ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း ကျေးရွာချင်းဆက်တံတားများပြုပြင်ဆောင်ရွက်နေမှုနှင့် သမဝါယမစနစ် စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကွင်းဆင်းကြည့်ရှု - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း ကျေးရွာချင်းဆက်တံတားများပြုပြင်ဆောင်ရွက်နေမှုနှင့် သမဝါယမစနစ် စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကွင်းဆင်းကြည့်ရှု












နေပြည်တော်၊ ဩဂုတ် ၂၉

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းသည် ယမန်နေ့က ဒုတိယဝန်ကြီး၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ နေပြည်တော်ကောင်စီ နယ်မြေအတွင်း ကျေးရွာချင်းဆက်တံတားများပြုပြင်ဆောင်ရွက်နေမှုနှင့် သမဝါယမစနစ် စိုက်ပျိုးရေး လုပ်ငန်းများ ဆောင်ရွက်နေမှုများကို ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရာဂီမုန်တိုင်းကြောင့် ပျက်စီး ခဲ့သော နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ်၊ ရွှေမြို့ကျေးရွာအဝင်လမ်းပေါ်ရှိ အရှည်ပေ ၉၅၀ ဆင်သေချောင်းကူးတံတား ပြန်လည်တည်ဆောက်နေမှုအားလည်းကောင်း၊ ပုဗ္ဗသီရိမြို့နယ် ဝဲကြီးကျေးရွာနှင့် ဝင်ပြန်ကျေးရွာ ဆက်သွယ်ထားသော အရှည်ပေ ၉၀၀ ဆင်သေချောင်းကူးတံတား ပြန်လည်တည်ဆောက်နေမှုအားလည်းကောင်း၊ ဇေယျာသီရိမြို့နယ် ကျည်တောင်ကျေးရွာနှင့် သာယာဝှမ်းကျေးရွာ ဆက်သွယ်ထားသော အရှည်ပေ ၅၅၀ ရွှေပေါင်းလောင်းတံတား ပြန်လည် တည်ဆောက်နေမှုအားလည်းကောင်း သွားရောက်ကြည့်ရှုရာ သက်ဆိုင်ရာတာဝန်ရှိသူများက လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်း တင်ပြကြပါသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စု ဝန်ကြီးက လုပ်ငန်းများ စံချိန်စံညွှန်းပြည့်မီစွာဖြင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး အလေးထား ဆောင်ရွက်ကြရန်နှင့် သဘာဝဘေးအန္တရာယ်ခံနိုင်အောင် ကြိုတင်မျှော်တွေး ဆောင်ရွက် ကြရန်လိုအပ်ကြောင်း ဆွေးနွေးမှာကြားပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဇေယျာသီရိမြို့နယ် ရွှေဇေယျာ စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းက ဗီယက်နမ်နှံကောက် မိုးစပါးတဆက်တစပ်တည်း ဧက (၁၅၀)တွင် စနစ်ကျသောစိုက်ပျိုးရေးဖော်ဆောင်နေမှုနှင့် မိုးစပါးအောင်မြင် ဖြစ်ထွန်းနေမှုကို ကြည့်ရှု အားပေးပြီးနောက် တောင်သူများ၏ တင်ပြချက်အပေါ် လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်း ပေးခဲ့ကြောင်း သိရသည်။ 


#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)