လှိုင်သာယာအနောက်ပိုင်းမြို့နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA)မှ (၃၈)ဖြာမင်္ဂလာနှင့် ယဉ်ကျေးလိမ္မာသင်ကြားရေးအတွက် သင်ထောက်ကူစာအုပ်များ ပေးအပ်လှူဒါန်း - Myanmar National Post

Myanmar National Post

News Agency

Breaking

လှိုင်သာယာအနောက်ပိုင်းမြို့နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA)မှ (၃၈)ဖြာမင်္ဂလာနှင့် ယဉ်ကျေးလိမ္မာသင်ကြားရေးအတွက် သင်ထောက်ကူစာအုပ်များ ပေးအပ်လှူဒါန်း







ရန်ကုန်၊ ဇူလိုင် ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာအနောက်ပိုင်းမြို့နယ်၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) မှ (၁၆)ရပ်ကွက်၊ ဗိုလ်အောင်ကျော်လမ်း၊ BIO မျိုးဆန်းကိုယ်ပိုင်အထက်တန်းကျောင်းသို့ (၃၈)ဖြာမင်္ဂလာနှင့် ယဉ်ကျေးလိမ္မာသင်ကြားနိုင်ရေးအတွက် သင်ထောက်ကူပစ္စည်းများအား ပေးအပ်လှူဒါန်းခြင်းအခမ်းနားနှင့် ဘာသာစုံဂုဏ်ထူးရကျောင်းသားများအား ဆုခြင်းမြှင့်ခြင်းအခမ်းနားကို ညနေ (၃:၀၀)နာရီအချိန်တွင်အစီစဉ်(၈)ရပ်ဖြင့်ကျင်းပခဲ့သည်။

အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုပူဇော်ကန်တော့ဖွင့်လှစ်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ တိုင်းဒေသကြီးလွှတ်တော်အမတ် ဦးမင်းမင်းမှ အဖွင့်အမှာစကားပြောကြားခြင်းနှင့် ဘာသာစုံဂုဏ်ထူးရကျောင်းသား မောင်လှထွန်း အားဂုဏ်ပြုဆုငွေ (၃)သိန်းကျပ်ပေးအပ်သည်။

ဆက်လက်၍ ရန်ကုန်တိုင်းတွဲဖက်အတွင်းရေးမှူး ဦးစိုးဝင်းမှ အသင်း၏ ရည်ရွယ်ချက်များနှင့် အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ဥက္ကဋ္ဌ ဦးအောင်ချစ်ကိုကိုမှ မိတ်ဆက်စကားပြောကြားခြင်းနှင့်သင်ထောက်ကူပစ္စည်းများပေးအပ်ခြင်း၊ ထန်းတပင်မြို့နယ် အတွင်းရေမှူး ဦးရန်လင်းအောင်မှ သင်ထောက်ကူပစ္စည်းများ လှူဒါန်းရခြင်းနှင့်(၃၈)ဖြာ ယဉ်‌ကျေးလိမ္မာ သင်ကြားနိုင်ရန် ဆရာ/မများနှင့် ဆွေးနွေးခဲ့ကြသည်။

တိုင်းတွဲဖက်အတွင်းရေးမှူးဦးစိုးဝင်းမှ လွှတ်တော်အမတ် ဦးမင်းမင်းထံ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့ပြီး Bio မျိုးဆန်း ကိုယ်ပိုင်အထက်တန်းကျောင်း မှ ဆရာဦးမျိုးဆန်း မှ ကျေးဇူးတင်စကားပြောကြာကာ အခမ်းအနားအား ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုကာ ရုတ်သိမ်းခဲ့ကြောင်း သိရသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)