အသက် ၅နှစ်အရွယ် KG ကျောင်းသူကို မုဒိမ်းပြုကျင့်သတ်ဖြတ်ပြီး နားကပ်ကို ဆွဲဖြတ်ကာ အလောင်းကို စောင်ဖြင့်ပတ်၍ စွန့်ပစ်ခဲ့သူကို ဖမ်းဆီးရမိ - Myanmar National Post

Myanmar National Post

News Agency

Breaking

အသက် ၅နှစ်အရွယ် KG ကျောင်းသူကို မုဒိမ်းပြုကျင့်သတ်ဖြတ်ပြီး နားကပ်ကို ဆွဲဖြတ်ကာ အလောင်းကို စောင်ဖြင့်ပတ်၍ စွန့်ပစ်ခဲ့သူကို ဖမ်းဆီးရမိ



ရန်ကုန် ၊ ဇူလိုင် ၆

အသက် ၅နှစ်အရွယ် KG ကျောင်းသူကို မုဒိမ်းပြုကျင့်သတ်ဖြတ်ပြီး နားကပ်ကို ဆွဲဖြတ်ကာ အလောင်းကို စောင်ဖြင့်ပတ်၍ စွန့်ပစ်ခဲ့သည့် ဖြစ်စဉ် ရန်ကုန်တိုင်း၊ ထန်းတပင်မြိုနယ်၊ တူးချောင်းရွာတွင် ဖြစ်ပွားခဲ့ပြီး တရားခံအား နတ်တလင်းမြို့တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

နတ်တလင်းမြို့နယ်တွင် မြို့ပေါ်ရပ်ကွက်များအတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်စဉ် နတ်တလင်းမြို့၊ ဗိုလ်ချုပ်လမ်းပေါ် ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့၌ မသင်္ကာသူတစ်ဦးအား တွေ့ရှိ၍ စစ်ဆေးမေးရာ ရဲဝင်းပိုင်(၃၃)နှစ် ခနွဲခဖိုကျေးရွာအုပ်စု၊ ပန်းတနော်မြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီးနေသူဖြစ်ကြောင်း သိရပြီး ၎င်းအား စစ်ဆေးမေးမြန်းရာ ရန်ကုန်တိုင်း၊ ထန်းတပင်မြိုနယ်၊ တူးချောင်းရွာတွင် အသက် ၅ နှစ်အရွယ်သမီးငယ်အား သက်ငယ်မုဒိမ်းပြုကျင့်သတ်ဖြတ်ပြီး နားကပ်ကို ဆွဲဖြတ်ကာ အလောင်းကို စောင်ဖြင့်ပတ်၍ စွန့်ပစ်ဖျောက်ဖျက်ပြီး ထွက်ပြေးတိမ်းရှောင်နေသူဖြစ်ကြောင်း၊ ထန်းတပင်မြို့နယ်၊ တက်သစ်နယ်မြေရဲစခန်း(ပ)၈၄/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ-၃၀၂/၃၉၂ အမှုမှ တရားခံပြေးဖြစ်ကြောင်း စိစစ်တွေ့ရှိရသဖြင့် ၂၀၂၆ ဇူလိုင်လ ၆ ရက် ၁၂:၃၀ အချိန် နတ်တလင်းမြို့မရဲစခန်းအချုပ်တွင် ချုပ်နှောင်ထားရှိပြီး ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့နှင့် ဆက်သွယ်ချိတ်ဆက်ဆောင်ရွက်လျက်ရှိပါကြောင်း သိရှိရသည်။

တူးချောင်းရွာတွင် နေထိုင်သည့် KG တန်း တက်နေသူ မသော်တာစိုင်းမှာ ဇူလိုင် ၃ ရက် နံနက် ၉ နာရီအချိန် အဘွားဖြစ်သူက ကျောင်းသွားရန် ပြင်ဆင်ပေးနေချိန် ပျောက်ဆုံးသွားသဖြင့် လိုက်လံရှာဖွေရာ ည ၉ နာရီအချိန်ခန့်တွင် တူးချောင်းရွာ၊ ကံမြင့်လမ်းအနီး စောင်ဖြင့်ပတ်ထားသော အထုပ်အတွင်းမှ မသော်တာစိုင်း၏ ရုပ်အလောင်းအားတွေ့ရှိရခြင်း ဖြစ်သည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)