ဂန့်ဂေါမြို့တွင် မြစ်သာမြစ်ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ပြောင်းရွှေ့ရသည့် အိမ်ထောင်စု(၂)စုအတွက် ရန်ပုံငွေထောက်ပံ့ပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဂန့်ဂေါမြို့တွင် မြစ်သာမြစ်ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ပြောင်းရွှေ့ရသည့် အိမ်ထောင်စု(၂)စုအတွက် ရန်ပုံငွေထောက်ပံ့ပေးအပ်





ဂန့်ဂေါ၊ ဩဂုတ် ၂၈

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၊ မြောက်ကုန်းရပ်ကွက်တွင် ဩဂုတ်လ(၂၃)ရက်နေ့နှင့် (၂၄) ရက် နေ့တို့တွင် မြစ်သာမြစ်ကမ်းပါးပြိုကျမှုကြောင့် ကမ်းပြိုဘေးသင့်ခဲ့သည့် အိမ်ခြေ(၂)လုံးနှင့် အိမ်ထောင်စု(၂)စု လူဦးရေ(၁၀)ဦးအတွက် ရန်ပုံငွေထောက်ပံ့ပေးအပ်မှုကို ယမန်နေ့နံနက်ပိုင်းက ကမ်းပြိုဘေးသင့်ပြည်သူများ ၏လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။

ကမ်းပြိုဘေးသင့်ခဲ့သည့် အိမ်ထောင်စု(၂)စုတို့အတွက် ရန်ပုံငွေထောက်ပံ့ပေးအပ်မှုကို ဂန့်ဂေါခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်လွင်နှင့် တာဝန်ရှိသူများက ကမ်းပြိုဘေးသင့်ခဲ့သည့် ဦးခင်မောင်ရွှေနှင့် မိသားစု(၅)ဦးအတွက် ခရိုင်/မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့မှ ထောက်ပံ့ငွေကျပ်(၁၀၀၀၀၀/-)နှင့် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဆန်ရိက္ခာဖိုး ကျပ် (၂၅၀၀၀/-)နှင့် အိမ်ဆောက်ပစ္စည်းဖိုးကျပ် (၁၀၀၀၀၀/-)၊ စုစုပေါင်းကျပ်(၂၂၅၀၀၀/-)ကိုလည်းကောင်း၊ ကမ်းပြိုဘေးသင့်ခဲ့သည့် ဦးညွန့်ဝေနှင့်မိသားစု(၅)ဦးအတွက် ခရိုင်/မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့မှ ထောက်ပံ့ငွေကျပ် (၁၀၀၀၀၀/-)၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဆန်ရိက္ခာဖိုးကျပ်(၂၅၀၀၀/-)နှင့် အိမ်ဆောက်ပစ္စည်းဖိုးကျပ်(၁၀၀၀၀၀/-)၊ စုစုပေါင်းကျပ်(၂၂၅၀၀၀/-)တို့ကို လည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ကာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌမှ ကမ်းပြိုဘေးသင့် ခဲ့သည့် မိသားစုများနှင့်တွေ့ဆုံ၍ အားပေးစကားများပြောကြားကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ ရန်ပုံငွေထောက်ပံ့ပေးအပ်ရာသို့ ဂန့်ဂေါခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်လွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌ ဒေါယဉ်နွဲ့ဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဦးစီးမှူး ဦးရှိုင်းသူနှင့်ဝန်ထမ်းများ၊ မြို့နယ် မီးသတ်ဦးစီးမှူး ဦးဇော်ရဲနိုင်နှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ ကမ်းပြိုဘေးသင့်ခဲ့သည့် မိသားစုများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။

မောင်မျိုးမင်း

#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)