အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)တို့ တွေ့ဆုံဆွေးနွေး - Myanmar National Post

Myanmar National Post

News Agency

Breaking

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)တို့ တွေ့ဆုံဆွေးနွေး









နေပြည်တော်၊ ဇူလိုင် ၂၄

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဆောင်သည့် အမျိုးသား စည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဖော်ဆောင်ရာတွင် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရန်နှင့် နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် အထူးလိုအပ်သည်ဟု ယုံကြည်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့အတွက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ကြိုတင်ကန့်သတ်ချက်များ မထားသည့် ဆွေးနွေးပွဲများ ပြုလုပ်နိုင်ရေး ကြေညာချက်အမှတ် ၁/၂ဝ၂၆ ဖြင့် ၂၀၂၆ ခုနှစ် ဧပြီ ၂၁ ရက်က ကမ်းလှမ်း ဖိတ်ခေါ်ခဲ့သည်။

ထိုသို့ဖိတ်ခေါ်ချက်အရ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)တို့ တွေ့ဆုံ ဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် ညှိနှိုင်းရေးကော်မတီဝင်များ၊ LDU ဥက္ကဋ္ဌ ကျာဆော်လမွန်၊ ဒုတိယဥက္ကဋ္ဌ ကျာဖူး၊ အထွေထွေအတွင်းရေးမှူး ကျာယာကုတ်၊ တွဲဖက်အတွင်းရေးမှူး(၁) နာဒေါရှာ၊ တွဲဖက် အတွင်းရေးမှူး(၂) နာမေသဇင်ဦးတို့ ပါဝင်သည့် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က NCA-S EAO ဆွေးနွေးညှိနှိုင်းရေးအဖွဲ့နှင့်လည်း စုပေါင်း၍ ဆွေးနွေးပြီးဖြစ်ကြောင်း၊ တစ်ဖွဲ့ချင်း၏ လိုလားချက်၊ အခက်အခဲများကိုဖြည့်ဆည်းနိုင်ရန် Bilateral ဆွေးနွေးပြီး ငြိမ်းချမ်း ရေးလမ်းကြောင်းအား လျှောက်လှမ်း ခြင်းဖြစ်ကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများအနေဖြင့် NCA အပြင် မည်သည့်လမ်းကြောင်းနှင့်မဆို ထိတွေ့၍ ငြိမ်းချမ်းရေး လမ်းကိုလျှောက်လှမ်း၍ရကြောင်း၊ ဒေသတည်ငြိမ် အေးချမ်းရေးအပြင် ဖွံ့ဖြိုးတိုးတက်ရေး၊ ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်ရေးတို့အတွက် တိုင်ရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအားလုံးကိုလည်း လမ်းဖွင့်ထားပါကြောင်း၊ ညှိနှိုင်းရေးကော်မတီ အနေဖြင့် လိုလားချက်၊ လိုအပ်ချက်များကို တည်ဆဲဥပဒေအရ ဆောင်ရွက်ပေးနိုင်သည် များကို သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်နေကြောင်း၊ ဥပဒေပိုင်းနှင့် ပတ်သက်၍လည်း ညှိနှိုင်းဆောင်ရွက်ပေးရသည်များရှိကြောင်းတို့နှင့်စပ်လျဉ်း၍ ပြောကြားသည်။

ထို့နောက် လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) ဥက္ကဋ္ဌ ကျာဆော်လမွန်က နိုင်ငံတော်အစိုးရနှင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီ(NSPCC)၏ လွတ်လပ်ပြီးကြိုတင်ကန့်သတ်ချက်မထားသည့် ငြိမ်းချမ်းရေ။ ဖိတ်ခေါ်မှုကို ကြိုဆိုပါကြောင်း။ ကြိုတင်ကန့်သတ်ချက်များမထားသည့် ဆွေးနွေးပွဲများကို ပြုလုပ်နေသည်ကိုတွေ့မြင်ရပါကြောင်း၊ မိမိတို့အနေဖြင့်လည်း ဒေသ၏လိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးမည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် တက်ရောက်လာသူများက လားဟူလူမျိုးများ၏ အနာဂတ်အတွက် အစီအစဉ် များ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံ-ပန်ဝိုင်-ဝိုင်လီဒေသရှိ လားဟူတိုင်းရင်းသားများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ အာရေးဗီးကာ။ ကော်ဖီစိုက်ပျိုးရေး၊ လမ်းပန်းဆက်သွယ်မှုအဆင်ပြေစေရေးနှင့် လျှပ်စစ်မီး။ ရေရရှိရေ။ ကော်ဖီနည်းပညာရှင်များ၏ နည်းပညာ ပံ့ပိုးပေးမှုနှင့် မျိုးစေ့၊ သွင်းအားစုရရှိရေး၊ မူးယစ် ဆေးဝါးနှင့် အွန်လိုင်းလိမ်လည်မှု လုပ်ငန်းများတွင် ပါဝင်ပတ်သက်မှု မရှိစေရေ။ကိစ္စရပ် များကို အပြန်အလှန် ဆွေးနွေးကြသည်။

ဆက်လက်၍ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေ။ ကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်က ဒေသဖွံ့ဖြိုးရေ။ ပညာရေးနှင့် စိုက်ပျိုးရေးဆိုင်ရာ လုပ်ငန်းများ၊ အဖွဲ့အစည်းဆိုင်ရာ ဆက်ဆံရေးရုံးနှင့် သက်သာချောင်ချိရေး လုပ်ငန်းစဉ်များအတွက် ဆွေးနွေး တင်ပြချက်များနှင့်ပတ်သက်၍ လိုအပ်ချက်များကို တည်ဆဲဥပဒေအရ ဆောင်ရွက်ပေးနိုင်သည်များအား သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ရှင်းလင်း ဆွေးနွေးသည်။

ထို့နောက် နှစ်ဖက်ဆွေးနွေးချက်များအပေါ် မှတ်တမ်းတင်နိုင်ရန်ညှိနှိုင်းပြီး မှတ်တမ်းအား လက်မှတ်ရေးထိုး အတည်ပြုကြသည်။

ယင်းနောက် လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU) ဥက္ကဋ္ဌ ကျာဆော်လမွန်က ကျေးဇူး တင်စကားပြောကြားပြီ။ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က နိဂုံးချုပ်အမှာစကား ပြောကြားကာ ာ်တရ လက်ဆောင်ပစ္စည်းများပေးအပ်၍ ဆွေးနွေးပွဲကို အပ်၍ ဆွေးနွေးပွဲကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။


#News #MNP 


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)