မြောက်ဥက္ကလာပ၊ ဩဂုတ် ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ၊ ရွှေပေါက်ကံ မြို့သစ်ရပ်ကွက်ရှိ ရွှေ ပေါက်ကံ စက်မှုဇုန်သို့ အုပ်ချုပ်ရေးပညာဖွံ့ဖြိုးမှုသင်တန်းကျောင်း(မင်္ဂလာဒုံ)မှ သင်တန်းသားများ ယနေ့ နံနက် ၈ နာရီ အချိန် တာ၀န်ရှိသူများလိုက်ပါ၍ လေ့လာရေးခရီး လာရောက်ခဲ့ကြသည်။
ထိုသို့ လေ့လာရေးခရီးလာရောက်ရာတွင် အုပ်ချုပ်ရေးပညာဖွံ့ဖြိုးမှုသင်တန်းကျောင်း (မင်္ဂလာဒုံ)မှ ဒုတိယ ကျောင်းအုပ်ကြီး ဦးသန့်ဇင် နှင့် သင်တန်းနည်းပြချုပ် ဒေါ် ခင်မာချို တို့ ဦးဆောင်သည့် မြို့နယ်အုပ်ချုပ်ရေးမှူး/လက်ထောက်ညွှန်ကြားရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင် တန်း အမှတ်စဉ် (၁/၂၀၂၆)မှ သင်တန်းသား ၁၂၀ ဦး နှင့် သင်တန်း ကျောင်းမှ ရုံးအဖွဲ့တို့သည် မြောက်ဥက္ကလာပမြို့နယ် ၊ ရွှေပေါက်ကံ မြို့သစ်ရပ်ကွက်ရှိ ရွှေ ပေါက်ကံ စက်မှုဇုန်သို့ လေ့လာရေးခရီး လာ ရောက်ခဲ့ရာ မရမ်းကုန်းခရိုင်အ ထွေထွေအုပ်ချုပ် ရေး ဦးစီးဌာနမှ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်အေး ၊ မြောက်ဥက္ကလာပမြို့နယ် အထွေ ထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းမင်း နှင့် တာ၀န်ရှိသူများက ကြိုဆိုခဲ့ကြပြီး ရွှေပေါက်ကံစက်မှုဇုန် ကော်မတီရုံးသို့ ၀င် ရောက်၍ ရွှေပေါက်ကံ စက်မှုဇုန် ကော်မတီ ဥက္ကဋ္ဌ ဦး နေလင်းထိုက်မှ စက်မှုဇုန် သမိုင်း အကြောင်း နှင့် လက်ရှိ လည်ပတ်လျက်ရှိသည့် စက်ရုံများ ၊ MSME လုပ်ငန်းများအား Power point ဖြင့် ရှင်းလင်းတင်ပြခဲ့သည်။ ထို့မှတဆင့် အုပ်ချုပ်ရေးပညာဖွံ့ဖြိုးမှုသင်တန်းကျောင်း (မင်္ဂလာဒုံ)မှ သင်တန်းသားများနှင့် တာ၀န်ရှိသူများက ကနောင်မင်းသားလမ်းရှိ မြန်မာ့အစားအစာများကို Ready make ထုတ်လုပ်ရောင်းချသည့် "မြန်မာပြည်သား"စက်ရုံ ၊ မက္ခရာ မင်းသားကြီးလမ်းရှိ "MPEC" စွမ်းအားစုအင်ဂျင် နီယာလုပ်ငန်းစက်ရုံ)နှင့် Hollywood ပေါင်မုန့်စက်ရုံများသို့ လေ့လာခဲ့ကြရာ တာ၀န်ရှိသူများက လိုက်လံရှင်းလင်း ဆောင်ရွက်ခဲ့ကြသည်။
သက်လွင်စိုး
#News #Myanmar







No comments:
Post a Comment