ဇူလိုင် - ၂၀ ( တနင်္လာနေ့ )
မနေ့ညက ၂၀၂၆ ကမ္ဘာ့ဖလား ဖိုင်နယ်ပွဲမှာ စပိန်အသင်းက အာဂျင်တီးနား အသင်းကို (၁-ဝ)ဂိုးနဲ့ ချန်ပီယံဖြစ်သွားပြီးနောက် စိတ်ဝင်စားစရာကောင်းတဲ့ သတင်းတွေကို တင်ဆက်လိုက်ပါတယ်။
ကမ္ဘာ့ဘောလုံးနာမည်ကြီး နိုင်ငံလိဂ်အသင်းတွေက ကစားသမားတော်တော်များဝင်ကစားတဲ့ နေရာမှာ စပိန်ရဲ့ လာလီဂါလိဂ် က ကစားသမား ၂၃ ယောက်ဝင်ကစားခဲ့ပါတယ်။ အင်္ဂလန် ပရီမီးယားလိဂ်က ၁၃ ယောက်၊ ပြင်သစ်လိဂ်က ၅ ယောက် ၊ အီတလီ စီရီးအေလိဂ်က ၃ ယောက် ၊ အမေရိကန် မေဂျာလိဂ်က ၂ ယောက် ၊ အာဂျင်တီးနားလိဂ်က ၂ယောက် ၊ ဘရာဇီး စီရီးအေ က ၁ ယောက်၊ ဂျာမနီ ဘွန်ဒက်စ်လီဂါ က ၁ ယောက်တို့ ဝင်ကစားခဲ့ပါတယ်။
တတိယလုပွဲမှာ အင်္ဂလန်က ပြင်သစ်ကို ( ၆ - ၄ ) ဂိုးနဲ့ အနိုင်ရပြီးနောက်မှာတော့ ကမ္ဘာ့ဖလားတတိယလုပွဲမှာ ဂိုးအများဆုံးသွင်းတဲ့ ပွဲဖြစ်ခဲ့ပြီး အင်္ဂလန်က ဆုကြေး ကန်ဒေါ်လာ ၂၉ သန်းရခဲ့ပြီး ပြင်သစ်က ၂၇ သန်း ရခဲ့ပါတယ်။
ဖိုင်နယ်မှာ ပထမရခဲ့တဲ့ စပိန်အသင်းက ဆုကြေးငွေ ကန်ဒေါ်လာ သန်း ၅၀ ရခဲ့ပြီး အာဂျင်တီးနား က ၃၃ သန်း ရခဲ့ပါတယ်။ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပွဲတုန်း က ချန်ပီယံဖြစ်ခဲ့တဲ့ အာဂျင်တီးနားအသင်းက ကန်ဒေါ်လာ ၄၂ သန်းပဲ ဆုကြေးငွေ ရခဲ့ပါတယ်။
ပြင်သစ်တိုက်စစ်မှူး အမ်ဘတ်ပေးက ဒီနှစ်ကမ္ဘာ့ဖလားပွဲမှာ သွင်းဂိုး ၁၀ ဂိုးသွင်းခဲ့ပြီး မက်ဆီတင်ထားတဲ့ ကမ္ဘာဖလား သွင်းဂိုး ၂၁ ဂိုးကို ကျော်ပြီး သွင်းဂိုး ၂၂ ဂိုနဲ့ ကမ္ဘာ့ဖလားသမိုင်း တစ်လျှောက် အများဆုံး ဂိုးသွင်း သူ အဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။
ရွှေ ၁၈ ကာရက်ရှိပြီး အမြင့် ၁၄ လက်မ အလေးချိန် ၆ ကီလို ကျော်ကျော်လေးတဲ့ ကမ္ဘာ့ဖလား ဆု အစစ်ကိုတော့ ချန်ပီယံဖြစ်တဲ့ စပိန်အသင်းကို မပေးဘဲ ရွှေပြားကပ်ထားတဲ့ ဆုကိုပဲ စပိန်အသင်းကရလိုက်တာပါ။
တတိယလုပွဲမှာ အင်္ဂလန်က ပြင်သစ်အသင်းကို ပထမပိုင်းမှာ ၄ ဂိုးသွင်းလိုက်တော့ ပြင်သစ်အသင်းက တကယ့်ထိပ်တန်း ကစားသမားတွေနဲ့ လူစားလဲပြီး ပြန်သွင်းခဲ့ရတာနဲ့ ပတ်သက်ပြီး တိုက်စစ်မှူး အမ်ဘတ်ပေးက “ကျနော်တို့ တော်တော်ကြီးကို အံ့အားသင့်သွားခဲ့ရတယ်” လို့ ပြောသွားပါတယ်။
မက်ဆီကတော့ ကမ္ဘာ့ဖလား ဖိုင်နယ်ပွဲကို ၃ ကြိမ် ဝင်ကစားခဲ့ပြီး ၂၀၂၂ တုန်းက ချန်ပီယံ ၁ ကြိမ်ဖြစ်ခဲ့ပါတယ်။ ဒီနှစ်ထဲမှာ ဆုဖလား တစ်လုံးမှ မရခဲ့တာနဲ့ ပတ်သက်ပြီး သူက ဝမ်းနည်းစကားဆိုခဲ့သလို ပွဲအပြီးမှာလည်း မျက်ရည်ကျကာ နှုတ်ဆက်စကားဆိုခဲ့ပါတယ်။
စပိန်တိုက်စစ်မှူး ယာမယ်( ၁၉ နှစ်) ကတော့ ယူရို ၂၀၂၄ နဲ့ ကမ္ဘာ့ဖာလား ၂၀၂၆ မှာ ဖလားရခဲ့တဲ့ ပထမဆုံး ဆယ်ကျော်သက် ကစားသမား ဖြစ်ခဲ့ပါတယ်။
ဖိုင်နယ်ပွဲ ရဲ့ ပထမပိုင်းပြီးလို့ နားချိန်က ၂၇ မိနစ်ကြာခဲ့ပြီး ဒုတိယပိုင်း ပြန်စဖို့ ၇ မိနစ်နောက်ကျခဲ့တယ်လို့ ဖီဖာက ဆိုပါတယ်။
ကမ္ဘာ့ဖလား ဖိုင်နယ်ပွဲ တစ်လျှောက်မှာ အာဂျင်တီးနား အသင်းက ပုံမှန်ကစားချိန် မိနစ် ၉၀ အတွင်းမှာ ဂိုးမသွင်းနိုင်ခဲ့တဲ့ ပထမဆုံး အသင်းဖြစ်ခဲ့ပါတယ်။ အာဂျင်တီးနားက စပိန်ဂိုးကို ၁၅ ကြိမ်ခြိမ်းခြောက်နိုင်ခဲ့ပေမဲ့ ဂိုး မရခဲ့ပါဘူး။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ ကျနော်ကတော့ မက်ဆီ နဲ့ အာဂျင်တီးနားကို ဆန့်ကျင်ပြီး မလောင်းရဲပါဘူး။ မက်ဆီက တော်တော်ကောင်းတယ်။ ကျနော် ပွဲကို သေသေချာချာကြည့်ပါတယ်။ သူထွက်သွားတဲ့ အလုံးတွေက ပြည့်စုံလွန်းပါတယ်။ အလှည့်အပြောင်းတွေကို ကိုယ်တိုင်ဖန်တီးတာတွေကလည်း ကောင်းပါတယ်” လို့ ချီးကျူးသွားပါတယ်။
Ref: INSHORT
#MNP #News



No comments:
Post a Comment