NextGen Career & Opportunity Fair 2026 ဖွင့်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

NextGen Career & Opportunity Fair 2026 ဖွင့်ပွဲကျင်းပ


ရန်ကုန်၊ ဇူလိုင် ၅

Yangon Region Young Entrepreneurs Association (YRYEA) က ကြီးမှူးကျင်းပသည့် ''NextGen Career & Opportunity Fair 2026'' ဖွင့်ပွဲကို ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် Sedona Hotel ၌ ကျင်းပသည်။

ဖွင့်ပွဲသို့ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီအတွင်းရေးမှူး၊ လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစစ်နိုင်၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေး၊ Yangon Region Young Entrepreneurs Association (YRYEA) မှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ ဒုတိယဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီး၊ Yangon Region Young Entrepreneurs Association (YRYEA) ဥက္ကဋ္ဌနှင့် နာယကတို့က ဖွင့်ပွဲအခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်သည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးတို့က အမှာစကားပြောကြားပြီး Yangon Region Young Entrepreneurs Association (YRYEA) မှ ဥက္ကဋ္ဌ ဦးသူရိန်အောင်က YRYEA အသင်း ပေါ်ပေါက်လာပုံနှင့် အသင်းရည်ရွယ်ချက်၊ လှုပ်ရှားမှုများကို ရှင်းလင်းတင်ပြသည်။

ယနေ့ပွဲတွင် ကုမ္ပဏီနှင့်အဖွဲ့ အစည်းပေါင်း ၇၀ ကျော် ပါဝင်ပြသမည်ဖြစ်ပြီး အလုပ်အကိုင်ရှာဖွေသူများအတွက် ကိုယ်ရေးပုံစံများကို တစ်နေရာတည်း၌ ကုမ္ပဏီများသို့ တိုက်ရိုက်လျှောက်ထားနိုင်ခြင်းဆိုင်ရာ လုပ်ငန်းများနှင့် အင်တာဗျူး တိုက်ရိုက်ဖြေဆိုနိုင်ခြင်း၊ အလုပ်သမား မှတ်ပုံတင်ကတ်များကို တစ်နေရာတည်း လျှောက်ထား ဆောင်ရွက်နိုင်သည့် ဝန်ဆောင်မှုများကို ရရှိနိုင်ခြင်းတို့ဆောင်ရွက်နိုင်ပြီး အလုပ်အကိုင်အခွင့်အလမ်းအပြင် စိတ်ဝင်စားဖွယ်ရာ ထုတ်ကုန်များ တစ်နေရာတည်းတွင် စုံလင်စွာကြည့်ရှုနိုင်မည်ဖြစ်ကာ ''NextGen Career & Opportunity Fair 2026'' ပွဲကို ယနေ့ ဇူလိုင် ၅ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)