ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်ဆောင်ရွက်ပေးမှု ကြည့်ရှုအားပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်ဆောင်ရွက်ပေးမှု ကြည့်ရှုအားပေး


နေပြည်တော်၊ ဇူလိုင် ၁၅

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ယမန်နေ့က မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၌ မိတ္ထီလာမြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများက အသက် (၁၀) နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်မရရှိသေးသည့် ကျောင်းသား ကျောင်းသူများအား လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ် ထုတ်ပေးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးသည်။

ထို့နောက် နေ့ချင်းပြီး (One Stop Service) ဖြင့် ဆောင်ရွက်ပြီးဖြစ်သည့် နိုင်ငံသားကတ်နှင့် UID ကတ်တို့ကို ကာယကံရှင်ကျောင်းသား ကျောင်းသူတစ်ဦး ချင်းထံပေးအပ်ပြီး မြို့နယ်ရုံးဝန်ထမ်းများကို ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများကို ထောက်ပံ့ပေးအပ်ကာ ကျောင်းသား ကျောင်းသူများကို အာဟာရမုန့်များ ဝေငှပေးသည်။

ယင်းနောက် မိတ္ထီလာမြို့ ကန်တော်မင်္ဂလာခန်းမ၌ မိတ္ထီလာနှင့် ရမည်းသင်းခရိုင်တို့အတွင်းရှိ ခရိုင်နှင့် မြို့နယ်ဦးစီးမှူးရုံးများမှ ဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကားပြောကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကာ ဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။

ဆက်လက်၍ မိတ္ထီလာမြို့နယ်ဦးစီးမှူးရုံး၌ ဝန်ထမ်းများက ဒေသခံပြည်သူများကို လမင်းစီမံချက်ဖြင့် အသက် ၁၈ နှစ်ပြည့်ပြီး အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံသားစိစစ်ရေးကတ် မရရှိသေးသူ၊ ပျက်စီး/ ပျောက်ဆုံးသူများကို နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်ကောက်ယူဆောင်ရွက်ထုတ်ပေးနေမှု လုပ်ငန်းစဉ်အဆင့်ဆင့်နှင့် မြို့နယ်ရုံးမှတ်တမ်း ခန်းတို့ကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)