ရန်ကုန်-မန္တလေးပြေးဆွဲလျက်ရှိသည့် DEMU လူစီးအမြန်ရထားပေါ်တွင် အခြားသူများကို စိတ်ငြိုငြင်စေရန်ပြုမူပြောဆိုနေထိုင်ခြင်း၊ အရက်သေစာသောက်စားမူးယစ်ခြင်းများပြုလုပ်ခဲ့သူ အမျိုးသားသုံးဦးအား အမှုဖွင့်အရေးယူနေ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရန်ကုန်-မန္တလေးပြေးဆွဲလျက်ရှိသည့် DEMU လူစီးအမြန်ရထားပေါ်တွင် အခြားသူများကို စိတ်ငြိုငြင်စေရန်ပြုမူပြောဆိုနေထိုင်ခြင်း၊ အရက်သေစာသောက်စားမူးယစ်ခြင်းများပြုလုပ်ခဲ့သူ အမျိုးသားသုံးဦးအား အမှုဖွင့်အရေးယူနေ



ပြည်တော်၊ ဇူလိုင် ၂၇

မြန်မာ့မီးရထားအနေဖြင့် ပြည်သူများသက်သောင့်သက်သာဘေးကင်းလုံခြုံပြီး ဈေးနှုန်းသင့်တင့်စွာ သွားလာနိုင်ရေးအတွက် အဆင့်မြင့်ရထားတွဲဆိုင်းအသစ်များဖြင့် ခရီးစဉ်များကို ပြေးဆွဲပေးလျက်ရှိရာတွင် စည်းကမ်းမလိုက်နာသည့် ခရီးသည်အချို့ကြောင့် အခြားခရီးသည်များ စိတ်အနှောင့်အယှက်ကြုံတွေ့ရမှုများ ရှိသည့်အတွက် ရထားစီးခရီးသည်များအနေဖြင့် ခရီးစဉ်တစ်လျှောက်သန့်ရှင်းသပ်ရပ်ပြီး  အခြားခရီးသည်များအတွက်  အနှောင့်အယှက်မဖြစ်စေရန်နှင့် ရထားတွင်းသန့်ရှင်းမှုကိုထိန်းသိမ်းရန်၊ ကွမ်းတံတွေး ထွေးခြင်းကိုရှောင်ကြဉ်ပေးရန်၊ ထိုင်ခုံပေါ်တွင်ခြေထောက်တင်ခြင်းမပြုရန်၊  အခြားခရီး သည်များသန့်ရှင်းစွာ အသုံးပြုနိုင်ရန် ထိုင်ခုံများအား စနစ်တကျအသုံးပြုပေးပါရန် အသိပေးချက်များအား  နိုင်ငံပိုင်သတင်းစာများ နှင့်သက်ဆိုင်ရာရထားများပေါ်တွင်  အသိပေးကြေညာချက်များ  ထုတ်ပြန်ထားရှိပြီးဖြစ်သည်။

ထိုသို့ ထုတ်ပြန်ကြေညာထားရှိသော်လည်း ဇူလိုင်လ ၂၀ ရက် နံနက်ပိုင်းတွင် ရန်ကုန်မှမန္တလေးသို့ ထွက်ခွာလာသည့် အမှတ်(၃)အဆန် ရန်ကုန်-မန္တလေး DEMU လူစီး အမြန်ရထားပေါ်၌ မြန်မာ့မီးရထားနှင့် မီးရထားရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့မှ ရထားတွဲများအား လုံခြုံရေးစစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် ပထမတန်းတွဲ(၁)၊ ခုံအမှတ် 1D, 3C, 4D တို့တွင် လိုက်ပါစီးနင်းလာကြသည့် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ထီးတော်မိုးကျေးရွာနေ ကံကောင်း(၄၄)နှစ်၊ တံတားဦးမြို့နယ်၊ သင်ပန်းကုန်းကျေးရွာနေ ဉာဏ်ပို(၄၈)နှစ်နှင့် မတ္တရာမြို့နယ်၊ မင်္ဂလာသီရိကျေးရွာနေ ဇော်လင်း(၄၈)နှစ်တို့သည် အများပြည်သူစိတ်အနှောင့်အယှက်ဖြစ်စေအောင် အရက်သေစာသောက်စားမူးယစ်ခြင်းတို့ ပြုလုပ်ခဲ့ကြောင်းတွေ့ရှိရသဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ရမည်းသင်းမြို့မရဲစခန်း၌(ပ)၁၆၇/၂၀၂၆၊ ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေပုဒ်မ ၈၈(က)ဖြင့်အမှုဖွင့်လှစ်၍ ဥပဒေနှင့်အညီအရေးယူနိုင်ရေးဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။


#News #MNP 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)