ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ခရီးစဉ်တွင် လိုက်ပါလာသည့်အဖွဲ့ဝင်များနှင့်အတူ ၁၉-၈-၂၀၂၆ရက်နေ့ ညနေပိုင်းတွင် မော်စကိုမြစ်အတွင်း ရှုခင်းကြည့်သင်္ဘောဖြင့် လိုက်ပါစီးနင်းကာ မြို့ပြဖွံ့ဖြိုးတိုးတက်မှုများကို လှည့်လည်ကြည့်ရှုလေ့လာခဲ့သည်။
နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် စနစ်တကျ မြို့ပြဖွံ့ဖြိုးတိုးတက်မှု၊ မြစ်ကြောင်းများ ထိန်းသိမ်းထားရှိမှုနှင့် မြစ်ကမ်းတစ်လျှောက် Green Zone များ စနစ်တကျ ဖော်ဆောင်ထားရှိမှုတို့ကို ကြည့်ရှုလေ့လာကြသည်။
မော်စကိုမြစ်သည် မြို့တော်မော်စကို၏ အသက်သွေးကြောတစ်ခုဖြစ်ပြီး မြို့ပြရေပေးဝေရေးနှင့် စက်မှုလုပ်ငန်းများအတွက် အရေးပါသည့် မြစ်တစ်စင်းဖြစ်သည်။
မြစ်တစ်လျှောက် အပျော်စီးသင်္ဘောများနှင့် ကမ်းခြေပန်းခြံများရှိသဖြင့် ပြည်တွင်း၊ ပြည်ပခရီးသွားများကို ဆွဲဆောင်နိုင်သည့် ခရီးသွားလုပ်ငန်း အချက်အချာတစ်ခုလည်းဖြစ်ကြောင်း သိရသည်။
#News #Myanmar




No comments:
Post a Comment