ပခုက္ကူမြို့နယ်တွင် ဧရာဝတီမြစ်ရေစိုးရိမ်ရေမှတ်အောက် ၂၁၁၅စင်တီမီတာသို့ ပြန်လည်ကျဆင်းသော်လည်း အချို့လူနေအိမ်များအတွင်း မြစ်ရေဆက်လက်ဝင်ရောက်ဆဲဖြစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပခုက္ကူမြို့နယ်တွင် ဧရာဝတီမြစ်ရေစိုးရိမ်ရေမှတ်အောက် ၂၁၁၅စင်တီမီတာသို့ ပြန်လည်ကျဆင်းသော်လည်း အချို့လူနေအိမ်များအတွင်း မြစ်ရေဆက်လက်ဝင်ရောက်ဆဲဖြစ်





ပခုက္ကူ၊ ဩဂုတ် ၁၆

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ယနေ့နေ့လယ်၁၂နာရီခွဲ အချိန် ဧရာဝတီမြစ်ရေတိုင်းထွာချက်အရ ပခုက္ကူမြို့၏စိုးရိမ်ရေမှတ်၂၁၅၀ စင်တီမီတာအောက် ၂၁၁၅စင်တီမီတာသို့ ပြန်လည် ဆင်းသော်လည်း မြစ်ကမ်းနံဘေးနှင့်မြေနိမ့်ပိုင်း အချို့ရပ်ကွက်များ၊ကျေးရွာများရှိ လူနေအိမ်များအတွင်း မြစ်ရေဆက်လက်ဝင် ရောက်နေဆဲဖြစ်ကြောင်း သိရသည်။

ပခုက္ကူမြို့၏ဧရာတီမြစ်ရေစိုးရိမ်ရေမှတ်ဖြစ်သည့် ၂၁၅၀စင်တီမီတာသို့ ဩဂုတ်လ၁၀ရက်နံနက်ပိုင်းတွင် ရောက်ရှိခဲ့ပြီး ထိုမှတစ်ဆင့်တစ်ဖြည်းဖြည်းမြင့်တက်ခဲ့ရာ ဩဂုတ်လ၁၃ရက် နံနက်၆နာရီခွဲအချိန်တွင် စိုးရိမ်ရေမှတ်ထက် ၂၂၁၀စင်တီမီတာ အထိ ကျော်လွန်မြင့်တက်ခဲ့ကြောင်း၊ ဩဂုတ်လ ၁၃ရက် နေ့လယ်ပိုင်းမှစတင်ပြီး မြစ်ရေတစ်ဖြည်းဖြည်းပြန်လည်ကျဆင်းခဲ့ရာ ဩဂုတ်လ ၁၆ရက် နေ့လယ်ပိုင်းတွင် စိုးရိမ်ရေမှတ်အောက် ၂၁၁၅စင်တီမီတာသို့ မြစ်ရေပြန်လည်ကျဆင်းသွားပြီဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ပခုက္ကူမြို့၏ ဧရာဝတီမြစ်ရေ ရေမျက်နှာပြင်ပြောင်းလဲမှုအရ စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည်ရောက်ရှိသော်လည်း မြစ်ကမ်းနံဘေးနှင့်မြေနိမ့်ပိုင်း အချို့ရပ်ကွက်များ၊ကျေးရွာများရှိ လူအိမ်များအတွင်း မြစ်ရေဝင်ရောက်ဆဲဖြစ်သောကြောင့် ရေဘေးသင့်ပြည်သူများအနေဖြင့် ခရိုင်/မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်တီ၏ဦးဆောင်မှုဖြင့် ဖွင့်လှစ်ထား သော ရေဘေးရှောင်ကယ်ဆယ်ရေးစခန်း(၈)နေရာ၌ ယာယီပြောင်းရွှေ့ကာ ဆက်လက်နေထိုင်လျက်ရှိကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)

#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)