နေပြည်တော်၊ ဇူလိုင် ၁၁
ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးသည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Arnaud De Baecque ၊ ဥပဒေရေးရာညှိနှိုင်းရေးမှူး Ms. Samindika Dilani Elkaduwe တို့အား ယမန်နေ့က ဥပဒေရေးရာဝန်ကြီးဌာန သံတမန်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံအတွင်း ICRC က အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ဥပဒေ (International Humanitarian Law-IHL) အသိပညာပေးခြင်းဆိုင်ရာ ကိစ္စရပ်များ၊ ဂျီနီဗာကွန်ဗင်းရှင်းအပေါ် မြန်မာဘာသာ ပြန်ဆိုချက် ထုတ်ဝေနိုင်ရေးအတွက် ဆောင်ရွက်နေမှုများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ IHL အလုပ်ရုံဆွေးနွေးပွဲများနှင့် သင်တန်းများ ကျင်းပနိုင် ရေးကိစ္စများကို ဆွေးနွေးကြသည်။
ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်နှင့်အတူ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
#MNP #News

No comments:
Post a Comment