ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ရေဘေးကာကွယ်ရေးနှင့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ရေဘေးကာကွယ်ရေးနှင့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်















ပုသိမ်၊ သြဂုတ် ၁

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် လေးမျက်နှာမြို့နယ် ဂျမ်းကုန်းကျေးရွာအနီး ငဝန်ရေကာတာ တာမိုင် ၂၅/၃ ၌ တာကျိုးပေါက်မှုကြောင့် ရေဝင်ရောက်နေသည့် လေးမျက်နှာမြို့ပေါ်ရပ်ကွက်များသို့ ယမန်နေ့က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ရေဘေးသင့်ပြည်သူများ၊ ကျွဲ၊ နွားတိရစ္ဆာန်များကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးနေမှု၊ ရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများ ဖြန့်ဝေပေးနေမှုတို့ကို ကြည့်ရှုကာ အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ယင်းနောက် လေးမျက်နှာမြို့ ဣစ္ဆာသယကျောင်းတိုက်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းသို့ သွားရောက်၍ ရေဘေးသင့်ပြည်သူများအား ဆန်ရိက္ခာထောက်ပံ့ပေးအပ်ခဲ့ပြီး ရေဘေးကြုံတွေ့နေရသည့် ပြည်သူများအတွက် လိုအပ်သည့် အကူအညီများကို ဆက်လက်ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်းနှင့် စိတ်ဓာတ်မကျဘဲ အတူတကွကျော်ဖြတ်ကြရန် အားပေးစကားပြောကြားခဲ့သည်။

အဆိုပါ တာကျိုးပေါက်မှုကြောင့် လေးမျက်နှာမြို့ပေါ်ရှိ အမှတ်(၁)၊ (၂)၊ (၃)၊ (၄)၊ (၅)ရပ်ကွက်များ၊ ညောင်ပင်ဝဲကျေးရွာအုပ်စုရှိ ညောင်ပင်ဝဲ၊ မသဲကုန်း၊ ရွှေကညင်ပင်ကျောင်း၊ သရက်ကန်၊ လေးအိမ်တန်းကျေးရွာများနှင့် သခွတ်ချောင်းကျေးရွာအုပ်စုရှိ ဂျမ်းကုန်း၊ ကျွန်းတဲ၊ ကွမ်းခြံကုန်းကျေးရွာများသို့ ရေဝင်ရောက်လျက်ရှိပြီး အိမ်ခြေ ၁၃၂၀၊ အိမ်ထောင်စု ၁၃၃၃ စုမှ လူဦးရေ ၆၇၄၇ ဦးအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းထားရှိပြီး လူနှင့်တိရစ္ဆာန်ထိခိုက်သေဆုံးမှုမရှိဘဲ ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


#MNP #News



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)