ပြည်ခိုငိဖြိုးပါတီဥက္ကဋ္ဌ ဦးခင်ရီ ဘယ်လာရုစ်နိုင်ငံ Belaya Rus ပါတီဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ကြိုဆိုတွေ့ဆုံ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ခိုငိဖြိုးပါတီဥက္ကဋ္ဌ ဦးခင်ရီ ဘယ်လာရုစ်နိုင်ငံ Belaya Rus ပါတီဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ကြိုဆိုတွေ့ဆုံ











နေပြည်တော်၊ သြဂုတ် ၁၄

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ပါတီ၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ချစ်ကြည်ရေးခရီး ရောက်ရှိနေသော ဘယ်လာရုစ်နိုင်ငံ၊ Belaya Rus ပါတီဥက္ကဋ္ဌ H.E VOLHA CHAMADANAVA  ဦးဆောင်သော  ပါတီကိုယ်စားလှယ်အဖွဲ့အား ၂၀၂၆ခုနှစ်၊ ဩဂုတ်လ (၁၃)ရက်နေ့ နံနက် ၁၀ နာရီ အချိန်တွင် ပါတီဌာနချုပ် ဧည့်ခန်းမ၌ ကြိုဆိုတွေ့ဆုံခဲ့သည်။

ပထမဦးစွာ ပါတီဌာနချုပ်သို့ ရောက်ရှိလာသော Belaya Rus ပါတီဥက္ကဋ္ဌနှင့်ကိုယ်စားလှယ်အဖွဲ့အား ပါတီလူငယ်မောင်မယ်များက လှိုက်လှဲပျူငှာစွာ ကြိုဆိုခဲ့သည်။ ၎င်းနောက် ပြည်ခိုင် ပါတီဥက္ကဋ္ဌနှင့် ပါတီအကြီးအကဲများက ပါတီဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် Belaya Rus ပါတီအကြား နှစ်ပါတီသဘောတူချက်နှင့် အကောင်အထည်ဖော်မည့် လမ်းပြမြေပုံပါ လုပ်ငန်းစဉ်များအား ဆောင်ရွက်မည့်အခြေအနေများ၊ လူငယ်ရေးရာကဏ္ဍတွင် နှစ်ပါတီလူငယ်များအကြား ပူးပေါင်းဆောင်ရွက်မှု၊ အပြန်အလှန်ဖလှယ်မှု အခြေအနေများ၊ Media ကဏ္ဍအား ကျယ်ပြန့်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေး အခြေအနေများအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။ ၎င်းနောက် အမှတ်တရလက်ဆောင်များ အပြန်အလှန်ပေးအပ်ကာ မှတ်တမ်းတင် စုပေါင်းဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။

ဆက်လက်ပြီး ပါတီဥက္ကဋ္ဌ ဦးခင်ရီသည် ဘယ်လာရုစ်နိုင်ငံ၊ Belaya Rus ပါတီဥက္ကဋ္ဌနှင့် ကိုယ်စားလှယ်အဖွဲ့ ပါတီရုံးဖွဲ့စည်းထားရှိမှုအား ပုံစံငယ်ဖြင့် ရှင်းလင်းပြသပြီး နှစ်နိုင်ငံပါတီချင်းချိတ်ဆက်ဆောင်ရွက်ခဲ့မှု မှတ်တမ်းများအား video File ဖြင့်ပြသမှုအား ကြည့်ရှုကြသည်။ 

တွေ့ဆုံရာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပါတီဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ တွဲဖက်အထွေထွေအတွင်းရေး ဦးတင်အောင်ချစ်နှင့် ပါတီတာဝန်ရှိသူများ တက်ရောက်ကြပြီး ဘယ်လာရုစ်နိုင်ငံ၊ Belaya Rus ပါတီဥက္ကဋ္ဌ H.E VOLHA CHAMADANAVA  ဦးဆောင်သော  ပါတီကိုယ်စားလှယ်အဖွဲ့တို့ တက်ရောက်ခဲ့ကြသည်။


#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)