နေပြည်တော်၊ ဇူလိုင် ၁
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး အား မြန်မာနိုင်ငံက အိမ်ရှင် အဖြစ် လက်ခံကျင်းပပြုလုပ်ခဲ့သော (၃၈)ကြိမ်မြောက် မြန်မာ - ထိုင်း ဒေသ ဆိုင်ရာနယ်ခြား ကော်မတီအစည်းအဝေးသို့တက်ရောက်ခဲ့သည့် ထိုင်းဘုရင့် တပ်မတော် မှ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် Lt. Gen. Warathep Boonya ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ လာရောက် ဂါရဝပြုတွေ့ဆုံသည်။
အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေး ဦးစီး ချုပ်ရုံး(ကြည်း) မှ တပ်မတော်အရာရှိကြီးများ၊ တိုင်းမှူးများ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ)နှင့်တာဝန်ရှိသူများ တက်ရောက်ကြပြီး ထိုင်းကိုယ်စား လှယ်အဖွဲ့ခေါင်း ဆောင်နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံယာယီသံရုံးတာဝန်ခံ ထိုင်းဘုရင့်တပ်မတော်မှ အရာရှိကြီးများနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။
ထိုသို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်သော (၃၈) ကြိမ်မြောက် မြန်မာ - ထိုင်း ဒေသဆိုင်ရာနယ်ခြားကော်မတီ အစည်းအဝေး အောင်မြင်စွာ ကျင်းပနိုင်ခဲ့မှုအခြေအနေများ၊ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီး မှုများ နှင့်ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်ခိုင်မာအောင်ဆက်လက်ဆောင်ရွက် သွားမည့်အခြေအနေများ၊ ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်တွင် လှုပ်ခတ် ခဲ့သည့် မန္တလေး ငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့မှုများအပေါ် ထိုင်းနိုင်ငံ အနေဖြင့် မြန်မာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားသည့်စိတ်၊ အိမ်နီးချင်းကောင်း ပီသသည့် စိတ်ဓာတ်တို့ဖြင့် ကူညီကယ်ဆယ်ရေးအဖွဲများနှင့် ထောက်ပံ့ပစ္စည်းများ စေလွှတ်ပေးအပ်သည့်အတွက် များစွာကျေးဇူးတင်ရှိမှု၊ နိုင်ငံတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရေးခရီးစဉ်များ၊ ယဉ်ကျေးမှုအဖွဲ့များ၊ အားကစားအဖွဲ့များနှင့် သင်တန်းသား များအပြန်အလှန် စေလွှတ်ရေး ဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ပြီး နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဆိုင်ရာများကို အောင်မြင်စွာဆောင်ရွက်နိုင်မည့် အခြေအနေများ၊ တရားမဝင်ကုန်သွယ်မှု၊ မူးယစ်ဆေးဝါးနှင့်အွန်လိုင်းလိမ်လည် လောင်းကစားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များတွင် နှစ်နိုင်ငံအစိုးရနှင့် တပ်မတော် နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့် ဆောင်ရွက်သွား မည့်အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲအပြီးတွင်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ထိုင်းဘုရင့်တပ်မတော်ကိုယ် စားလှယ် အဖွဲ့ခေါင်းဆောင်တို့သည် လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေး အပ်ကြပြီး အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။
#MNP #News







No comments:
Post a Comment