မြောက်ဥက္ကလာပမြို့နယ် ကျားခေါင်းစက်ရုံရှိ ၀န်ထမ်းများအား ကိုဗစ်-၁၉‌ ရောဂါကာကွယ်ဆေး Pfizer Vaccine ကွင်းဆင်းထိုးနှံပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

မြောက်ဥက္ကလာပမြို့နယ် ကျားခေါင်းစက်ရုံရှိ ၀န်ထမ်းများအား ကိုဗစ်-၁၉‌ ရောဂါကာကွယ်ဆေး Pfizer Vaccine ကွင်းဆင်းထိုးနှံပေး



မြောက်ဥက္ကလာ၊ ဇူလိုင် ၉

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင် ၊ မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ ကျားခေါင်းစက်ရုံရှိ ၀န်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး(Pfizer Vaccine)ထိုးနှံပေးခြင်းကို ယမန်နေ့က အဆိုပါ စက်ရုံတွင် ကျန်းမာရေး၀န်ထမ်းများက ကွင်းဆင်း ထိုးနှံ ပေးခဲ့ကြသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင်  မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးဒေါက်တာမျိုးမင်းထွန်း  ဦးဆောင်ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက မြောက်ဥက္ကလာပမြို့နယ် ၊(င)ရပ်ကွက်၊ ကျားခေါင်းစက်ရုံရှိ ၀န်ထမ်းများအား ကာကွယ်ဆေးမထိုးနှံမှီ ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ခြင်း၊ စာရင်းအချက်အလက် ကောက်ယူခြင်းများဆောင်ရွက်ပြီး ၀န်ထမ်းများအား ကိုဗစ်-၁၉ရောဂါထပ်ဆောင်းကာကွယ်ဆေး (Pfizer Vaccine) ကို ကျန်းမာ‌ရေး၀န်ထမ်းများကထိုးနှံပေးခဲ့ကြကြောင်းသိရသည်။


သက်လွင်စိုး

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)