ရန်ကုန်၊ ဩဂုတ် ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ တက်သစ်ကျေးရွာအုပ်စု၊ တပ်ရွာကျေးရွာတွင် နေထိုင်လျက်ရှိသော အသက် (၁၂၁) နှစ်ရှိ အဘိုး ဦးသိန်းအောင် အား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်နိုင်သူ က ကိုယ်တိုင်သွားရောက် ဂါရဝပြုကန်တော့သည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များသည် အဘိုး ဦးသိန်းအောင် အား ကျန်းမာရေးကောင်းမွန်စေရန်နှင့် သက်ရှည်ကျန်းမာစွာ ထောက်ပံ့ကူညီနိုင်ရေးအတွက် အဘိုး၏ နေအိမ်သို့ သွားရောက်ကာ အသက် (၁၂၁) နှစ်မြောက်အတွက် စုစုပေါင်း အလှူငွေ ကျပ် (၁၂၁) သိန်းနှင့် ကန်တော့ပစ္စည်းများ၊ အာဟာရဖြည့်စွက်စာများကို ပေးအပ်လှူဒါန်းကြသည်။
ထို့အပြင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က အဘိုး ဦးသိန်းအောင် ၏ ကျန်းမာရေး အခြေအနေများ၊ နေထိုင်မှုလိုအပ်ချက်များကို ရင်းရင်းနှီးနှီး မေးမြန်းပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
#News #Myanmar






No comments:
Post a Comment