တယ်။ အားလုံးက ပြည်ပြေး ဝရမ်းပြေးအဖြစ်နဲ့ ခေါင်းရှောင်သွားကြတယ်။ သူတို့ ပြောသလို နောက် သုံးလေးငါးလလောက် အတွင်းမှာသာ နိုင်မယ်ဆိုရင် ပြည်ပပြေးပါ့မလားဗျာ။ အကြမ်းဖက်သမားများ အဖြစ်နဲ့ ယနေ့အချိန်အထိ မိုက်လုံးထွားနေကြတဲ့ နီပိန်း ပဒက် ငမိုက်သားလေးတွေ ဆင်ခြင်နိုင်ဖို့ပါ။ အိန္ဒိယမှာ ပိုးဟတ်လေးတွေ အောင်မြင်သွားပြီး မြန်မာပြည်မှာ ဒေါင်းတွေ တဖြုတ်ဖြုတ်သေအုံးမှာကို တွက်ဆကြည့်ကြပါအုံးလို့ -
နောင်တော်လေး (ဘိုကလေး)
#MNP #News

No comments:
Post a Comment