တာမွေ၊ ဩဂုတ် ၁၆
ရန်ကုန်မြို့တွင်းပြေးဆွဲနေသော YBS ခရီးသည်တင်ယာဉ်များ၏ ပြုပြင်ထိန်းသိမ်းစရိတ်များ မြင့်မားလာမှု ကြောင့် YBS ယာဉ်စီးခများအား ၂၀၂၆-ခုနှစ် စက်တင်ဘာလ(၁)ရက်နေ့မှစ၍ တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ( YRTC )မှ တာဝန်ရှိသူက ၂၀၂၆-ခုနှစ် ဩဂုတ်လ(၁၄)ရက်နေ့က အဆိုပါ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ( YRTC ) ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် မီဒီယာတွေ့ဆုံပွဲတွင် တရားဝင်ထုတ်ပြန်ကြေညာခဲ့သည်။
သို့ရာတွင် အဆိုပါ YBS ယာဉ်စီးခများအား ၂၀၂၆-ခုနှစ် စက်တင်ဘာလ(၁)ရက်နေ့မှစ၍ တိုးမြှင့်ကောက်ခံသွား မည်ဆိုသည့် ကြေညာချက်အား ဩဂုတ်လ(၁၆)ရက်နေ့မှစ၍ ပြန်လည်ပယ်ဖျက်လိုက်ပါကြောင်း ယနေ့ညနေ(၃)နာရီ အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ( YRTC )မှ တရားဝင်ထုန်ပြန် ကြေညာခဲ့သည်။
နိုင်လင်းအောင်(တာမွေ)
#News #Myanmar



No comments:
Post a Comment