မြောက်ဥက္ကလာ၊ ဇူလိုင် ၂
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ရဲတပ်ဖွဲ့၀င်များ နှင့် မီးသတ်တပ်ဖွဲ့၀င်များ၊ ၎င်းတို့၏ မိသားစု၀င်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Pfizer Vaccine)ထိုးနှံပေးခြင်းကို သက်ဆိုင်ရာ နေရာများတွင် ထိုးနှံပေးလျက်ရှိသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးဒေါက်တာမျိုးမင်းထွန်း ဦးဆောင်ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက ရဲတပ်ဖွဲ့၀င်များ နှင့် မီးသတ်တပ်ဖွဲ့၀င်များ၊ ၎င်းတို့၏ မိသားစု၀င်များအား ကာကွယ်ဆေး မထိုးနှံမှီ ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ခြင်း၊ စာရင်းအချက်အလက် ကောက်ယူခြင်းများဆောင်ရွက်ပြီး ကိုဗစ်-၁၉ရောဂါထပ်ဆောင်းကာကွယ်ဆေး (Pfizer Vaccine) ကို ကျန်းမာရေး ၀န်ထမ်းများက ထိုးနှံပေးခဲ့ကြ ကြောင်းသိရသည်။
သက်လွင်စိုး
#MNP #News




No comments:
Post a Comment