ပေါက်ခေါင်းမြို့နယ်၌ သမဝါယမစနစ်ကိုအခြေခံ၍ စုပေါင်းဆောင်ရွက်သည့် စနစ်ကျသော စိုက်ပျိုးရေးဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပေါက်ခေါင်းမြို့နယ်၌ သမဝါယမစနစ်ကိုအခြေခံ၍ စုပေါင်းဆောင်ရွက်သည့် စနစ်ကျသော စိုက်ပျိုးရေးဆောင်ရွက်


ပေါက်ခေါင်း၊ ဩဂုတ် ၄

ပဲခူးတိုင်းဒေသကြီးအတွင်း သမဝါယမစနစ်ကိုအခြေခံ၍ စုပေါင်းဆောင်ရွက်သည့် စနစ်ကျသော စိုက်ပျိုးရေးအဖြစ် မြို့နယ်နှစ်မြို့နယ် သမဝါယမအသင်း သုံးသင်း၊ အသင်းသား ၁၁၂ ဦး ပိုင်ဆိုင်သည့် လယ်ယာမြေ ၃၁၃ ဒသမ ၅ ဧကအား Pilot Project အနေဖြင့် အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ပေါက်ခေါင်းမြို့နယ် ဝက်တိုးကျေးရွာ အုပ်စု ရတနာတိုး မျိုးစေ့ထုတ် သမဝါယမအသင်းလီမိတက် အသင်းသား တောင်သူ ၅၃ ဦး ပိုင်ဆိုင်သည့် ကွင်းအမှတ်(၆၉၉)ရှိ တစ်ဆက်တစ်စပ်တည်း လယ်ဧက ၁၀၀ ဒသမ ၅ ဧကတွင် အောင်နိုင်သစ္စာကုမ္ပဏီနှင့် ပူးပေါင်း၍ မိုးစပါးများကို ကောက်စိုက်စက်၊ လက်ဆွဲကောက်စိုက်စက်များဖြင့် စိုက်ပျိုးခြင်း အခမ်းအနားကို ယမန်နေ့က ကျင်းပသည်။

အခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းထူးအောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်နိုင်သူဦး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံတောင်သူကြီးများ တက်ရောက်ကြည့်ရှုအားပေးပြီး ပံ့ပိုးငွေကျပ် ၆၀၃ သိန်းနှင့် ညီမျှသောမျိုးနှင့် သွင်းအားစုများ ပေးအပ်ခဲ့ကြောင်းသိရသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)