ကုန်မြို့တော်အတွင်းသို့ ပတ်လမ်းများကို မိုးပျံအမြန်လမ်း (Elevated Expressway)များအဖြစ် တည်ဆောက်ရန်လည်း Master Plan များ ရေးဆွဲခဲ့ပြီး ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် ဖြေကြား - Myanmar National Post

Myanmar National Post

News Agency

Breaking

ကုန်မြို့တော်အတွင်းသို့ ပတ်လမ်းများကို မိုးပျံအမြန်လမ်း (Elevated Expressway)များအဖြစ် တည်ဆောက်ရန်လည်း Master Plan များ ရေးဆွဲခဲ့ပြီး ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် ဖြေကြား


နေပြည်တော်၊ ဇူလိုင် ၁၇

ပြည်သူ့လွှတ်တော်တွင် ဒေါက်တာရွှေပြည်စိုး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မဲဆန္ဒနယ် က ဒဂုံမြို့သစ်ခရိုင်ကို ခရိုင်ချင်းဆက်လမ်းကတစ်ဆင့် မြို့တော်ပတ်လမ်းတည်ဆောက်ရန်၊ ရန်ကုန်အဝင် အထူးဖွံ့ဖြိုးရေးခရိုင်အဖြစ်သတ်မှတ်၍ စီးပွားရေးမြှင့်တင်ရန်နှင့် အထူးဖွံ့ဖြိုးတိုးတက်လာအောင် မည်သို့စီမံဆောင်ရွက်လျက်ရှိသည်ကို သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က ပြန်လည်ဖြေကြားရာတွင် ဒဂုံမြို့သစ်ခရိုင်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျတဲ့ အမှတ်(၂)လမ်းမကြီးကို ၄၈ ပေ အကျယ် နိုင်လွန်ကတ္တရာ(AC)ဖြစ်အောင် အဆင့်မြှင့်တင်ပြီး ၎င်းလမ်းမကြီးမှတစ်ဆင့် ရန်ကုန် မြို့တော်အတွင်းပတ်လမ်း(Inner Ring Road)နှင့် ရန်ကုန်မြို့တော် အပြင်ပတ်လမ်း(Outer Ring Road)(အရှေ့ဘက်ခြမ်း)များသို့ ဆက်သွယ်ချိတ်ဆက်သွားလာနိုင်အောင် Master Plan များ ရေးဆွဲထားပြီးဖြစ်ပါကြောင်း၊ အနာဂတ်ကာလမှာ ဒေသဖွံ့ဖြိုးတိုးတက်မှုအပေါ် မူတည်ပြီး အမှတ်(၂) လမ်းမကြီးနှင့်ချိတ်ဆက်သည့် ရန်ကုန်မြို့တော်အတွင်းသို့ ပတ်လမ်းများကိုလည်း မိုးပျံအမြန်လမ်း (Elevated Expressway)များအဖြစ် တည်ဆောက်ရန်လည်း Master Plan များ ရေးဆွဲခဲ့ပြီး နဂိုကတည်းက ဒီမြို့ကြီးကို ဒဂုံမြို့တွင်မကဘဲနဲ့ ရန်ကုန်မြို့ရဲ့ယာဉ်ကြော ပိတ်ဆို့မှုကိုပါ ရှင်းလင်းနိုင်တဲ့ဟာတွေကို Plan တွေရေးဆွဲပြီးဖြစ်ပါကြောင်း ဖြေကြားထားသည်။

ဒေါက်တာရွှေပြည်စိုး က ဒဂုံမြို့သစ်ခရိုင်ဟာ ရန်ကုန်မြို့အဝင် အမှတ်(၂)လမ်းမကြီးပေါ်မှာ တည်ရှိတဲ့ခရိုင်တစ်ခု ဖြစ်ပြီး ဒဂုံမြို့သစ်ခရိုင်ကို တိုင်းဒေသကြီးအစီအမံနှင့် Yangon Gate way Town Project၊ ရန်ကုန် အဝင် စီမံကိန်းချမှတ်အကောင်အထည်ဖော်နိုင်လို့ ရနိုင်မည့်အခြေအနေမှာရှိပါကြောင်း ၊ ပြည်ထောင်စုအစိုးရ အစီအမံနှင့် ရန်ကုန်မြို့တော်သာယာလှပရေးနှင့်ဖွံ့ဖြိုးတိုးတက်မှုကို အကောင်အထည်ဖော်မည်ဆိုပါ က ပိုပြီးတော့အထောက်ကူဖြစ်လာမှာဖြစ်ပါကြောင်း၊  ဒဂုံမြို့သစ်ခရိုင်မှာ ဒဂုံ(မြောက်ပိုင်း) မြို့နယ်၊ (အရှေ့ပိုင်း)မြို့နယ်၊ (တောင်ပိုင်း)မြို့နယ်နှင့် ဒဂုံ(ဆိပ်ကမ်း)မြို့နယ်ဆိုပြီး ၄ နေရာခွဲပြီး မြို့နယ် ၄ ခု သတ်မှတ်ထားပြီး ဒဂုံ(မြောက်ပိုင်း)မြို့နယ်သည် ဖွံ့ဖြိုးမှုအများဆုံးဖြစ်ပြီး ဒဂုံ (ဆိပ်ကမ်း)မြို့နယ်သည် ဖွံဖြိုးမှုရာခိုင်နှုန်းအားဖြင့် အနည်းဆုံးဖြစ်နေတာကိုတွေ့ရှိရပါကြောင်း ၊  ဒဂုံ မြို့သစ်စီမံကိန်းစီမံချက် (Development Project)ကိုဟန်ချက်ညီညီဖွံ့ဖြိုးမှုနှုန်း တစ်ပြေးညီထွန်းကားအောင် အကောင်အထည် ဖော်နိုင်မယ်ဆိုလျှင် Gateway စီမံကိန်းသည် အမှန်တကယ်အရေးကြီးမယ် လို့ယူဆတဲ့ အတွက်ကြောင့် ဒဂုံမြို့သစ်ခရိုင်ကို ရန်ကုန်အဝင် Gateway Town Area သတ်မှတ်ပြီးတော့ ဒဂုံမြို့သစ်အထူးဖွံ့ဖြိုးရေးဇုန်(Smart Project)အနေနဲ့ နိုင်ငံတော်အနေနဲ့ တည်ဆောက်ပေးနိုင်ပါက ရန်ကုန်မြို့တွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုမှာ ပိုပြီးလျင်လျင်မြန်မြန် ပေါ်ထွန်းလာမှာဖြစ်ပြီး  ရန်ကုန်မြို့တော်ရဲ့စီးပွားရေးကိုလည်း ပို၍ကောင်းမွန်လာစေမှာ ဖြစ်ပါကြောင်း ၊  Gateway တစ်ခုအနေဖြင့် သတ်မှတ်ခဲ့ပါလျှင် (၁) ရန်ကုန်မြို့တော်ပတ်လမ်းတစ်ခုပေါ်ပေါက်လာနိုင်ကာ ဒဂုံမြို့သစ်ခရိုင်ကို ဖြတ်သန်းဖောက်လုပ်ထားတဲ့ ပြည်ထောင်စုလမ်းမကြီးကို ရန်ကုန် မြို့တော်ပတ်လမ်းအနေနဲ့ ပြင်ဆင်တည်ဆောက်မည်ဆိုပါက ပိုပြီးတော့အဆင်ပြေနိုင်မှာဖြစ်ကြောင်း ဆွေးနွေးတင်ပြသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် က ဒဂုံမြို့သစ်ခရိုင်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျတဲ့ အမှတ်(၂)လမ်းမကြီးကို ၄၈ ပေ အကျယ် နိုင်လွန်ကတ္တရာ(AC)ဖြစ်အောင် အဆင့်မြှင့်တင်ပြီး ၎င်းလမ်းမကြီးမှတစ်ဆင့် ရန်ကုန် မြို့တော်အတွင်းပတ်လမ်း(Inner Ring Road)နှင့် ရန်ကုန်မြို့တော် အပြင်ပတ်လမ်း(Outer Ring Road)(အရှေ့ဘက်ခြမ်း)များသို့ ဆက်သွယ်ချိတ်ဆက်သွားလာနိုင်အောင် Master Plan များ ရေးဆွဲထားပြီးဖြစ်ပါကြောင်း၊ အနာဂတ်ကာလမှာ ဒေသဖွံ့ဖြိုးတိုးတက်မှုအပေါ်မူတည်ပြီး အမှတ်(၂) လမ်းမကြီးနှင့်ချိတ်ဆက်သည့် ရန်ကုန်မြို့တော်အတွင်းသို့ ပတ်လမ်းများကိုလည်း မိုးပျံအမြန်လမ်း (Elevated Expressway)များအဖြစ် တည်ဆောက်ရန်လည်း Master Plan များ ရေးဆွဲခဲ့ပြီး နဂိုကတည်းက ဒီမြို့ကြီးကို ဒဂုံမြို့တွင်မကဘဲနဲ့ ရန်ကုန်မြို့ရဲ့ယာဉ်ကြော ပိတ်ဆို့မှုကိုပါ ရှင်းလင်းနိုင်တဲ့ဟာတွေကို Plan တွေရေးဆွဲပြီးဖြစ်ပါကြောင်း ၊ အနာဂတ် ကာလမှာ ဖြစ်ပေါ်လာနိုင်တဲ့ ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်ကိုလည်း ချိတ်ဆက်သွားလာနိုင်ရန် လမ်းမကြီးအသစ်တစ်ခုကိုလည်း အမှတ်(၂)လမ်းမကြီးကနေ တိုက်ရိုက်ဖောက်လုပ်ရန် လျာထားခြင်းဖြစ်ပါကြောင်း ၊  Inner Ring ဆိုတာ အစိမ်းရောင်နဲ့ပြထားတာ ဖြစ်ပါပြီး Outer Ring ဆိုတာ အမည်းရောင်နဲ့ပြထားတာဖြစ်ပါကြောင်း၊  အဲဒီမှာ Ring တွေချိတ်ထားပြီးမှ လမ်းကွန်ရက်က ဆောင်ရွက်ထားပြီး ရန်ကုန် - မန္တလေး အမြန်လမ်းမှတစ်ဆင့် တိုက်ကြီး - ထူးကြီးလမ်းကနေ အပြည်ပြည်ဆိုင်ရာလေဆိပ်ကို အတိုဆုံး နည်းနဲ့သွားသလို အမှတ်(၂)လမ်းမကြီးကနေ လမ်းအသစ်တစ်လမ်း တိုက်ရိုက်အနာဂတ် ဖြစ်ပေါ် လာမယ့် လေဆိပ်ကိုလည်း Gateway အဖြစ် လျာထားပြီးဖြစ်ကြောင်း။

ဒဂုံမြို့သစ်ခရိုင်မှာ သီးသန့် မြို့တော်ပတ်လမ်း ထပ်မံတည်ဆောက်ရန်မလိုအပ်ဘဲ လက်ရှိချိတ်ဆက်ပြီးသားဖြစ်တဲ့ Inner Ring Road, Outer Ring Road များနှင့် မြို့တွင်းချိတ်ဆက်သော လမ်းကွန်ရက်များအသုံးပြု၍ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတို့၏ ဆောင်ရွက်ဆဲ စက်မှုဇုန်များနှင့် မြို့ပြအခြေခံအဆောက်အအုံများ၊ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းများကို ဟန်ချက်ညီညီ ဆက်လက်ဆောင်ရွက်သွားခြင်းအားဖြင့် ဒဂုံမြို့သစ်ခရိုင်မှာ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်း၊ Master Plan အရ Sub-Center အဖြစ် သတ်မှတ်ပြီးသားဖြစ်ပါသဖြင့် တခြားမြို့တော်ပတ်လမ်းများ ထပ်မံတည်ဆောက်ရန်နှင့် သီးခြားအထူးဖွံ့ဖြိုးရေးခရိုင်များအဖြစ် ထပ်မံဆောင်ရွက်ရန်မရှိပါကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပေးပို့လာသည့် အချက်အလက်များနှင့်ပေါင်းစပ်၍ ‌ဖြေကြားခဲ့သည်။


#News #MNP

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)