နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့အပါအဝင် ဟုမ္မလင်းနှင့် ဖောင်းပြင်တို့တွင် ဆက်သွယ်ရေးနှင့် အင်တာနက်ဝန်ဆောင်မှုများ တိုးမြှင့်ဆောင်ရွက်ပေးလျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့အပါအဝင် ဟုမ္မလင်းနှင့် ဖောင်းပြင်တို့တွင် ဆက်သွယ်ရေးနှင့် အင်တာနက်ဝန်ဆောင်မှုများ တိုးမြှင့်ဆောင်ရွက်ပေးလျက်ရှိ


မုံရွာ၊ ဩဂုတ် ၁၈

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် လက်ရှိတပ်ဆင်အသုံးပြုနေသည့် ၁ ဒသမ ၂ မီတာရှိ Ku-Band ဂြိုဟ်တုစနစ်သည် ဗန်းသေး၍ ဝပ်အားနည်းသဖြင့် ရာသီဥတုကြောင့် ဖုန်းလိုင်းအတက်အကျဖြစ်ခြင်း၊ ပြတ်တောက်ခြင်းနှင့် လိုင်းကျပ်ခြင်းများ ဖြစ်ပေါ်သဖြင့် ဝပ်အားကြီးသည့် ၂ ဒသမ ၄ မီတာရှိ C-Band ဂြိုဟ်တုစနစ်ကို ဩဂုတ် ၁၂ ရက်က တိုးချဲ့တပ်ဆင်ခဲ့ပြီး ဖြစ်သည်။

ထိုသို့ ဂြိုဟ်တုစခန်းစနစ်များကို အဆင့်မြှင့်တင်တိုးချဲ့ဆောင်ရွက်ပေးနိုင်ခဲ့ခြင်းကြောင့် ဒေသခံပြည်သူများအနေဖြင့် ယခင်ဖုန်းခေါ်ဆိုမှုနှင့် စာတို (sms) ပေးပို့မှုများအပြင် လဟယ်မြို့ရှိ သတ်မှတ်ထားသောနေရာတွင် အင်တာနက်အသုံးပြုနိုင်သဖြင့် အွန်လိုင်းစာမျက်နှာများနှင့် အချက်အလက်များကို လွယ်ကူချောမွေ့စွာ စတင်အသုံးပြုနိုင်ပြီဖြစ်သည်။

ထို့ပြင် ဟုမ္မလင်းမြို့နယ်တွင်လည်း ဂြိုဟ်တုဆက်သွယ်ရေးစနစ်ဖြင့် GSM မိုဘိုင်းစခန်း ၁၅ ခုကို ဖုန်းခေါ်ဆိုမှု (အသံ)၊ စာတိုပေးပို့မှု (SMS) ဖွင့်လှစ်အသုံးပြုပေးထားကာ Transmission အဝေးဆက် ကြောင်းလိုင်းဆိုင်ရာအခက်အခဲများ ဖြစ်ပေါ်လျက်ရှိနေသေးသဖြင့် ပြည်သူများ ဆက်သွယ်ရေးအဆင်ပြေစေရန်အတွက် ဂြိုဟ်တုဆက်သွယ်ရေးစနစ်ဖြင့် သတ်မှတ်နေရာတွင် အင်တာနက်ဝန်ဆောင်မှုများကို အသုံးပြုနိုင်ရန် စီစဉ်ဆောင်ရွက်ပေးထားသည်။

အလားတူ ဖောင်းပြင်မြို့နယ်တွင်လည်း မိုက္ကရိုဝေ့အဝေးဆက်ကြောင်းနှင့် ပင်မဖိုင်ဘာဆက်ကြောင်း ပြတ်တောက်မှုဖြစ်ပွားနေရခြင်းအတွက် လက်ရှိတွင် ဂြိုဟ်တုဆက်သွယ်ရေးစနစ် အသုံးပြု၍ ဖောင်းပြင်မြို့နယ်အတွင်း ဆက်သွယ်ရေးဝန်ဆောင်မှုများ ပေးအပ်နိုင်ရန် ဆောင်ရွက်ပေးထားပြီးဖြစ်ကြောင်း သိရသည်။


#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)