မြောက်ဥက္ကလာပမြို့နယ်လုံးဆိုင်ရာ စတုတ္တအကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

မြောက်ဥက္ကလာပမြို့နယ်လုံးဆိုင်ရာ စတုတ္တအကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပပြုလုပ်











မြောက်ဥက္ကလာပ၊ ဩဂုတ်  ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ ဂိုဏ်းပေါင်းစုံ မြို့နယ်သံဃာ့အဖွဲ့အစည်း အသီးသီးမှ ဆရာတော်ကြီးများအား မြို့နယ်လုံးဆိုင်ရာ စတုတ္တအကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ် ၂ နာရီ အချိန် ဆုတောင်းပြည့်မယ်လမုစေတီ သုံးထပ်သာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာအခမ်းအနားသို့ တက်ရောက်လာကြသော ဆရာတော်သံဃာတော်အရှင်သူမြတ်များ၊ မြို့နယ်စီမံခန့်ခွဲရေး နှင့် အုပ်ချုပ်ရေးကာ်မတီ အဖွဲ့ဝင်များ၊ ဗုဒ္ဓဘာသာ ကလျာဏယု၀အသင်း (YMBA)ဗဟို ဥက္ကဋ္ဌ အဂ္ဂမဟာမင်္ဂလဓမ္မ ဇောတိကဓဇ ဦးမြင့်အောင်သန်း၊ တိုင်း/ခရိုင်/မြို့နယ်YMBA အသင်း၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဧည့်ပရိတ်သတ်များက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ပြီး မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဩဝါဒါစရိယ၊ မင်္ဂလဓမ္မဇောတိကဓဇ (အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ) ဘဒ္ဒန္တဉာဏိန္ဒ ဇလွန်ပရိယတ္တိစာသင်တိုက် ဆရာတော်ထံမှ  ရှစ်ပါးသီလခံယူဆောက်တည်ကြသည်။ 

ဆက်လက်၍ ဆရာတော် သံဃာတော် အရှင်သူမြတ်များက မေတ္တာသုတ် အစရှိသော ပရိတ်တရားတော်များ ရွတ်ပွား ချီးမြှင့်တော်မူကြပြီး  မြို့နယ်စီမံခန့်ခွဲရေး နှင့် အုပ်ချုပ်ရေးကာ်မတီ အဖွဲ့ဝင်များ ၊ ဗုဒ္ဓဘာသာ ကလျာဏယု၀အသင်း၊ မြို့နယ်ဌာနဆိုင်ရာများ၊‌ စေတနာရှင်များ၊ လှုမှုရေးအဖွဲ့အစည်းများ၊ ဧည့်ပရိတ်သတ်များက ဆရာတော်သံဃာတော် အရှင်သူမြတ်များအား  ဝါဆိုသင်္ကန်းနှင့် သီလရှင်များအား နဝကမ္မ နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ 

ထို့နောက် ဗုဒ္ဓဘာသာ ကလျာဏယု၀အသင်း (YMBA) ဗဟို ဥက္ကဋ္ဌ အဂ္ဂမဟာမင်္ဂလဓမ္မ ဇောတိကဓဇ ဦးမြင့် အောင်သန်းက သာသနာရေးဆိုင်ရာ ကိစ္စရပ်များအား လျှောက်ထားခဲ့ပြီး မြို့နယ် ဩဝါဒါစရိယ ဆရာတော် သီရိမဏ္ဍိုင် နတ်မောက်ကျောင်း ဆရာတော်ထံမှ အနုမောဒနာတရား နာယူကြသည်။ ယင်းနောက် မြို့နယ်သံဃာ့၀န်ဆောင်၊ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ဩဝါဒစာရိယ၊ မဟာမင်္ဂလဓမ္မ ဇောတိကဓဇ၊ (မဟာသဒ္ဓမ္မ ဇောတိက ဓဇ) ဘဒ္ဒန္တဣန္ဒက  ဓမ္မိဿရကျောင်း  ဆရာတော်မှ လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှပေး ဝေခဲ့ကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်းကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြကြောင်း သိရသည်။ 

အဆိုပါ စတုတ္တအကြိမ် မြောက် စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းရာတွင် မြောက်ဥက္ကလာအတွင်းရှိ ဂိုဏ်းပေါင်းစုံ မြို့နယ်သံဃာ့အဖွဲ့အစည်းအသီးသီးမှ ဆရာတော်  ၆၄ ပါး နှင့် သီလရှင် ၁၁ ပါးအား မြို့နယ် စီမံခန့်ခွဲရေး နှင့် အုပ်ချုပ်ရေး ကော်မတီအဖွဲ့၀င်များ၊ ဗုဒ္ဓဘာသာ ကလျာဏယု၀အသင်း (YMBA)၊ မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ စေတနာရှင် အလှူရှင်များက စုပေါင်းဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်းသိရသည်။


သက်လွင်စိုး

#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)