အကြမ်းဖက်ဖြစ်စဉ်များကြောင့် ဖလမ်းမြို့ရှိ ပျက်စီးသွားသည့် ဌာနဆိုင်ရာရုံးများကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေဖြင့် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

အကြမ်းဖက်ဖြစ်စဉ်များကြောင့် ဖလမ်းမြို့ရှိ ပျက်စီးသွားသည့် ဌာနဆိုင်ရာရုံးများကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေဖြင့် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ


ဖလမ်း၊ ဩဂုတ် ၁၄

အကြမ်းဖက်ဖြစ်စဉ်များကြောင့် ဖလမ်းမြို့ရှိ ပျက်စီးသွားသည့် ဌာနဆိုင်ရာရုံးများကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါရုံးများ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုများကို နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် ကျော်စွာဦးသည် ယမန်နေ့က ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည် တည်ဆောက်ရေးကော်မတီအဖွဲ့ဝင်များနှင့်အတူ ကြည့်ရှုစစ်ဆေးသည်။

ဒုတိယဝန်ကြီးနှင့်အဖွဲ့က လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူးရုံး အမိုးလဲလှယ်နေမှု၊ မြို့နယ်ဦးစီးမှူးရုံး အဆောက်အအုံနံရံများနှင့် ပြတင်းတံခါးများ ပြင်ဆင်နေမှု၊ မြို့နယ်အခွန်ဦးစီးဌာနရုံး ကြမ်းခင်းများ ပြန်လည်ပြုပြင်နေမှု၊ မြို့နယ်သမဝါယမဦးစီးဌာနရုံးဝန်ထမ်းအိမ်ရာ အမိုးနှင့်ကြမ်းခင်းများ ပြန်လည်ပြုပြင်နေမှုနှင့် ရုံးအဆောက်အအုံ အမိုးများလဲလှယ်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး စံချိန်စံညွှန်းနှင့်အညီ သတ်မှတ်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်သွားရန် မှာကြားသည်။

အလားတူ တီးတိန်မြို့နယ်အတွင်း အကြမ်းဖက်ဖြစ်စဉ်များကြောင့် တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့သည့် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး အဆောက်အအုံ၊ မြို့မရဲစခန်း အဆောက်အအုံနှင့် ဝန်ထမ်းအိမ်ရာ ခြောက်ခန်းတွဲ နှစ်ထပ်၊ မြို့နယ်သာသနာတော်ထွန်းကားပြန့်ပွားရေး ဦးစီးဌာနပိုင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း စားရိပ်သာ အဆောက်အအုံ၊ တီးတိန်မြို့ခုတင် (၁၀၀) ဆံ့ ပြည်သူ့ဆေးရုံအဆောက်အအုံ ပြတင်းတံခါးမှန်များ ပြင်ဆင်နေမှုနှင့် မြို့နယ်လမ်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်နေသည့် မြို့တွင်းမြေထိန်းနံရံတည်ဆောက်ခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့အတူ တွန်းဇံမြို့ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီ အတွင်းရေးမှူးသည် တစ်စိတ်တစ်ပိုင်းပြုပြင်ရမည့် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း နည်းပြအိပ်ဆောင်၊ ခုတင် (၅၀) ဆံ့ ပြည်သူ့ဆေးရုံ၊ မြို့နယ်လျှပ်စစ်ရုံးပြုပြင်ခြင်းနှင့် မြို့နယ်ဥပဒေရုံးပြုပြင်ပြီးစီးမှုများကို သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)