ရန်ကုန်၊ ဇူလိုင် ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ အခွန်ဆိုင်ရာအသိပညာတိုးတက်ရေးနှင့် အခွန် တာဝန်လေးစား လိုက်နာမှုတိုးတက်ရေး လူထုလှုပ်ရှားမှုအစီအစဉ် (Tax Awareness Campaign) အရ အခွန်ဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယနေ့ နေ့လယ်ပိုင်းက ရန်ကုန်မြို့ လမ်းမတော်မြို့နယ်ရှိ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) မင်္ဂလာခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ ဟောပြောပွဲသို့တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌကျော်ကျော်စိုး၊ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာမေသန်းနွယ်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်တွင်းအခွန်များဦးစီးဌာနမှ ညွှန်ကြားရေးမှူးများနှင့်ဌာနဆိုင်ရာအကြီးအကဲများ၊ အခွန်ထမ်း မိဘပြည်သူများနှင့် စီးပွားရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာမေသန်းနွယ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြည်တွင်းအခွန်များဦးစီးဌာန၊ အခွန်ဆိုင်ရာဝန်ဆောင်မှုဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးခိုင်လျှံကျင့်ထန်က အခွန်ဆိုင်ရာအသိပညာတိုးတက်ရေးနှင့် အခွန်တာဝန်လေးစားလိုက်နာမှု တိုးတက်ရေးအတွက် လူထုလှုပ်ရှားမှုအစီအစဉ် လုပ်ငန်းစီမံချက်၏ ရည်ရွယ်ချက်များ၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ ကောက်ခံလျက်ရှိသည့် အခွန်အမျိုးအစားများနှင့် အခွန်အကြောင်း သိကောင်းစရာများကို အသေးစိတ်ရှင်းလင်းဟောပြောခဲ့ပြီး တက်ရောက်လာကြသည့် လုပ်ငန်းရှင်များက သိရှိလိုသည်များကိုမေးမြန်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်
#MNP #News







No comments:
Post a Comment