ပုဇွန်တောင်မြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ အဂတိလိုက်စားမှုတိုက် ဖျက်ရေးကော်မရှင်(ရန်ကုန်ရုံးခွဲ)မှ ဖြောင့်မတ်တည်ကြည်မှု Edutainment အသိပညာပေး ဟောပြောပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပုဇွန်တောင်မြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ အဂတိလိုက်စားမှုတိုက် ဖျက်ရေးကော်မရှင်(ရန်ကုန်ရုံးခွဲ)မှ ဖြောင့်မတ်တည်ကြည်မှု Edutainment အသိပညာပေး ဟောပြောပွဲ ကျင်းပ






ပုဇွန်တောင်၊ ဇွန် ၂

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၌ အဂတိလိုက်စားမှုတိုက်ဖျက် ရေးကော်မရှင်(ရန်ကုန်ရုံးခွဲ)မှ ဖြောင့်မတ်တည်ကြည်မှု Edutainment အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၁၀)ရပ်ကွက်၊ အနော်ရထာလမ်းရှိ အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်း အနော်ရထာခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်(ရန်ကုန်ရုံးခွဲ)မှ လက်ထောက်ညွှန်ကြား ရေးမှူးဒေါ်စုမြတ်နိုင်မှ ဟောပြောပွဲပြုလုပ်ရခြင်းရည်ရွယ်ချက်၊  ကိုယ်ကျိုးနှင့်အများအကျိုး ခွဲခြား တွေးတောခြင်း၊ ကျောင်းပညာရေးတွင် ဖြောင့်မတ်တည်ကြည်မှုရှိခြင်း၊ လူမှုတန်ဖိုးများ တည် ဆောက်ခြင်း၊ တာဝန်ယူမှုမရှိခြင်းနှင့် စည်းမျဉ်းစည်းကမ်းများကိုလိုက်နာခြင်း စသည့်ခေါင်းစဉ် များဖြင့် ကျောင်းသူ/ ကျောင်းသားလေးများအား အသိပညာပေးဟောပြောဆွေးနွေးခဲ့သည်။

အဆိုပါအသိပညာပေးဟောပြောပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင် ဦးမင်းဇော်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်(ရန်ကုန်ရုံးခွဲ)မှ လက်ထောက်ညွှန်ကြား ရေးမှူးဒေါ်စုမြတ်နိုင်နှင့်ဝန်ထမ်းများ၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်း အုပ်ဆရာမကြီး ဒေါ်ခင်ထားနွယ်နှင့်ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်၍ စိတ်ပါဝင်စားစွာ ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။


ဟန်စုယဉ်

#MNP #News


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)