နီပေါနဲ့ တိဘက်မှာ ရုတ်တရက် နှုန်းရေအလုံးလိုက် ကျဆင်းမှုကြောင့် လူ ရာ နဲ့ချီပြီး သေဆုံး - Myanmar National Post

Myanmar National Post

News Agency

Breaking

နီပေါနဲ့ တိဘက်မှာ ရုတ်တရက် နှုန်းရေအလုံးလိုက် ကျဆင်းမှုကြောင့် လူ ရာ နဲ့ချီပြီး သေဆုံး


ဩဂုတ် - ၂၇ ( ကြာသပတေးနေ့ ) 

မနေ့က ဟိမဝန္တာ နယ်စပ်ဒေသမှာ နှုန်းရေ ပြင်းထန်စွာ စီးဆင်းခဲ့တဲ့ ရုတ်တရက် ရေကြီးရေလျှံမှုကြောင့် နီပေါနဲ့ တရုတ်နိုင်ငံ တိဘက်ဒေသအနှံ့ အနည်းဆုံး လူပေါင်း ၁၆၅ ဦး သေဆုံးခဲ့ပြီး ကျေးရွာများ၊ လမ်းတံတားများနှင့် လျှပ်စစ်ဓာတ်အားပေး စက်ရုံများ မျောပါပျက်စီးခဲ့ပါတယ်။

နီပေါရဲတပ်ဖွဲ့က ရုပ်အလောင်း ၁၆၂ လောင်း ရရှိထားပြီလို့ ပြောကြားခဲ့ပြီး တရုတ်အာဏာပိုင်တွေကတော့ တိဘက်ဒေသရှိ ဂိုင်ရုန်း ဆိပ်ကမ်းမှာ နောက်ထပ် ၃ ဦး သေဆုံးကြောင်း အတည်ပြုခဲ့ပါတယ်။ နယ်စပ် နှစ်ဖက်စလုံးမှာ ရာပေါင်းများစွာသော လူတွေ ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။

နီပေါ ခရီးသွားလာရေး ဌာနက ကြာသပတေးနေ့မှာ အဆက်အသွယ် ပြတ်တောက်နေသူ ကမ္ဘာလှည့်ခရီးသွားနဲ့ အခြား ခရီးသွား ၄၆၈ ဦး ရှိကြောင်း ပြောကြားခဲ့ပြီး အဲဒီထဲမှာ နိုင်ငံခြားသား ၃၉၃ ဦးနဲ့ နီပေါနိုင်ငံသား ၇၅ ဦး ပါဝင်ပါတယ်။ အဆိုပါ အဆက်အသွယ် ပြတ်တောက်နေသူတွေထဲမှာ အိန္ဒိယနိုင်ငံသား ၁၃၃ ဦး၊ အမေရိကန် ၄၇ ဦး၊ ဩစတြေးလျ ၃၄ ဦး၊ ဗြိတိန် ၃၃ ဦး၊ ကနေဒါ ၂၄ ဦးနဲ့ မလေးရှား ၁၉ ဦးတို့ အနည်းဆုံး ပါဝင်နေပြီး အခြား နိုင်ငံပေါင်း ၂၀ ကျော်မှ နိုင်ငံသားများလည်း ပါဝင်ပါတယ်။ ရုရှားနိုင်ငံသား ၄ ဦးလည်း အဆက်အသွယ် ပြတ်တောက်နေသူတွေထဲမှာ ပါဝင်နေပါတယ်။

တောင်ပေါ်ဒေသအချို့မှာ လမ်း၊ လျှပ်စစ်ဓာတ်အားနဲ့ ဆက်သွယ်ရေးတွေ ပျက်စီးသွားခဲ့တာကြောင့် ခရီးသွားတွေ အဆက်အသွယ် ပြတ်တောက်နေတာဟာ ရေဘေးသင့်သွားတယ်လို့တောင် ပြောလို့မရလောက်အောင် ဖြစ်သွားပါတယ် “လို့ တာဝန်ရှိသူတွေက အလေးပေး ပြောဆိုထားပါတယ်။ အများစုဟာ တိဘက်ရှိ ကိုက်လက်ရှ် တောင်ဆီ ဦးတည်သွားနေတဲ့ ဘုရားဖူးတွေ ဖြစ်ကြပြီး၊ နီပေါ တောင်တက်ခရီးသည်တွေကတော့ ဂျနိုင်း ပူးရ်ဏိမ ပွဲတော်မတိုင်မီ ဂိုဆိုင်ကန်ဒါ  ရေကန်ဆီ ဦးတည်သွားနေကြတာ ဖြစ်ပါတယ်။

ဗီဒီယိုမှတ်တမ်းတွေမှာတော့ ရေအားလျှပ်စစ် စီမံကိန်းတွေ၊ တံတားတွေ၊ လမ်းတွေနဲ့ နေအိမ်တွေ အပါအဝင် လမ်းကြောင်းတစ်ခုလုံးမှာ ရှိသမျှအရာအားလုံးကို တိုက်စားဖျက်ဆီးသွားတဲ့ ရေဘေးရဲ့ ပြင်းထန်ဆိုးရွားမှုကို တွေ့မြင်ရပါတယ်။ ဒေသခံတွေ သတိပေးချက် ကြိုတင်မရဘဲ ထွက်ပြေးခဲ့ကြရချိန်မှာ အဆောက်အအုံတွေဟာ နှုန်းရေတွေထဲ မျောပါသွားခဲ့ပြီး ယာဉ်အများအပြားလည်း အပျက်အစီးတွေကြား ပစ်ပေါက်ခံခဲ့ရသလို ဖြစ်သွားပါတယ်။

ဒေသစံတော်ချိန် မနက် ၉ နာရီခန့်မှာ ရေလုံးကြီးတွေဟာ ဘိုတေကိုရှီ မြစ် အတိုင်း အရှိန်အဟုန်နဲ့ စီးဆင်းလာခဲ့ပြီး၊ ရာဆူဝါ ခရိုင်အတွင်းရှိ စရပ်ရူဘီဆီ နဲ့ တီမူရီ  ဒေသတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်စေခဲ့ကာ ထရီရှူလီ မြစ် အတွင်းသို့ ဆက်လက် စီးဆင်းသွားခဲ့ပါတယ်။

ရေမြင့်တက်လာတဲ့ အရှိန်အဟုန်ဟာ မယုံနိုင်စရာကောင်းလောက်အောင် မြန်ဆန်ခဲ့ပါတယ်။ ခတ္တမန္ဒူးအခြေစိုက် တောင်တန်းဒေသများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အပြည်ပြည်ဆိုင်ရာ ဗဟိုဌာန (ICIMOD) ရဲ့ ပြောကြားချက်အရ စောင့်ကြည့်ရေး စခန်းတစ်ခုမှာ ထရီရှူလီမြစ်ရေဟာ မိနစ် ၃၀ အတွင်း ၉ မီတာအထိ စံချိန်တင် မြင့်တက်သွားခဲ့ပြီး အခြားစခန်းတစ်ခုမှာလည်း အလားတူ အချိန်ကာလအတွင်း ရေ ၇ မီတာအထိ မြင့်တက်ခဲ့ကြောင်း မှတ်တမ်းတင်ခဲ့ပါတယ်။

အာဏာပိုင်တွေက ရာဆူဝါ ၊ နူဝါကော့ ၊ ဒဟာဒင်း ၊ ဂိုရာခါ နဲ့ ချစ်တဝန် ဒေသတို့ရှိ မြစ်ကမ်းဘေးမှာ နေထိုင်သူတွေကို ကုန်းမြင့်ပိုင်းနေရာတွေမှာပဲ ဆက်လက်နေထိုင်ကြဖို့ သတိပေးထားပါတယ်။ မြစ်ရေစောင့်ကြည့်ရေး စခန်းအများအပြားလည်း ပျက်စီးသွားခဲ့ရသလို မျောပါသွားခဲ့ပါတယ်။

အနည်းဆုံး မော်တော်ယာဉ် သွားလာနိုင်တဲ့ တံတား ၁၉ စင်းနဲ့ ကီလိုမီတာ ၄၀ နီးပါးရှည်လျားတဲ့ လမ်းတွေ မျောပါသွားခဲ့တာကြောင့် ဒေသခံအသိုင်းအဝိုင်းများ အဆက်အသွယ် ပြတ်တောက်သွားခဲ့ပြီး ရေဘေးဒဏ် အဆိုးရွားဆုံး ခံခဲ့ရတဲ့ ဒေသတွေကို သွားရောက်ကူညီနိုင်ရေး လမ်းကြောင်းတွေ ပိတ်ဆို့သွားခဲ့ပါတယ်။


REF: RT

#News #Myanmar


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)