ပခုက္ကူမြို့နယ်တွင် ဧရာဝတီမြစ်ရေစိုးရိမ်ရေမှတ်အောက် ၂၀၆၆ စင်တီမီတာ အထိ ကျဆင်းသောကြောင့် ရေဘေးရှောင်ပြည်သူများ မိမိနေအိမ်ထံ ပြန်လည်ပြောင်းရွှေ့ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပခုက္ကူမြို့နယ်တွင် ဧရာဝတီမြစ်ရေစိုးရိမ်ရေမှတ်အောက် ၂၀၆၆ စင်တီမီတာ အထိ ကျဆင်းသောကြောင့် ရေဘေးရှောင်ပြည်သူများ မိမိနေအိမ်ထံ ပြန်လည်ပြောင်းရွှေ့






ပခုက္ကူ ဩဂုတ် ၁၇

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့နေ့လယ် ၁၂နာရီခွဲ အချိန် ဧရာဝတီမြစ်ရေတိုင်းထွာချက်အရ ပခုက္ကူမြို့၏စိုးရိမ်ရေမှတ်၂၁၅၀စင်တီမီတာအောက် ၂၀၆၆စင်တီမီတာအထိ မြစ်ရေ ကျဆင်းသောကြောင့် ရေဘေးရှောင်ပြည်သူများအနေဖြင့် မိမိနေအိမ်များထံ ပြန်လည်ပြောင်းရွှေ့နေထိုင်နေကြပြီဖြစ်ကြောင်း သိရသည်။

ပခုက္ကူမြို့၏ဧရာတီမြစ်ရေစိုးရိမ်ရေမှတ်ဖြစ်သည့် ၂၁၅၀စင်တီမီတာသို့ ဩဂုတ်လ၁၀ရက်နံနက်ပိုင်းတွင် ရောက်ရှိခဲ့ပြီး ထိုမှတစ်ဆင့်တစ်ဖြည်းဖြည်းမြင့်တက်ခဲ့ရာ ဩဂုတ်လ၁၃ရက် နံနက်၆နာရီခွဲအချိန်တွင် စိုးရိမ်ရေမှတ်ထက် ၂၂၁၀စင်တီမီတာ အထိ ကျော်လွန်မြင့်တက်ခဲ့ကြောင်း၊ ဩဂုတ်လ ၁၃ရက် နေ့လယ်ပိုင်းမှစတင်ပြီး မြစ်ရေတစ်ဖြည်းဖြည်းပြန်လည်ကျဆင်းခဲ့ရာ ဩဂုတ်လ ၁၇ရက် နေ့လယ်ပိုင်းတွင် စိုးရိမ်ရေမှတ်အောက် ၂၀၆၆စင်တီမီတာအထိ ပြန်လည်ကျဆင်းသွားပြီဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ထုတ်ပြန်ချက်အရ သိရသည်။

ပခုက္ကူမြို့နယ်တွင် ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်အထက် ကျော်လွန်မြင့်တက်မှုကြောင့် မြစ်ကမ်းနံဘေးနှင့်မြေနိမ့်ပိုင်း ရပ်ကွက်များ၊ကျေးရွာများရှိ အချို့လူအိမ်များအတွင်းရေဝင်ရောက်ခဲ့ပြီး ခရိုင်/မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်တီ၏ဦးဆောင်မှုဖြင့်ဖွင့်လှစ်ထားသော ရေဘေးရှောင်ကယ်ဆယ်ရေးစခန်းများ၌ ယာယီပြောင်းရွှေ့နေထိုင်ခဲ့ကြကြောင်း၊ ပခုက္ကူမြို့၏ဧရာဝတီမြစ်ရေရေမျက်နှာပြင်ပြောင်းလဲမှုအရ ယနေ့နေ့လယ်ပိုင်းတွင် စိုးရိမ်ရေမှတ်အောက် ၂၀၆၆စင်တီမီတာ (၆၇ဒသမ၇ပေ)အထိ မြစ်ရေကျဆင်းမှုကြောင့် ရေဘေးရှောင်ပြည်သူများအနေဖြင့် မိမိနေအိမ်များထံပြန်လည်ပြောင်းရွှေ့ နေထိုင်၍ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့်ရောဂါဘယကင်းဝေးစေရေးအတွက် အိမ်တွင်းအိမ်ပြင်ရှိ ရေဆိုးရေညစ်များရှင်းလင်း ဖယ်ရှားသန့်စင်ခြင်းများ ဆောင်ရွက်ကြကြောင်း သိရသည်။ 

ဘာမီသာ(ပခုက္ကူ)

#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)