ဩဂုတ် - ၁၉ ( ဗုဒ္ဓဟူးနေ့ )
ဒီနွေရာသီမှာ ဥရောပတစ်ခွင် အပူလှိုင်းတွေ တောက်လျှောက်ဖြတ်သန်းခဲ့လို့ သီးနှံထွက်နှုန်းတွေ အတော်လေး ထိုးဆင်းသွားမယ်လို့ ဥရောပသမဂ္ဂ (အီးယူ) ထဲက စိုက်ပျိုးရေးသမားတွေက သတိပေးထားကြတယ်။ သီးနှံတွေ ပျက်စီးကုန်တာမို့ ရှေ့လာမယ့် လတွေထဲမှာ စားသောက်ကုန်စျေးနှုန်းတွေ ပိုတက်လာနိုင်တယ်လို့ စီးပွားရေးပညာရှင်တွေကလည်း သုံးသပ်ထားကြတယ်။
အီးယူ ရဲ့ ကော်ပါးနီးကပ် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဝန်ဆောင်မှုအဖွဲ့ရဲ့ အဆိုအရ ဇွန်လနဲ့ ဇူလိုင်လဟာ အနောက်ဥရောပမှာ စံချိန်တင် အပူဆုံးလတွေ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒါတင်မကသေးဘဲ ဩဂုတ်လနဲ့ စက်တင်ဘာလအထိလည်း အပူလှိုင်းဒဏ် ဆက်ခံရနိုင်သေးတယ်လို့ သတိပေးထားပါတယ်။
အီးယူ မှာ ဂျုံနဲ့ ကောက်ပဲသီးနှံ အများဆုံးစိုက်တဲ့ ပြင်သစ်နိုင်ငံမှာဆိုရင်လည်း ဩဂုတ်လဆန်းပိုင်းကတည်းက မြေအောက်ရေထွက် ပမာဏတွေ တော်တော်လေး လျော့နည်း ခန်းခြောက်နေပြီလို့ အမျိုးသား ဘူမိဗေဒဌာနက ဆိုပါတယ်။
ဒါ့အပြင် ဘရစ်တနီ ဒေသက နာမည်ကြီး စိုက်ပျိုးရေးသမားများ သမဝါယမအသင်း ကလည်း ဒီနွေရာသီမှာ သီးနှံထုတ်လုပ်မှု သမိုင်းတစ်လျှောက် အဆိုးရွားဆုံး အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတယ်လို့ ပြီးခဲ့တဲ့အပတ်က ပြောခဲ့ပါတယ်။ ဒီနှစ်မှာ ပဲသီးထွက်နှုန်း: ၄၀% လောက် လျော့ကျနိုင်တယ်၊ ပန်းဂေါ်ဖီစိမ်း ၆၀% လောက် လျော့ကျနိုင်တယ်၊ အာတီချုပ် က ၅၀% ကနေ ၁၀၀% အထိ လုံးဝနီးပါး ပျက်စီးသွားနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။
ပြင်သစ်နိုင်ငံရဲ့ စည်သွပ်ဘူး နဲ့ အအေးခံဟင်းသီးဟင်းရွက် ထုတ်လုပ်သူများအသင်း ရဲ့ ဥက္ကဋ္ဌ အီရစ် လီဂရက်စ် ကလည်း ပြင်သစ်မြောက်ပိုင်းနဲ့ အနောက်တောင်ပိုင်းဒေသတွေမှာ အပူချိန် ပြင်းပြင်းထန်ထန် ဒဏ်ခံခဲ့ရလို့ အခုကြုံနေရတဲ့ အကျပ်အတည်းဟာ "အလွန်အမင်း ဆိုးရွားလွန်းတယ်" လို့ ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် မွေးမြူရေးတောင်သူတွေကလည်း ဆောင်းရာသီမတိုင်ခင် တိရစ္ဆာန်အစာ ထုတ်လုပ်နိုင်မှု တော်တော်လေး လျော့နည်းနေတယ် လို့ သတိပေးထားကြပါတယ်။ ပြင်သစ် ကြက်ဥမြှင့်တင်ရေး အမျိုးသား ကော်မတီရဲ့ ခန့်မှန်းချက်အရဆိုရင် အပူလှိုင်းဒဏ်ကြောင့် တစ်ရက်ကို ကြက်ဥအလုံးရေ ၁ သန်းလောက် အထွက်နှုန်း လျော့သွားခဲ့သလို ကြက်မွေးမြူရေးခြံတွေမှာလည်း ကြက်တွေ အစုလိုက်အပြုံလိုက် သေဆုံးတာတွေ ရှိနေပါတယ်။
ဥရောပရဲ့ အဓိက စပါးစိုက်ပျိုးရာ ဒေသတစ်ခုဖြစ်တဲ့ အီတလီမြောက်ပိုင်းမှာဆိုရင် ရေရှားပါးမှုကြောင့် စပါးခင်းအချို့ ဟာ "လုံးဝပျက်စီးပြီး စပါးပင်တွေ ခန်းခြောက်ကုန်ပြီ" လို့ နိုင်ငံရဲ့ အကြီးဆုံး တောင်သူလယ်သမားများ အသင်း က ဆိုပါတယ်။ အလားတူပဲ စပိန်နိုင်ငံက တောင်သူတွေကလည်း ဂျုံအပါအဝင် ကောက်ပဲသီးနှံ ထွက်နှုန်းတွေ အတော်လေး နည်းသွားသလို နွားစာရှားပါးမှုတွေနဲ့ပါ ကြုံတွေ့နေရတယ်လို့ သတင်းပို့ထားကြပါတယ်။
ဂျာမန် တောင်သူလယ်သမားများအသင်းက အင်္ဂါနေ့မှာ သတိပေးလိုက်တာကတော့ ဒီနှစ် ဂျုံနဲ့ ကောက်ပဲသီးနှံ ထုတ်လုပ်မှုဟာ မနှစ်ကထက် ရာခိုင်နှုန်း ၇% (တန်ချိန် ၃.၃ သန်း) လောက် လျော့နည်းသွားမယ် လို့ ဆိုပါတယ်။ အဆိုးရွားဆုံး နိုင်ငံတောင်ပိုင်း ဒေသတွေမှာဆိုရင် သီးနှံတွေ လုံးဝ ပျက်စီးသွားတဲ့အထိ ဖြစ်နိုင်ပါတယ်။
အိမ်နီးချင်း ပိုလန်နိုင်ငံမှာလည်း ပူပြင်းခြောက်သွေ့မှုတွေ တောက်လျှောက် ဖြစ်နေတာကြောင့် ပြည်ပကနေ စားသောက်ကုန် ပိုပြီး တင်သွင်း အားကိုးရတော့မယ် လို့ စီးပွားရေးသတင်းဌာန က ပြီးခဲ့တဲ့လက ခန့်မှန်းထားပါတယ်။
ဇူးရစ် အာမခံအဖွဲ့ က အနုပညာရှင်/ဝေဖန်သုံးသပ်သူတွေနဲ့ ဥရောပ ဘဏ်အချို့ရဲ့ ခန့်မှန်းချက်အရ အခုလို အပူလှိုင်းဒဏ်တွေကြောင့် ဥရောပသမဂ္ဂ (အီးယူ မှာ ယူရို ဘီလီယံ ၅၀ ကနေ ဘီလီယံ ၁၈၀ အထိ ဆုံးရှုံးမှုတွေ ရှိလာနိုင်တယ် လို့ သိရပါတယ်။
REF: RT
#News #Myanmar

No comments:
Post a Comment