ရန်ကုန်စီးပွားရေးတက္ကသိုလ်(ရွာသာကြီး) ဒဂုံတက္ကသိုလ်နှင့် သင်္ကန်းကျွန်းပညာရေးဒီဂရီကောလိပ် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရန်ကုန်စီးပွားရေးတက္ကသိုလ်(ရွာသာကြီး) ဒဂုံတက္ကသိုလ်နှင့် သင်္ကန်းကျွန်းပညာရေးဒီဂရီကောလိပ် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ


ရန်ကုန်၊ ဩဂုတ် ၃၀

ရန်ကုန်စီးပွားရေးတက္ကသိုလ် (ရွာသာကြီး) ဘွဲ့နှင်းသဘင်ခန်းမ တည်ဆောက်မည့်မြေနေရာ၊ ကျောင်းသူအိပ်ဆောင်ဆောက်လုပ်မည့်မြေနေရာ၊ ပါမောက္ခချုပ်နေအိမ်ဆောက်လုပ်နေမှုနှင့် အပန်းဖြေရိပ်သာဆောက်လုပ်ပြီးစီးမှုအခြေအနေတို့ကို ယမန်နေ့က ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ သင်္ကန်းကျွန်းပညာရေးဒီဂရီကောလိပ်အတွင်းရှိ စာသင်ဆောင်များကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

၂၈-၈-၂၀၂၆ ရက်နေ့နံနက်ပိုင်းကလည်း ပြည်ထောင်စုဝန်ကြီးသည် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်တို့နှင့်အတူ ဒဂုံတက္ကသိုလ်ဘွဲ့နှင်းသဘင်အစည်းအဝေးခန်းမ၌ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး ဒဂုံတက္ကသိုလ် ရေစုကန်အဆိုပြုနေရာချထားမှုပုံစံများ၊ အားကစားကွင်း၊ ဆရာ ဆရာမ/ ဝန်ထမ်းအိမ်ရာများ၊ ကျောင်းသား ကျောင်းသူအိပ်ဆောင်နှင့် အပန်းဖြေရိပ်သာ တည်ဆောက်ရေးလုပ်ငန်းများ၊ စာသင်ဆောင်အဆောက်အအုံများ ပြုပြင်ထိန်းသိမ်းခြင်းဆိုင်ရာ လုပ်ငန်းများကို ဆွေးနွေးကြသည်။

ထို့ပြင် ဒဂုံတက္ကသိုလ်မီးရထားဘူတာရုံ၊ YBS ကားများ စနစ်တကျရပ်နားရေး၊ သုတေသနနှင့် ဓာတ်ခွဲခန်းသုံးစက်ပစ္စည်းများ ရေရှည်အကျိုးရှိ ထိရောက်စွာအသုံးပြုနိုင်ရေးကြည့်ရှုစစ်ဆေးပြီး မဟာသိပ္ပံနောက်ဆုံးနှစ် ကျောင်းသား ကျောင်းသူများ၏ စာတမ်းဖတ်ကြားနေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။


#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)