မြောက်ကိုရီးယားနဲ့ ငြိမ်းချမ်းရေး စာချုပ်ချုပ်ဖို့ လိုနေပြီလို့ တောင်ကိုရီးယား သမ္မတ ပြော - Myanmar National Post

Myanmar National Post

News Agency

Breaking

မြောက်ကိုရီးယားနဲ့ ငြိမ်းချမ်းရေး စာချုပ်ချုပ်ဖို့ လိုနေပြီလို့ တောင်ကိုရီးယား သမ္မတ ပြော


ဩဂုတ် - ၁၆ ( တနင်္ဂနွေနေ့ ) 

တောင်ကိုရီးယား သမ္မတ လီဂျေမြောင် က အနှစ် ၇၀ ကျော်ကြာလာတဲ့အထိ တိကျတဲ့ အဖြေမထွက်သေးတဲ့ ကိုရီးယားစစ်ပွဲကို တရားဝင် အဆုံးသတ်ဖို့အတွက် မြောက်ကိုရီးယားအနေနဲ့ ဆွေးနွေးပွဲတွေမှာ ပါဝင်လာဖို့ စနေနေ့က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

၁၉၅၀-၅၃ ကိုရီးယားစစ်ပွဲဟာ ငြိမ်းချမ်းရေးစာချုပ်နဲ့ မဟုတ်ဘဲ စစ်ရပ်စဲရေး သဘောတူညီချက်နဲ့ပဲ ပြီးဆုံးခဲ့တာကြောင့် နှစ်နိုင်ငံစလုံးဟာ စစ်ရေးအရ တရားဝင် စစ်ဖြစ်နေဆဲ အခြေအနေမှာပဲ ရှိနေတာပါ။ စစ်အုပ်ချုပ်ရေး ကြေညာဖို့ ကြိုးပမ်းမှုကြောင့် ရာထူးမှ ဖြုတ်ချခံခဲ့ရသူ သမ္မတ ယွန်းဆော့ယော  ရဲ့ နုတ်ထွက်မှုအပြီး ပြီးခဲ့တဲ့နှစ်မှာ သမ္မတဖြစ်လာခဲ့သူ လီဟာ ယွန်းရဲ့ လက်ထက်မှာ ဆိုးရွားသွားခဲ့တဲ့ မြောက်ကိုရီးယားနဲ့ မဟာမိတ် တရုတ်နိုင်ငံတို့ကြား ဆက်ဆံရေးကို ပြန်လည်ကောင်းမွန်လာအောင် ကြိုးပမ်းလျက်ရှိပါတယ်။

၁၉၄၅ ခုနှစ်က ဂျပန်ကိုလိုနီအုပ်ချုပ်မှုအောက်ကနေ ကိုရီးယားနိုင်ငံ လွတ်မြောက်ခဲ့တဲ့ ၈၁ ကြိမ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား မိန့်ခွန်းမှာ သမ္မတလီက အခုလို ကမ်းလှမ်းချက်ကို ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

“တစ်ယောက်နဲ့တစ်ယောက် ခြိမ်းခြောက်ဖို့ ကြံရွယ်ချက်တွေကို ဘေးချိတ်ထားပြီး ကာလရှည်ကြာ ဖြစ်ပွားနေတဲ့ စစ်ပွဲကို အဆုံးသတ်ဖို့ တိုက်ရိုက်ပတ်သက်နေတဲ့ အဓိကပါတီတွေအနေနဲ့ ဆွေးနွေးပွဲတွေ စတင်ကြရအောင်” ဟု သမ္မတ လီ က ပြောကြားခဲ့ပြီး မြောက်ကိုရီးယား၏ နျူကလီးယား စွမ်းဆောင်ရည် မြှင့်တင်နေမှုကို တားဆီးနိုင် မည့် “ထိရောက်သော နည်းလမ်းများ” ကိုလည်း ဆွေးနွေးသွားနိုင်ကြောင်း ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

သမ္မတ လီ က နှစ်နိုင်ငံကြား “ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးနဲ့ အပြန်အလှန် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးကြဖို့” မျှော်လင့်ကြောင်း ပြောကြားခဲ့သလို ဒီလိုဆွေးနွေးပွဲတွေဟာ မြောက်ကိုရီးယားရဲ့ နျူကလီးယား စွမ်းဆောင်ရည် မြှင့်တင်နေမှုကို ထိန်းချုပ်နိုင်မယ့် နည်းလမ်းတွေကို တိုင်ပင်ဆွေးနွေးနိုင်မယ့် စကားဝိုင်းတစ်ခုဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။ သမ္မတ လီ ရဲ့ ကမ်းလှမ်းချက်နဲ့ ပတ်သက်လို့ မြောက်ကိုရီးယားဘက်ကတော့ တစ်စုံတစ်ရာ ပြန်လည်တုံ့ပြန်တာ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ ဧပြီလတုန်းကလည်း သမ္မတ လီဂျေမြောင် ဟာ မြောက်ကိုရီးယားပိုင်နက်အတွင်း ဒရုန်းတွေ ကျူးကျော်ဝင်ရောက်ခဲ့မှုနဲ့ ပတ်သက်ပြီး မြောက်ကိုရီးယားကို တောင်းပန်ခဲ့ဖူးပါတယ်။ ၂၀၂၅ ခုနှစ် စက်တင်ဘာလနဲ့ ၂၀၂၆ ခုနှစ် ဇန်နဝါရီလကြားမှာ မြောက်ကိုရီးယားနိုင်ငံထဲ ဒရုန်းတွေ လွှတ်တင်ခဲ့မှုအတွက် အမျိုးသားထောက်လှမ်းရေးအဖွဲ့ ဝန်ထမ်းတစ်ဦး၊ စစ်အရာရှိတစ်ဦးနဲ့ ဘွဲ့လွန်ကျောင်းသားတစ်ဦးတို့ အပါအဝင် လူ ၃ ဦးကို တောင်ကိုရီးယား တရားလိုရှေ့နေတွေက တရားစွဲဆိုခဲ့တာပါ။ ဆိုးလ် (တောင်ကိုရီးယားအစိုးရ) ဘက်ကတော့ ဒီကျူးကျော်မှုတွေမှာ အစိုးရ ပါဝင်ပတ်သက်မှုမရှိဘဲ အရပ်သားတွေ လုပ်ဆောင်ခဲ့တာလို့ အရင်က ငြင်းဆိုထားခဲ့ပါတယ်။

ပြီးခဲ့တဲ့ မတ်လတုန်းကတော့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန် က တောင်ကိုရီးယားကို “အလိုမရှိဆုံး ရန်သူနိုင်ငံ” လို့ တင်စားပြောဆိုခဲ့ပြီး “လုံးဝ ငြင်းပယ် ပစ်ပယ်ထားမယ်” လို့ ကြိမ်းဝါးခဲ့ဖူးပါတယ်။ ဆိုးလ်အနေနဲ့ သူတို့ရဲ့ ဆွေ့ဆွေ့ခုန် ရန်စမှုတွေအတွက် “တန်ဖိုးပေးဆပ်ရလိမ့်မယ်” လို့လည်း သူက ပြောကြားခဲ့တာဖြစ်ပါတယ်။


REF: RT

#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)