ပြည်တွင်း၌ ခေတ်မီ Smart Meter များထုတ်လုပ်လျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်တွင်း၌ ခေတ်မီ Smart Meter များထုတ်လုပ်လျက်ရှိ



ရန်ကုန်၊ ဇူလိုင် ၂၁

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် နိုင်ငံတော်တွင် လျှပ်စစ်ဓာတ်အား တိုးတက်ရရှိရေး၊ လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းရေးနှင့် ဓာတ်အားစနစ်တည်ငြိမ်၍ စဉ်ဆက်မပြတ် ပေးနိုင်ရေးတို့အား ဘက်စုံမှ တွန်းအားပေးဆောင်ရွက်လျက်ရှိရာ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ယမန်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး အင်းတကော်စက်မှုနယ်မြေရှိ ခေတ်မီ Smart Meter များ ထုတ်လုပ်နေသည့်စက်ရုံ၌ ဒီဂျစ်တယ်မီတာများ ထုတ်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ထိုသိုကြည့်ရှုစဉ် ပြည်ထောင်စုဝန်ကြီးက သုတေသနနှင့် ဖွံဖြိုးမှုလုပ်ငန်းများ ပြုလုပ်၍ Hardware နှင့် Software များကို အဆင့်မြှင့်တင်သွားနိုင်ရေး၊ သဘာဝဓာတ်ငွေ့မီတာနှင့် ရေမီတာများကိုပါ Digital မီတာဖြင့်ထုတ်လုပ်နိုင်ရေး၊ Electronic နှင့် IT ပညာရှင်များ စဉ်ဆက်မပြတ် မွေးထုတ်နိုင်ရေးအတွက် လေ့ကျင့်ပညာပေးရေးနှင့် နိုင်ငံတော်အတွက် လိုအပ်လျက်ရှိသည့် ဒီဂျစ်တယ်မီတာများအား အချိန်မီထုတ်လုပ် ဖြည့်ဆည်းပေးနိုင်ရေး ဆွေးနွေးမှာကြားသည်။

ညနေပိုင်းတွင် ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်း(ရုံးချုပ်)၌ ဌာနမှ တာဝန်ရှိသူများ၊ ခရိုင်နှင့် 

မြိုနယ်အဆင့် လျှပ်စစ်မန်နေဂျာများ၊ မြိုနယ်လျှပ်စစ်အင်ဂျင်နီယာများ၊ မြိုနယ်ဘဏ္ဍာရေးတာဝန်ခံများနှင့် တွေ့ဆုံပြီး ဓာတ်အားလေလွင့် ဆုံးရှုးမှုများ မဖြစ်ပေါ်စေရေးအတွက် နည်းပညာအသုံးပြု၍ စစ်‌ဆေးကြပ်မတ် သွားမည်ဖြစ်ကြောင်း၊ လျှပ်စစ်ဓာတ်အား သုံးစွဲသူတို့၏ လိုအပ်ချက်များကို ကောင်းမွန်သော ဝန်ဆောင်မှုများပေး၍ ဖြည့်ဆည်းပေးရန်၊ Call Center များအနေဖြင့် ပြည်သူတို့၏ မေးမြန်းလာမှု သတင်းပေးလာမှုတို့အပေါ်  စိတ်ရှည်နားလည်မှုရှိစွာ ကူညီဆောင်ရွက်ပေးရန် ဆွေးနွေးမှာကြားသည်။

ထို့နောက် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ဥက္ကဋ္ဌက ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးမှုကို ပိုမိုတိုးတက်ကောင်းမွန်လာစေရန် ဆောင်ရွက်သွားမည့် အစီအမံများတင်ပြရာ တင်ပြချက်များအပေါ်  ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Smart Meter နည်းပညာနှင့် ပတ်သက်၍ ဇွန်လအတွင်း ပြည်ထောင်စုဝန်ကြီး ရုရှားနိုင်ငံသို့ သွားရောက်ခဲ့စဉ်က ရုရှားဖက်ဒရေးရှင်းသမ္မတနိုင်ငံ Telematic Solution Co., Ltd. မှ အမှုဆောင် အရာရှိချုပ် Mr. Vladimir Parshin နှင့် တွေ့ဆုံပြီး ရုရှား၏ ကိုယ်ပိုင်နည်းပညာဖြင့် ထုတ်လုပ်ထားသည့် ဒီဂျစ်တယ်နည်းပညာသုံး မီတာဖတ်ယူသည့်စနစ်နှင့် သုံးစွဲသူများက မီတာခများ ပေးဆောင်နိုင်သည့် Smart meter စနစ် မြန်မာနိုင်ငံတွင် အသုံးပြုနိုင်ရန် အတွက် ရင်းနှီးမြှုပ်နှံ၍ နည်းပညာလွှဲပြောင်းပေးအပ်နိုင်ရန် ကိစ္စရပ်များနှင့် လက်ရှိအသုံးပြုနေသည့် စနစ်တွင်ပေါင်းစပ်၍ အဆင့်မြှင့်တင်သွားနိုင်ရန် ကိစ္စရပ်များကို ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)