(အမှန်တရားနှင့် တစ်ရာ ရာခိုင်နှုန်း ကင်းကွာနေသည့် ပြည်ပြေး ဝရမ်းပြေးများ၏ ထုတ်ပြန်ချက်)
မဲလိမ်မဲခိုးမှုများ ကျူးလွန်ပြီးနောက် အာဏာလက်မဲ့ဖြစ်ကာ NLD ဦးဆောင်သူများသည် CRPH, NUG အကြမ်းဖက်အဖွဲ့များကို ဖွဲ့စည်းပြီး ပြည်ပထွက်ပြေးသွားခဲ့ကြသည်။ ၎င်းတို့၏ သြဇာခံ နီပိန်း လူငယ်များကို PDF အကြမ်းဖက်အဖွဲ့များ ဖွဲ့စည်းစေပြီး အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်ရန် လှုံ့ဆော်ပေးခဲ့ကြသည့်အပြင် အကြမ်းဖက်လှုပ်ရှားမှုအတွက် အလှူခံခြင်း၊ ထောက်ပံ့ပေးခြင်းများ ပြုလုပ်ခဲ့ကြသည်။
ယခုအခါ ၎င်းတို့နှင့် လက်တွဲဖော် တိုင်းရင်းသားလက်နက်ကိုင် သောင်းကျန်းသူများမှာ ငြိမ်းချမ်းရေးဆွေးနွေးမှုများ ဆောင်ရွက်လျက်ရှိပြီး NUG, CRPH အနေဖြင့် အာချောင်၊ ခွက်ခေါက် လုပ်နေသူများသည်လည်း ပြန်လည်မှတ်ပုံတင်ထားခြင်းမရှိသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အနေဖြင့် ထုတ်ပြန်ချက်များ ပြန်လည်ထုတ်ပြန်လာသည်ကို တွေ့ရသည်။
NLD facebook page ဟု ဆိုသော်လည်း ပြည်ပြေး ဝရမ်းပြေး အောင်ကြည်ညွန့်၊ လွင်ကိုလတ်၊ နေဘုန်းလတ် တို့ (၃)ဦး ထုတ်ပြန်ချင်ရာ ရေးသားထုတ်ပြန်နေခြင်းကြောင့် ပြဿနာများ ပေါ်ပေါက်ခဲ့ဖူသည်။
ယခုအခါ ပြည်ပြေး ဝရမ်းပြေးများက NLD အနေဖြင့် သတင်းထုတ်ပြန်ချက်အမှတ် (၀၄ /၂၀၂၆) ဟု ခေါင်းစဉ်တပ် ထုတ်ပြန်ထားရာတွင် -
"မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော နိုင်ငံရေးအကျပ်အတည်းကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေး အတွက် ကမ္ဘာ့ကုလသမဂ္ဂ၊ အာဆီယံနှင့် မိတ်ဆွေနိုင်ငံများ၏ အပြုသဘောဆောင် ကြိုးပမ်းမှုများကို ကြိုဆိုပါသည်။ အထူးသဖြင့် အာဆီယံ၏ဘုံသဘောတူညီချက် (၅) ချက်သည် မြန်မာ့အရေးကို ဖြေရှင်းရာ၌ အဓိကမူဘောင်အဖြစ် ဆက်လက်တည်ရှိကြောင်း ထပ်မံအတည်ပြုခဲ့ခြင်းကို ကြိုဆိုပါသည်" ဟု ထုတ်ပြန်ထားသည်ကို တွေ့ရသည်။ CRPH, NUG အနေဖြင့် အစဉ်တစိုက် အာချောင်နေသူများက NLD အမည်ကို ပြန်လည်အသုံးပြုလာခြင်းမှာ CRPH, NUG သည် နိုင်ငံတော်အစိုးရက အကြမ်းဖက်အဖွဲ့များအဖြစ် တရားဝင်ကြေညာထားခြင်းကြောင့် တရားဝင် ပြောရေးဆိုခွင့်မရှိသည့် အဖွဲ့များဖြစ်သည်။ NLD အမည်ကို ပြန်လည်အသုံးပြုလာသော်လည်း NLD မှာ ပါတီအနေဖြင့် တရားဝင် ပြန်လည်မှတ်ပုံတင်ထားခြင်း မရှိသော မဲလိမ်မဲခိုးလုပ်ခဲ့သည့် ပါတီဖြစ်သည်။
ပြည်ပြေး ဝရမ်းပြေး အကြမ်းဖက်လှုံ့ဆော်သူများရဲ့ ထုတ်ပြန်ချက်မှာ "မြန်မာနိုင်ငံ၏လက်ရှိအကျပ်အတည်းကို ဖြေရှင်းရာတွင် အရပ်သားများအပေါ် အကြမ်းဖက်မှု များ ရပ်တန့်ရေး၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေး၊ လူသားချင်းစာနာထောက်ထားရေး အကူအညီများကို အမှန်တကယ်လိုအပ်သည့်နေရာများသို့ အတားအဆီး အကန့်အသတ်မရှိ ရောက်ရှိစေရေးနှင့် အားလုံးပါဝင်သောတွေ့ဆုံဆွေးနွေးရေးတို့သည် မရှိမဖြစ် လိုအပ်ပါသည်" ဖော်ပြထားသည်ကို တွေ့ရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံရေးပုဒ်မများဖြင့် အရေးယူခံထားရခြင်းမဟုတ်ဘဲ မဲလိမ်မဲခိုးမှုတွင် ပါဝင်ပတ်သက်ခြင်း၊ အာဏာရှိစဉ်တွင် အာဏာအလွဲသုံးစားလုပ်၍ ငွေကြေးအလွဲသုံးစားလုပ်ခြင်း အဂတိမှုများဖြင့် တရားစွဲဆိုခံထားရခြင်းဖြစ်သည်။ အလားတူ NLD ဦးဆောင်သူများသည် အာဏာရှိစဉ်တွင် နိုင်ငံတော်ဘဏ္ဍာငွေများကို အလွဲသုံးစားလုပ်ခြင်းမပါအဝင် အကြမ်းဖက်လှုပ်ရှားမှုများတွင် ဦးဆောင်ခဲ့ခြင်းကြောင့် အဂတိမှု၊ အကြမ်းဖက်မှုများဖြင့် တရားစွဲဆိုခံနေကြရခြင်းဖြစ်သည်။
ပြည်ပြေး ဝရမ်းပြေး အကြမ်းဖက်လှုံ့ဆော်သူများ၏ ထုတ်ပြန်ချက်တစ်ခုလုံးသည် ၎င်းတို့၏ မှားယွင်းသော လုပ်ရပ်များကို လိမ်ညာဖုံးကွယ်ပြီး မြန်မာ့နိုင်ငံရေးနယ်ပယ်ထဲ ပြန်လည်ဝင်ရောက်ပြီး နေရာယူလိုခြင်းကိုသာ အခြေခံသော ထုတ်ပြန်ချက်ဖြစ်ပြီး ရဟန်းရှင်လူပြည်သူလူထုအပေါ် ၎င်းတို့ ကျူးလွန်ခဲ့သည့် လုပ်ရပ်များကို ဝန်ခံခြင်းမရှိသည့်အပြင် လိမ်ညာမှုအမျိုးမျိုးဖြင့်သာ လူငယ်များကို သေတွင်းထဲ တွန်းပို့နေသည့် ပြည်ဖျက်မိစ္ဆာများဖြစ်သည်။
၎င်းတို့၏ ထုတ်ပြန် ပြောဆိုနေမှုများသည် အမှန်တရားနှင့် တစ်ရာ ရာခိုင်နှုန်းကင်းကွာနေသည်ကို လေ့လာတွေ့ရှိရသည်။
#MNP #News


No comments:
Post a Comment