သင်္ကန်းကျွန်းပညာရေးဒီဂရီကောလိပ်၌ "Al, Cyber Security and Digital Literacy for Teachers" ခေါင်းစဉ်ဖြင့် နည်းပညာဟောပြောပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

သင်္ကန်းကျွန်းပညာရေးဒီဂရီကောလိပ်၌ "Al, Cyber Security and Digital Literacy for Teachers" ခေါင်းစဉ်ဖြင့် နည်းပညာဟောပြောပွဲကျင်းပ







တာမွေ၊ ဩဂုတ်  ၇

ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာဝါသနာရှင်အသင်းနှင့် သင်္ကန်းကျွန်းပညာရေးဒီဂရီကောလိပ်တို့ ပူးပေါင်း ၍ ယမန်နေ့က အဆိုပါပညာရေးဒီဂရီကောလိပ်ရှိ ပညာနေခြည်ခန်းမ၌ "Al, Cyber Security and Digital Literacy for Teachers" ခေါင်းစဉ်ဖြင့် နည်းပညာဟောပြောပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် သင်္ကန်းကျွန်းပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီး ဒေါ်နှင်းကြူဦးက အဖွင့်အမှာ စကား ပြောကြားခဲ့ပြီး မြန်မာနိုင်ငံကွန်ပျူတာဝါသနာရှင်အသင်း ဥက္ကဌ ဦးအောင်ကျော်မိုးက နှုတ်ဆက်စကား ပြော ကြားခဲ့သည်။ ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာဝါသနာရှင်အသင်း ဥက္ကဌ ဦးဌေးလင်းက "Al, Cyber Security and Digital Literacy for Teachers" နှင့် ပတ်သက်၍ ဟောပြောခဲ့ပြီး တက်ရောက်လာကြသော ကျောင်းသား/သူများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာဝါသနာရှင်အသင်း ဥက္ကဌ ဦးဌေးလင်းက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့သည်။ ထို့နောက် ကျောင်းသား/သူများက နည်းပညာနှင့် ပတ်သက်သည့် ဉာဏ်စမ်းပဟေဠိများကို ဖြေဆိုခဲ့ကြပြီး သင်္ကန်းကျွန်းပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီး ဒေါ်နှင်းကြူဦးက မြန်မာနိုင်ငံကွန်ပျူတာဝါသနာရှင်အသင်းမှ တာဝန်ရှိသူများအား ဂုဏ်ပြုလက်ဆောင်များ အသီးသီး ပေးအပ်ခဲ့သည်။

အခမ်းအနားသို့ မြန်မာနိုင်ငံကွန်ပျူတာဝါသနာရှင်အသင်းမှ တာဝန်ရှိသူများ၊ သင်္ကန်းကျွန်းပညာရေးဒီဂရီ ကောလိပ်မှ ကျောင်းအုပ်ကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူလေးများနှင့် အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်းနှင့် ကျောင်းသား/သူ၊ လူငယ်လူရွယ်လေးများအနေဖြင့် နည်းပညာနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး လက်တွေ့နယ်ပယ်တွင် အကျိုးရှိရှိ စနစ်ကျနစွာ အသုံးချနိုင်စေရန် စသည့် ရည်ရွယ်ချက်ကောင်းများဖြင့် ဟောပြောပွဲကျင်းပရခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။


ထက်တံခွန်

#သတင်းလွှာ

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)