ပြည်ပတွင်အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမားများ မိသားစုလွှဲပို့ငွေများကို တရားဝင်လမ်းကြောင်းမှ လွှဲပို့နိုင်ရေးဆွေးနွေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ပတွင်အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမားများ မိသားစုလွှဲပို့ငွေများကို တရားဝင်လမ်းကြောင်းမှ လွှဲပို့နိုင်ရေးဆွေးနွေး


ရန်ကုန်၊ ဩဂုတ် ၃၁

ပြည်ပနိုင်ငံများတွင် သွားရောက်အလုပ်လုပ်ကိုင် နေကြသည့် ရွှေ့ပြောင်းလုပ်သားများ၏ မိသားစုလွှဲပို့ငွေများကို တရားဝင်လမ်းကြောင်းမှ လွှဲပို့ခြင်းသည် ၎င်းတို့မိသားစုများ၏ လူမှုစီးပွားဘဝအတွက် အထောက်အကူဖြစ်စေနိုင်သည့်အပြင် နိုင်ငံအတွက် နိုင်ငံခြားဝင်ငွေပိုမိုရရှိနိုင်ခြင်း၊ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူဖြစ်စေနိုင်ခြင်းကြောင့် လုပ်သားများက တရားဝင်လမ်းကြောင်းမှ လွှဲပို့စေရေးအေဂျင်စီများအနေဖြင့် တာဝန်ရှိမှုတာဝန်သိမှုဖြင့် ပူးပေါင်းဆောင်ရွက်စေလိုကြောင်း အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ပြည်ပနိုင်ငံများသို့ အလုပ်သမားစေလွှတ်လျက်ရှိသည့် ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများမှ မန်နေဂျင်းဒါရိုက်တာများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲကို ၂၉-၈-၂၀၂၆ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ်ရှိ မြဝတီမီဒီယာစင်တာခန်းမ၌ ကျင်းပခြင်းဖြစ်ပြီး ပြည်ထောင်စုဝန်ကြီးက ပြည်ပအလုပ်အကိုင် အကျိုးဆောင် လိုင်စင်ရအေဂျင်စီများမှတစ်ဆင့် ပြည်ပနိုင်ငံများသို့ တာဝန်ယူစေလွှတ်ခဲ့သည့် အလုပ်သမားတစ်ဦးချင်း၏ လုပ်ခလစာမှ မိသားစုလွှဲပို့ငွေ ၂၅ ရာခိုင်နှုန်းကို ပြည်တွင်းရှိ မိသားစုဝင်များထံ တရားဝင်လွှဲပို့စေရေးအေဂျင်စီနှင့် အလုပ်သမားအကြား သဘောတူညီချက် စာချုပ်ချုပ်ဆိုခြင်းကို ၂၀၂၃ ခုနှစ်မှစတင် ဆောင်ရွက်ခဲ့ကြောင်း၊ အေဂျင်စီများအနေဖြင့် လုပ်သားများက မိသားစုလွှဲငွေများ တရားဝင် လမ်းကြောင်းမှလွှဲပို့စေရေးကို တာဝန်ရှိမှု တာဝန်သိမှုဖြင့် ပူးပေါင်းဆောင်ရွက်စေလိုကြောင်း ပြောကြားပြီး တင်ပြချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့ပြင် Authorized Dealer (AD) လိုင်စင်ရနိုင်ငံ ပိုင်ဘဏ်များနှင့်တွေ့ဆုံ၍ အလုပ်သမားဝန်ကြီးဌာန အနေဖြင့် ပြည်ပရောက်အလုပ်သမားများ၏ လွှဲပို့ငွေများ အချက်အလက်အတိအကျရရှိစေရေးနှင့် လွယ်ကူသောလွှဲပို့မှုစနစ်ဖြစ်ပေါ်လာစေရေး မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့်ပူးပေါင်း၍ ညှိနှိုင်းအစည်း အဝေးများ ပြုလုပ်လျက်ရှိပြီး မိသားစုလွှဲပို့ငွေ စီမံခန့်ခွဲမှုစနစ် (Family Remittance Management-FRMS) စနစ်အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အလုပ်သမားဝန်ကြီးဌာန၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ သက်ဆိုင်ရာဘဏ်များ၊ ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများ ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားပြီး တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)