ဒုတိယဝန်ကြီး ဦးမျိုးမြင့် ဖလမ်းမြို့ ဌာနဆိုင်ရာရုံးများ ဖွင့်လှစ်ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒုတိယဝန်ကြီး ဦးမျိုးမြင့် ဖလမ်းမြို့ ဌာနဆိုင်ရာရုံးများ ဖွင့်လှစ်ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး


နေပြည်တော်၊ ဇူလိုင် ၅

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး ကော်မတီဝင်များနှင့်အတူ ဇူလိုင် ၂ ရက်က အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ဖလမ်းမြို့ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ထောက်ပံ့ပေးသည့် ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများကို သွားရောက်ကြည့်ရှုကြသည်။

ထို့နောက် ဖလမ်းမြို့ရှိ ခရိုင်၊ မြို့နယ်အဆင့်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနရုံး၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနရုံး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ ခရိုင်ပြည်သူ့စာကြည့်တိုက်၊ ဖလမ်းမြို့မရဲစခန်း၊ စိုက်ပျိုးရေးဦးစီးဌာနရုံး၊ ဥပဒေရုံး၊ လမ်းဦးစီးဌာနရုံး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနရုံး၊ သမဝါယမ ဦးစီးဌာနရုံး၊ မြန်မာ့စီးပွားရေး ဘဏ်တို့ကို ဖွင့်လှစ်ပြီးဌာနအလိုက် လုပ်ငန်းတာဝန်များ ဆောင်ရွက်နေမှုကို ကြည့်ရှု စစ်ဆေးသည်။

ထိုသို့ကြည့်ရှုစဉ် ဝန်ထမ်းများနှင့် တွေ့ဆုံပြီး လုပ်ငန်းတာဝန်များ ဆောင်ရွက်ရာ၌ ထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများကို လိုက်နာကျင့်သုံးရမည် ဖြစ်ကြောင်း၊ ပြည်သူလူထုနှင့် ထိတွေ့ဆက်ဆံရာတွင် ဝန်ကြီးဌာနနှင့် နိုင်ငံတော်အစိုးရ၏ ပုံရိပ်ကို ထိခိုက်စေသော လုပ်ကိုင်ဆောင်ရွက်မှုများကို အလေးထားရှောင်ကြဉ်ရမည် ဖြစ်ပါကြောင်း၊ ဝန်ထမ်းများ ပျော်ရွှင်စွာ တာဝန်ထမ်းဆောင်နေသည်ကို တွေ့ရှိရသည့်အတွက် ဝမ်းသာဂုဏ်ယူပါ ကြောင်း၊ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်ရာတွင်ဘာသာရေး ခေါင်းဆောင်များ၊ မြို့မိမြို့ဖများ၊ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပေါင်းစပ်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ဆွေးနွေးမှာကြားကာ ဝန်ထမ်းများ၏ လုပ်ငန်းဆိုင်ရာ တင်ပြချက်များအပေါ်တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)