ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် လေးမျက်နှာမြို့နယ်၊ ညောင်ဝိုင်းကျေးရွာနှင့် ပေါက်ကုန်းကျေးရွာ ရေဘေးသင့်ပြည်သူများအား ဆန်ရိက္ခာ အခြေခံစားသောက်ကုန်ပစ္စည်းများထောက်ပံ့ပေးအပ်ပြီး လိုအပ်ချက်များဖြည့်ဆည်းပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် လေးမျက်နှာမြို့နယ်၊ ညောင်ဝိုင်းကျေးရွာနှင့် ပေါက်ကုန်းကျေးရွာ ရေဘေးသင့်ပြည်သူများအား ဆန်ရိက္ခာ အခြေခံစားသောက်ကုန်ပစ္စည်းများထောက်ပံ့ပေးအပ်ပြီး လိုအပ်ချက်များဖြည့်ဆည်းပေး












ပုသိမ်၊ ဩဂုတ် ၃

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် လေးမျက်နှာမြို့နယ်၊ ညောင်ဝိုင်းကျေးရွာသို့ ရောက်ရှိ၍ ညောင်ဝိုင်းကျောင်းတိုက်ဆရာတော်အား ဖူးမြော်ကြည်ညိုကာ သာသနာရေးဆိုင်ရာ ကိစ္စရပ်များနှင့် ရေဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက် ပေးနေမှုနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများကို တင်ပြလျှောက်ထားပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။

ယင်းနောက် ရေဘေးသင့်ပြည်သူများကို အားပေးစကားများပြောကြားကာ ပြည်သူများ၏ တင်ပြချက်များအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးပြီး ရေဘေးသင့်ပြည်သူများကို ဆန်ရိက္ခာ၊ ဆီ၊ ခေါက်ဆွဲခြောက်၊ ကော်ဖီမစ်၊ ရေသန့်၊ ဆေးဝါးနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။

ထို့အတူ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် လေးမျက်နှာမြို့နယ်၊ ပေါက်ကုန်းကျေးရွာကျောင်းတိုက်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အနောက်တောင်တိုင်းစစ်ဌာနချုပ်တို့မှ ရေဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာ၊ အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခဲ့ပြီး အားပေးစကားများပြောကြားခဲ့ကာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တို့က ဆန်ရိက္ခာ၊ ဆီ၊ ခေါက်ဆွဲခြောက်၊ ကော်ဖီမစ်၊ ရေသန့်၊ ဆေးဝါးနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)