နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီး လာရောက်ဂါရဝပြုတွေ့ဆုံ၊ နှစ်နိုင်ငံကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ဆွေးနွေး - Myanmar National Post

Myanmar National Post

News Agency

Breaking

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီး လာရောက်ဂါရဝပြုတွေ့ဆုံ၊ နှစ်နိုင်ငံကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ဆွေးနွေး




နေပြည်တော်၊ ဩဂုတ် ၂၆

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E. Le Hoai Trung ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော်၌ လာရောက်ဂါရဝပြုတွေ့ဆုံခဲ့ပြီး မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ရေး ဆွေးနွေးခဲ့ကြသည်။ 


■ နှစ်နိုင်ငံဆက်ဆံရေး

မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံသည် သံတမန်ဆက်ဆံရေး နှစ် ၅၀ ကျော်ရှိပြီဖြစ်ပြီး ဘာသာရေး၊ ယဉ်ကျေးမှုနှင့် လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းကြောင်းတို့တွင် တူညီမှုများရှိကြောင်း၊ ခေတ်အဆက်ဆက် နှစ်နိုင်ငံခေါင်းဆောင်များအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ကောင်းမွန်ခဲ့ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။


■ ဗီယက်နမ်နိုင်ငံသို့ တရားဝင်ခရီးစဉ် ဖိတ်ကြား

ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးက ဗီယက်နမ်သမ္မတနှင့် ကွန်မြူနစ်ပါတီအထွေထွေအတွင်းရေးမှူး မစ္စတာ တိုလမ်၏ နိုင်ငံတော်သမ္မတအား ဗီယက်နမ်နိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးစဉ် လာရောက်ရန် ဖိတ်ကြားမှုနှင့် ခရီးစဉ်ကို ဝမ်းမြောက်စွာ ကြိုဆိုလျက်ရှိကြောင်း သတင်းစကားပါးခဲ့သည်။

၎င်းအနေဖြင့် နိုင်ငံခြားရေးဝန်ကြီးအဖြစ် စတင်တာဝန်ထမ်းဆောင်ပြီးနောက် ပထမဆုံးပြည်ပခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ လာရောက်ခြင်းဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါသည်။


■ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု

နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု နယ်ပယ်သစ်များ တိုးချဲ့ရေး၊ ကုန်သွယ်မှုမြှင့်တင်ရေးနှင့် အပြန်အလှန်ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးတက်လာစေရေးတို့ကို ဆွေးနွေးခဲ့ကြသည်။


■ အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် ပြည်သူအချင်းချင်း ဆက်ဆံရေး

နှစ်နိုင်ငံအစိုးရအချင်းချင်း၊ လွှတ်တော်အချင်းချင်း၊ တပ်မတော်အချင်းချင်းနှင့် ပြည်သူများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်သွားရေးကိုလည်း အလေးထားဆွေးနွေးခဲ့ကြပါသည်။


■ CLMV နှင့် ACMECS

ဗီယက်နမ်နိုင်ငံတွင် ကျင်းပမည့် ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု (CLMV) ထိပ်သီးအစည်းအဝေးနှင့် ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (ACMECS) ထိပ်သီးအစည်းအဝေးများတွင် မြန်မာနိုင်ငံမှ ပါဝင်တက်ရောက်မည့် အခြေအနေများကို ဆွေးနွေးခဲ့ပါသည်။


■ နိုင်ငံတကာမျက်နှာစာတွင် အပြန်အလှန်ထောက်ခံရေး

မြန်မာနှင့် ဗီယက်နမ်တို့အနေဖြင့် နိုင်ငံတကာမျက်နှာစာတွင် အပြန်အလှန်ထောက်ခံအားပေးပြီး ယုံကြည်စိတ်ချရသည့် မိတ်ဆွေကောင်းနိုင်ငံများအဖြစ် ဆက်လက်ရပ်တည်သွားရေး ဆွေးနွေးခဲ့ကြသည်။ ဗီယက်နမ်ဘက်ကလည်း မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ၊ နယ်မြေပိုင်ဆိုင်မှုနှင့် လွတ်လပ်စွာဆုံးဖြတ်ပိုင်ခွင့်တို့ကို လေးစားတန်ဖိုးထားကြောင်း ပြောကြားခဲ့သည်။


#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)