ရှမ်းပြည်နယ်လွှတ်တော် စီးပွားရေးနှင့် လူမှုရေးဆိုင်ရာကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ဟိုပုံးမြို့နယ်ရှိ ကော်ဖီစက်ရုံများအား ကွင်းဆင်းကြည့်ရှု - Myanmar National Post

Myanmar National Post

News Agency

Breaking

ရှမ်းပြည်နယ်လွှတ်တော် စီးပွားရေးနှင့် လူမှုရေးဆိုင်ရာကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ဟိုပုံးမြို့နယ်ရှိ ကော်ဖီစက်ရုံများအား ကွင်းဆင်းကြည့်ရှု


ဟိုပုံး၊ ဩဂုတ် ၂၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ဒေသတွင်းကော်ဖီစိုက်ပျိုးထုတ်လုပ်မှုနှင့် ကော်ဖီထုတ်ကုန်များ အရည်အသွေးမြင့်မားရေး၊ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးနှင့် ကော်ဖီလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရေးတို့ အတွက် တာဝန်ရှိသူများက ယမန်နေ့မွန်းလွဲ (၁) နာရီအချိန်က ကော်ဖီစက်ရုံများသို့ သွားရောက်၍ကြည့်ရှုလေ့လာခဲ့ကြသည်။

ထိုသို့ကြည့်ရှုရာတွင် ရှမ်းပြည်နယ်လွှတ်တော် စီးပွားရေးနှင့် လူမှုရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးညွန့်ဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခွန်သိန်းရွှေနှင့်အဖွဲ့ဝင်များ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းကျော်မျိုး၊ မြို့နယ်စိုက်ပျိုး ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်သန္တာလင်းတို့လိုက်ပါ၍ Coffee Neo၊ Indigo Mountain နှင့် Green Gold ကော်ဖီစက်ရုံများအား ကော်ဖီစေ့များ ရွေးချယ်ခြင်း၊ သန့်စင်ခြင်း၊ အခြောက်ခံခြင်း၊ အခွံခွာခြင်း၊ လှော်ခြင်း၊ ကြိတ်ခွဲခြင်းနှင့် ထုပ်ပိုးခြင်း စသည့် ကော်ဖီ ထုတ်လုပ်မှု အဆင့်ဆင့်ကိုလေ့လာခဲ့ကြပြီး စက်ရုံ၏ ထုတ်လုပ်မှုနည်းစနစ်များ၊ စက်ပစ္စည်းများ အသုံးပြုမှုနှင့် အရည်အသွေးထိန်းချုပ်မှု လုပ်ငန်းစဉ်များကိုလည်း ဆွေးနွေး ခဲ့ကြသည်။

ထို့အပြင် ဒေသခံကော်ဖီစိုက် တောင်သူများအနေဖြင့် အရည်အသွေးကောင်းမွန်သည့် ကော်ဖီကုန်ကြမ်းများ ထုတ်လုပ်နိုင်ရေး၊ ကော်ဖီစိုက်ပျိုးဧရိယာ တိုးချဲ့နိုင်ရေးနှင့် ပြည်တွင်း၊ ပြည်ပဈေးကွက်များသို တိုးချဲ့ရောင်းချနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက် များကိုလည်းဆွေးနွေးခဲ့ကြကြောင်းသိရသည်။


#Myanmar #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)