ကြာအင်းဆိပ်ကြီး၊ ဇူလိုင် ၉
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့တွင် ကျောင်းသား၊ကျောင်းသူများကို "လမင်းစီမံချက်" ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များနှင့် UID ကတ်များ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်း၌ နတ်ချောင်းကမ်းနား(မူလွန်)ကျောင်းကို မြို့နယ်လဝကဦးစီးမှူး ဦးမျိုးဝင်းကြိုင်နှင့် ဝန်ထမ်းများက နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးနေမှုအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းခိုင်ဝင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထိန်လင်းနှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးပြီး နိုင်ငံသားစိစစ်ရေးကတ်များနှင့် UID ကတ်ပြားများ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
#MNP #News




No comments:
Post a Comment