ဇူလိုင် - ၁၉ ( တနင်္လာနေ့ )
တရုတ်နိုင်ငံ၏ ပင်လယ်ပြင်ဆိုင်ရာ လှုပ်ရှားမှုများ တိုးချဲ့လာမှုကို စောင့်ကြည့်ရန်နှင့် ဝန်ထမ်းအင်အား လိုအပ်ချက် ကြီးထွားလာမှုကို ဖြေရှင်းရန်အတွက် ဂျပန်နိုင်ငံသည် ၎င်းရဲ့ ကမ်းခြေစောင့်တပ်ဖွဲ့အတွက် လူမပါဝင်သော စောင့်ကြည့်ထောက်လှမ်းရေး ရေယာဉ်များကို တီထွင်ထုတ်လုပ်ရန် စီစဉ်လျက်ရှိသည်။
အဆိုပါ ရေယာဉ်များသည် လူမဲ့ လေယာဉ်များ၊ ဝန်ထမ်းများပါဝင်သည့် ကင်းလှည့်ရေယာဉ်များနှင့် ဂျပန်နိုင်ငံနှင့် ဝေးကွာသော ရေပြင်များတွင် အချိန်ကြာမြင့်စွာ လည်ပတ်နိုင်စွမ်းရှိသည့် ကိုယ်တိုင်လည်ပတ်နိုင်တဲ့ သင်္ဘောများ ပါဝင်တဲ့ ပေါင်းစပ်စောင့်ကြည့်ထောက်လှမ်းရေး စနစ်တစ်ခု၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာမှာဖြစ်ပါတယ်။
ဂျပန်အစိုးရက ပြည်တွင်း သင်္ဘောတည်ဆောက်ရေး ကုမ္ပဏီများနှင့် အခြားကုမ္ပဏီများ ပူးပေါင်း၍ ၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း ယိုမီယူရီရှင်ဘွန်း သတင်းစာက တနင်္ဂနွေနေ့တွင် ဖော်ပြခဲ့ပါတယ်။
အစိုးရအနေဖြင့် ၎င်းနှင့်သက်ဆိုင်သော ကုန်ကျစရိတ်များကို ၂၀၂၇ ဘဏ္ဍာရေးနှစ် ဘတ်ဂျက်အဆိုပြုချက်တွင် ထည့်သွင်းရန် စီစဉ်ထားပြီး ယခုနှစ်ကုန်ပိုင်းတွင် ပြန်လည်ပြင်ဆင်ရေး သတ်မှတ်ထားသည့် အမျိုးသားလုံခြုံရေး မဟာဗျူဟာ အပါအဝင် အဓိက လုံခြုံရေးဆိုင်ရာ စာရွက်စာတမ်း သုံးခုတွင်လည်း အဆိုပါ ရေယာဉ်များ မိတ်ဆက်အသုံးပြုမည့် အစီအစဉ်ကို ထည့်သွင်းဖော်ပြရန် ရည်ရွယ်ထားကြောင်း သိရပါတယ်။
REF: UPI
#MNP #News



No comments:
Post a Comment