ကျိုက်ထိုမြို့နယ်တွင် ဟိုတယ်ဆိုင်ရာ အိပ်ခန်းဆောင်ထိန်းသိမ်းရေးသင်တန်းနှင့် အစားအစာနှင့်အ‌ဖျော်ယမကာဧည့်ခံ‌ကျွေးမွေးရေးသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျိုက်ထိုမြို့နယ်တွင် ဟိုတယ်ဆိုင်ရာ အိပ်ခန်းဆောင်ထိန်းသိမ်းရေးသင်တန်းနှင့် အစားအစာနှင့်အ‌ဖျော်ယမကာဧည့်ခံ‌ကျွေးမွေးရေးသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ






ကျိုက်ထို၊ ဩဂုတ် ၃

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး ဌာန၏လမ်းညွှန်မှု၊ မွန်ပြည်နယ်အစိုးရအဖွဲ့၏ပံ့ပိုးမှု၊ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၏ကြီးကြပ်မှုဖြင့် ဟိုတယ်ဆိုင်ရာ အိပ်ခန်းဆောင်ထိန်းသိမ်းရေးသင်တန်းနှင့် အစားအစာနှင့်အ‌ဖျော်ယမကာဧည့်ခံ‌ကျွေးမွေးရေးသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျိုက်ထီးရိုးရင်ပြင်တော်ရှိ ရိုးရိုးလေးဟိုတယ် ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီး ဌာန မွန်ပြည်နယ်ရုံးမှ ညွှန်ကြားရေးမှူး ဦးဇေယျာထွန်းက သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များအား အဖွင့်အမှာစကားပြောကြားပြီး ကျိုက်ထိုခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးကံစောလှိုင်က မြို့နယ်အတွင်းပြည်တွင်းပြည်ပခရီးသွားများပြားသည့်အတွက် ဒေသအတွင်းဟိုတယ်ဖွံ့ဖြိုးတိုးတက်ရေးသင်တန်းများကို ပြုလုပ်ပေးခြင်းဖြင့် ခရီးသွားများအတွက်များစွာ အကျိုးရှိကြောင်း အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ အခမ်းအနားကိုကျင်းပရာ ရိုးရိုးလေးဟိုတယ်မန်နေဂျာ ဦးရဲရဲဝင်းက သင်တန်းလာရောက်ဖွင့်လှစ်ပေးသည့်အတွက် ကျေးဇူးတင်စကားပြောကြားပြီး သင်တန်းနည်းပြ(၂)ဦးကသင်တန်းသား (၅၇)ဦးအား (၃-၈-၂၀၂၆)ရက်နေ့မှ (၂၁-၈-၂၀၂၆) ရက်နေ့ထိ စာတွေ့လက်တွေ့သင်ကြားပို့ချသွားမည်ဖြစ်‌ကြောင်းသိရသည်။

အဆိုပါအခမ်းအနားသို့ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ မွန်ပြည်နယ်ရုံးမှ ညွှန်ကြား‌ရေးမှူး ဦးဇေယျာထွန်းနှင့်ဝန်ထမ်းများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကံစောလှိုင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်း သိရသည်။


ပြည့်ဖြိုး

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)