တမာန်တော်နေ့ဟု ခေါင်းစဉ်တပ်၍ ရန်ကုန်၊ မန္တလေးနှင့် အခြားဒေသများတွင် အစွန်းရောက် အစ္စလာမ်ဘာသာဝင်များက လမ်းပေါ်ထွက် အခမ်းအနားများ လုပ်ဆောင်လာခြင်းနှင့် ပတ်သက်၍ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(ရန်ကုန်)၏ သဘောထားကြေညာချက် - Myanmar National Post

Myanmar National Post

News Agency

Breaking

တမာန်တော်နေ့ဟု ခေါင်းစဉ်တပ်၍ ရန်ကုန်၊ မန္တလေးနှင့် အခြားဒေသများတွင် အစွန်းရောက် အစ္စလာမ်ဘာသာဝင်များက လမ်းပေါ်ထွက် အခမ်းအနားများ လုပ်ဆောင်လာခြင်းနှင့် ပတ်သက်၍ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(ရန်ကုန်)၏ သဘောထားကြေညာချက်




 

တမာန်တော်နေ့ဟု ခေါင်းစဉ်တပ်၍ ရန်ကုန်၊ မန္တလေးနှင့် အခြားဒေသများတွင် အစွန်းရောက် အစ္စလာမ်ဘာသာဝင်များက လမ်းပေါ်ထွက် အခမ်းအနားများ လုပ်ဆောင်လာခြင်းနှင့် ပတ်သက်၍ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(ရန်ကုန်)၏ သဘောထားကြေညာချက်


ရက်စွဲ။    ။ ၁၃၈၈ ခုနှစ် ဝါခေါင်လပြည့်ကျော်(၁)ရက်

၂၀၂၆ ခုနှစ် သြဂုတ်လ ၂၉ ရက် စနေနေ့

စာအမှတ်။    ။ ၁ / မ မ ရ သ / ၂၀၂၆


၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးတွင် ရှေးယခင်ပဝေသဏီနှင့် လွတ်လပ်ရေးရပြီးသည့်အချိန်မှစ၍ ၁၃၈၇ ခုနှစ်/ ၂၀၂၅ ခုနှစ်အချိန်ထိ အစ္စလာမ်ဘာသာဝင်များသည် တမာန်တော်နေ့ကို ခိုးကြောင် ခိုးဝှက်ဖြင့်သာ သွေးတိုစမ်း လုပ်ဆောင်လာခဲ့ကြသည်။ ထိုသို့ လုပ်ဆောင်လာခဲ့ခြင်းအား တာဝန်ရှိလူကြီးမင်းများ တားမြစ်ပိတ်ပင်ခြင်းမရှိခဲ့သဖြင့် တာဝန်သိ ရဟန်းရှင်လူများက သွားရောက် ပိတ်ပင် တားဆီးခဲ့ကြရသည်။ ပြီးခဲ့သည့် (၈)နှစ်ကျော်ကာလက အစ္စလာမ်ဘာသာဝင်များက ကျင်းပပြုလုပ်သည့် တမာန်တော်မွေးနေ့သည် သင်္ကြန်မတိုင်မီ မြန်မာလ တန်ခူးလအတွင်းလောက်သာ ကျင်းပခဲ့ကြသော်လည်း ယခုအခါ ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့၊ နိုင်ငံတော်ဘာသာနေ့ နှင့် နီးကပ်လျှက် အုပ်အော်သောင်းနင်း လူစုလူဝေးများဖြင့် လမ်းပေါ်ထွက် ပြုလုပ်လာနေသည်ကို Tiktok(တစ်တော့) ဆိုရှယ်မီဒီယာတွင် ကျယ်ကျယ်ပြန့်ပြန့် တွေ့မြင်ရပါသည်။


၂။ တမာန်တော် မွေးနေ့ဟု ခေါင်းစဉ်တပ်၍ ပေါ်ပေါ်ထင်ထင် ကျင်းပရုံမျှမက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး၏ ပညာရေးဝန်ကြီးဌာနလက်အောက်ခံ အခြေခံပညာအလယ်တန်း၊ အထက်တန်း ကျောင်းသူ/ သား များကိုပါ ကြိုဆိုသည့်ပုံရိပ်ယူ၍  အသုံးချလာသည်ကိုလည်း တွေ့မြင်ရသည်။ အစ္စလာမ်ဘာသဝင် ဘာသာရေး ဦးဆောင်သူများ၏ ကောက်ကျစ်ယုတ်မာသော အောက်တန်းကျသည့် လုပ်ရပ်ဟု ကျွန်ုပ်တို့က ရှုမြင်သည်။ တာဝန်ရှိသူများအနေဖြင့်လည်း နိုင်ငံတော်၏ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် ဘာသာရေးလွတ်လပ်ခွင့်ကို အခွင့်ကောင်းယူ၍ လူမျိုးရေး ဘာသာရေး အဓိကရုဏ်းများ ဖြစ်ပွားအောင် အစ္စလာမ်ဘာသာရေး ဦးဆောင်သူများက လုပ်ဆောင်နေခြင်းဖြစ်သည်ကို သိရှိရန် လိုအပ်သည်။ ထိုသို့ အခမ်းအနားဖြင့် အများပြည်သူ အထိတ်တလန့်ဖြစ်အောင် လုပ်ဆောင်ရန် တာဝန်ရှိသူများက ခွင့်ပြုပေးထားတာလား၊ ဘယ်လိုရည်ရွယ်ချက်ဖြင့် ခွင့်ပြုကြပါသလဲ။ အမျိုးသားရေးကို ဘယ်တော့မှ သစ္စာမဖောက်ဟု ကြွေးကြော်ခဲ့ကြသူများ ဘာသာ သာသနာအပေါ် သစ္စာဖောက်ကြပြီလား၊ ပြည်ထဲရေးလက်အောက်ခံ ထွေအုပ် နှင့် ရဲ ဘယ်အဖွဲ့အစည်းက သစ္စာဖောက်သလဲဟု မေးခွန်းထုတ်စရာ ဖြစ်နေပါသည်။


၃။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး၏ နိုင်ငံတော်သမ္မကြီးနှင့် အစိုးရအဖွဲ့ ခေါင်းဆောင်ကြီးများက နိုင်ငံတော်သစ္စာဖောက် လောက်ကောင်များဖြစ်ကြသည့် NUG၊ CRPH၊ PDF ပြည်ဖျက်အကြမ်းဖက်အုပ်စုများနှင့် ပြည်တွင်းသောင်းကျန်းသူ သူပုန်အုပ်စုများအား မေတ္တာရှေ့ထား၍ ငြိမ်းချမ်းရေးစာပွဲဝိုင်းသို့ ဖိတ်ခေါ်ကြိုဆိုလျက်ရှိသည်။ နိုင်ငံတကာ သံတမာန်ဆက်ဆံရေးကို အလေးထားကာ ချစ်ကြည်ရင်းနှီးမှုကို ပြသသည့်အနေဖြင့် နိုင်ငံတော်သမ္မတကြီးနှင့် ပြည်ထောင်စုအဆင့်ဝန်ကြီးများ လိုက်ပါပြီး နိုင်ငံတကာ ချစ်ကြည်ရေးခရီးစဉ်များ တရားဝင်ခရီး သွားရောက်ခြင်းကိုလည်း အားလုံးအသိပင်ဖြစ်သည်။ ထိုသို့ နိုင်ငံတော်အကြီးအကဲများ က ပြည်တွင်းငြိမ်းချမ်းရေး၊ နိုင်ငံတကာ ဆက်ဆံရေးကို အလေးထားဆောင်ရွက်နေစဉ်တွင် ပြည်တွင်းရှိ အစ္စလာမ်ဘာသာရေး အစွန်းရောက်များက ဗုဒ္ဓဘာသာဝင်များက ဘာသာရေးအခမ်းအနားများ စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိသည်ကို တုပ၍ မွေးနေ့၊ မွေးရက် အတိအကျ မသိရသည့် ၎င်းတို့၏ တမာန်တော် မွေးနေ့ဟု ခေါင်းစဉ်တပ်၍ လုပ်ဆောင်လာခြင်းသည် ဘာသာရေးပဋိပက္ခဖြစ်ပေါ်စေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်း ဖြစ်ပါသည်။ ထိုသို့ လုပ်ဆောင်ရန် ခွင့်ပြုသူများသည် ပြည်တွင်းတည်ငြိမ်အေးချမ်းမှုပျက်ပြားပြီး နိုင်ငံတော်အကြီးအကဲများ၏  ဂုဏ်သိက္ခာပျက်ပြားအောင် လုပ်ဆောင်နေကြသူများပင် ဖြစ်ပေသည်။ မွေးနေ့ မွေးရက် အတိအကျမသိရသည့် အစ္စလာမ်ဘာသာဝင်တို့၏ တမာန်တော်မွေးနေ့ အခမ်းအနားများ ကျင်းပခွင့်ပြုသည့် အကျင့်ပျက်ခြစား ဝန်ထမ်းများအား ထိရောက်စွာ ဖော်ထုတ် ဖမ်းဆီးပြီး ထိရောက်စွာ အရေးယူပေးရန် တိုက်တွန်းတောင်းဆိုသည်။ 


၄။ အစ္စလာမ်ဘာသာဝင်တို့၏ တမာန်တော် မိုဟာမတ်အား မွေးဖွားသည့်အချိန်နေရာနှင့် ပတ်သတ်ပြီး တိကျသည့်အထောက်အထား မတွေ့ရပေ။ မြန်မာနိုင်ငံရှိ အစ္စလာမ်ဘာသာရေးအစွန်းရောက်များ က  အေဒီ (၅၇၁)၊ ဧပြီ (၂၀) ရက်နေ့ (သို့) (၂၂) ရက်နေ့ ဟု ခန့်မှန်း ရေးသားဖြန့်ဝေနေခြင်းများကို ကြည့်ခြင်းအားဖြင့်လည်း တမာန်တော် မိုဟာမတ်မွေးနေ့နှင့် ပတ်သက်၍ တိကျသေချာသည့် အထောက်အထား မရှိပါ။ သို့ဖြစ်၍ အစ္စလာမ်ဘာသာဝင်များက တမာန်တော်မွေးနေ့ ဟု ခေါင်းစဉ်တပ်၍ လမ်းပေါ်ထွက် အခမ်းအနားများ ကျင်းပပြုလုပ်ခြင်း၊ ကျောင်းသား/ ကျောင်းသူများကို အသုံးချလာနေခြင်းများသည် အိမ်ရှင် ဗုဒ္ဓဘာသာကို တန်းညှိ၍ ဘာသာရေးပဋိပက္ခ ဖန်တီးခြင်း ဖြစ်ပါသည်။ အစ္စလာမ်ဘာသာဝင်များ၏ ရေးသားဖြန့်ဝေချက်များအရ ဧပြီ (၂၀) ရက်နေ့ (သို့) (၂၂) ရက်နေ့ ဟု ဆိုလျှင် ယခု သြဂုတ်လအတွင်း တမာန်တော်မွေးနေ့ဟု ခေါင်းစဉ်တပ်၍ ကျင်းပရန် လုံးဝ (လုံးဝ) အကြောင်းမရှိပါ။ ထိုသို့ လုပ်ဆောင်ခြင်းသည် ဗုဒ္ဓဘာသာဝင်များက ဝါခေါင်လပြည့်နေ့ မေတ္တာအခါတော်နေ့နှင့် နိုင်ငံတော်ဘာသာနေ့အခမ်းအနားများ ကျင်းပလျက်ရှိသည်ကို ပြိုင်ဆိုင်တုပ၍ ကောက်ကျစ်ယုတ်မာ အောက်တန်းကျစွာ လုပ်ဆောင်လာသည့် အစ္စလာမ်ဘာသာရေးအစွန်းရောက်များ၏ လုပ်ရပ်အပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချသည်။


၅။ ထို့ကြောင့် မွေးနေ့ မွေးရက် အတိအကျမသိရသော ပုဂ္ဂိုလ်ကို အစွဲပြု၍ တမာန်တော်နေ့ဟု ခေါင်းစဉ်တပ်ပြီး ရန်ကုန်၊ မန္တလေးနှင့် အခြားဒေသများတွင် အများပြည်သူ ထင်ယောင်ထင်မှားဖြစ်စေရန် ဖန်တီးလုပ်ဆောင်ခဲ့သော အစွန်းရောက် အစ္စလာမ်ဘာသာဝင်များ၏ လုပ်ဇာတ် ဖန်တီးခြင်းအပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်းနှင့် တာဝန်ရှိသူများအနေဖြင့် အစွန်းရောက် အစ္စလာမ်ဘာသာရေးခေါင်းဆောင်များကို ခေါ်ယူစစ်ဆေးပြီး တမာန်တော် မိုဟာမက်၏ မွေးနေ့နှင့် ပတ်သက်သော သမိုင်းအထောက်အထား အတိအကျ ပြသရန်နှင့် ဘာသာရေးပဋိပက္ခ ဖန်တီးခြင်းမျိုး မပြုလုပ်အောင် တားမြစ်ပေးနိုင်ပါရန် တိုက်တွန်းတောင်းဆိုကြောင်း မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(ရန်ကုန်)မှ သဘောထားကြေငြာချက် ထုတ်ပြန်လိုက်သည်။


မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(ရန်ကုန်)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)