ပခုက္ကူ၊ ဇူလိုင် ၁၂
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ နိုင်ငံတော်အစိုးရ၏ရက်(၁၀၀)လမင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးရဲအောင်နှင့် ဝန်ထမ်းများက အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်း ား ကျောင်းသူများအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UIDကတ်များကို ဇူလိုင်လ၉ရက်မှ၁၁ရက်အထိ ကွင်းဆင်းဆောင် ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးနေမှုအပေါ် လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ က လာရောက်ကြည့်ရှုအားပေးခဲ့ပြီး ကျောင်းသား ကျောင်းသူ (၂၅၉)ဦးထံ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များပေး အပ်ခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)
#MNP #News


No comments:
Post a Comment