ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့အား Clean City, Green City ဖြစ်စေရေး ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆင်းကြည့်ရှုစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့အား Clean City, Green City ဖြစ်စေရေး ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆင်းကြည့်ရှုစစ်ဆေး








ပဲခူး၊ ဩဂုတ် ၃၀ 

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ဩဂုတ်လ ၃၀ ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့အား Clean City, Green City ဖြစ်စေရေး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့၊ ဈေးရုံ အမှတ်(A) အသစ်တည်ဆောက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး စံချိန်စံညွှန်းနှင့်အညီ အချိန်မီ ပြီးစီးရေး ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။၎င်းနောက် ပဲခူး မြို့နယ်၊ ကလိကျေးရွာရှိ ထီးတော်ကျ တံတား ပျက်စီးနေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး အမြန်ဆုံး သံဘောင်တံတား တစ်စင်း တည်ဆောက်ပေးနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

 ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် ပဲခူးမြို့၊ ကမ္ဘောဇသာဒီနန်းတော်သို့ ရောက်ရှိခဲ့ပြီး နန်းတော်အဆောက်အဦများနှင့် ဆက်စပ်လုပ်ငန်းများ ဘက်စုံ အဆင့်မြှင့်တင်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဒေသကြက်ကောင်ရေ(၁၀၀၀၀) စံပြမွေးမြူရေးခြံ တည်ဆောက်မည့်နေရာ သို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ဒေသခံမွေးမြူရေးဝါသနာရှင်များ လွယ်ကူစွာ လာရောက်လေ့လာနိုင် ရေးနှင့် ဒေသမျိုးကြက်များ ထုတ်လုပ်နိုင်သည်အထိ ဆောင်ရွက်ရန် လမ်းညွှန်မှာ ကြားခဲ့သည်။

 ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးစက်မှုဇုန်အဝင်လမ်း ကွန်ကရစ် လမ်းခင်းခြင်း ဆောင်ရွက်ထားရှိမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လမ်းဘေးရေမြောင်း များ ရေစီးရေလာ ကောင်းမွန်စေရေး၊ လမ်းဘေးဝဲယာ အရိပ်ရပင်များ ရှင်သန်စေရေးနှင့် လမ်းပိုင်းများ အလိုက် ပျက်စီးမှုများအား ချက်ခြင်းပျက် ချက်ခြင်းပြင်စနစ်ဖြင့် ဆောင်ရွက်ရန်မှာကြားခဲ့ပြီး စက်မှုဇုန် အတွင်း မော်တော်ယာဉ် များဖြင့်လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

 ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပဲခူးမြစ်ကမ်းဘေးရှိ ဇိုင်းဂနိုင်းမြောက်ပိုင်းပန်းခြံ တည်ဆောက်ပြီးစီးမှု၊ ပန်းလှိုင်ပန်းခြံ တည်ဆောက်နေမှုနှင့် ပန်းလှိုင်တာ ကြံ့ခိုင်မှုနှင့် ပန်းလှိုင်တာပေါ်သို့ အတက်အဆင်းလမ်းများ ကောင်းမွန်မှုရှိစေရေး ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။


#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)