မင်းကင်း၊ သြဂုတ် ၉
စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင်၊ မင်းကင်းမြို့တွင် ချင်းတွင်းမြစ်ရေ မြင့်တက်လာမှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားလာနိုင်သဖြင့် မြေနိမ့်ပိုင်း ရေဝင်ရောက်နိုင်သည့်နေရာများနှင့် မြစ်ကမ်းနားဘေးတွင် နေထိုင်ကြသည့် ပြည်သူများကို အလွယ်တကူ ရွှေ့ပြောင်းကူညီနိုင်ရေးအတွက် ကယ်ဆယ်ရေးအဖွဲ့များအား ယနေ့နံနက်ပိုင်းမှစ၍ ရေကင်းချထားလျက်ရှိကြောင်း သိရသည်။
အဆိုပါ ရေကင်းချထားရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်အဆင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဝင်များက ချင်းတွင်းမြစ်ရေသည် မင်းကင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ၈ စင်တီမီတာအလိုတွင် ရောက်ရှိနေပါသဖြင့် မင်းကင်းမြို့၏ စိုးရိမ်ရေအမှတ်သို့ ရောက်ရှိနိုင်ပြီး ရေကြီးရေလျှံမှု ဖြစ်ပွားလာပါက မြစ်ကမ်းနားဘေးနှင့် မြေနိမ့်ပိုင်းတွင်ရှိသော ပြည်သူများ အလွယ်တကူ ရွှေ့ပြောင်းကူညီပေးနိုင်ရန်အတွက် ကယ်ဆယ်ရေးအဖွဲ့များအား မြစ်ကမ်းနားဘေးတွင် ရေကင်း ဆောင်ရွက်ထားလျက်ရှိကြောင်း သိရသည်။
#MNP #News

No comments:
Post a Comment