ဒေသတွင်းမိတ်ဖက်နိုင်ငံများနှင့် အိမ်နီးချင်းနိုင်ငံများ၏ အားသာချက်များနှင့် မိမိတို့နိုင်ငံ၏ အားသာချက်များကို ပေါင်းစပ်၍ နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒေသတွင်းမိတ်ဖက်နိုင်ငံများနှင့် အိမ်နီးချင်းနိုင်ငံများ၏ အားသာချက်များနှင့် မိမိတို့နိုင်ငံ၏ အားသာချက်များကို ပေါင်းစပ်၍ နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်






နေပြည်တော်၊ ဩဂုတ်  ၂၅

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများတက်ရောက် ကြပြီး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencingဖြင့် တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်သမ္မတက အဖွင့်အမှာစကားပြောကြားရာတွင် မိမိအနေဖြင့် ဩဂုတ်လအတွင်း ထိုင်းနိုင်ငံ၊ ရုရှားဖက် ဒရေးရှင်းနိုင်ငံနှင့် ဘယ်လာရုစ်သမ္မတ နိုင်ငံတို့သို့ အဆိုပါနိုင်ငံများမှအကြီးအကဲများ၏ ဖိတ်ကြားချက်များအရ သွားရောက်ခဲ့ကြောင်း၊ ပထမဦးစွာထိုင်းနိုင်ငံသို့ သွားရောက်သည့်ခရီးစဉ်အတွင်း နှစ်နိုင်ငံနှင့်နှစ်နိုင်ငံတပ်မတော် နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ဆက်ဆံမှုများ ပိုမိုတိုးတက် ခိုင်မာလာစေရေးနှင့် ဘက်ပေါင်းစုံပူးပေါင်းဆောင်ရွက်မှုများ၊ နယ်စပ်ဒေသ လုံခြုံတည်ငြိမ်အေးချမ်းရေးနှင့် ကုန်သွယ်မှုမြှင့်တင်ရေးဆိုင်ရာများ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာများနှင့်ပတ်သက်၍ ကျယ်ကျယ် ပြန့်ပြန့် ဆွေးနွေးနိုင်ခဲ့ကြောင်း၊ ထို့ပြင် ထိုင်းနိုင်ငံသို့ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများ၊ ရွှေ့ပြောင်းလုပ်သားများနှင့်ပတ်သက်၍လည်း ၎င်းတို့သည် မြန်မာနိုင်ငံသားများပင်ဖြစ်သည့်အတွက် ၎င်းတို့ဘေးကင်းလုံခြုံရေးနှင့် အလုပ်သမားအခွင့် အရေးများ အပြည့်အဝရရှိစေရေး၊ နှစ်နိုင်ငံဥပဒေများနှင့်အညီ အကာ အကွယ်ပေးနိုင်ရေး ထိုင်းနိုင်ငံဝန်ကြီးချုပ်၊ထိုင်းနိုင်ငံ အမျိုးသားလွှတ်တော်ယာယီဥက္ကဋ္ဌတို့နှင့် တွေ့ဆုံစဉ် အလေးအနက်ထား ထည့်သွင်းဆွေးနွေး နိုင်ခဲ့ကြောင်း။

မကြာသေးမီ ရက်ပိုင်းအတွင်းက သွားရောက်ခဲ့သည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံတို့သို့ ခရီးစဉ်များတွင်လည်း ချစ်ကြည်ရင်းနှီးမှုနှင့် ကူးလူး ဆက်ဆံမှုတိုးမြှင့်နိုင်ရေး၊ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေး၊ ပညာရေးနှင့် လျှပ်စစ်စွမ်းအင်ကဏ္ဍ၊ သိပ္ပံနှင့်နည်းပညာကဏ္ဍ၊ ပ္ပံနှင့်နည်းပညာကဏ္ဍ၊ အာကာသနည်းပညာနှင့် အာကာသနည်းပညာနှင့် ကာ ကာကွယ်ရေး၊ စက်မှုလက်မှုကဏ္ဍများအပါအဝင် နယ်ပယ်စုံကဏ္ဍစုံမှအောင်မြင်သည့် ဆွေးနွေးမှုရလဒ်များ ထွက်ပေါ်လာအောင် ဆွေးနွေးဆောင်ရွက်နိုင်ခဲ့ကြောင်း။

မိမိတို့အနေဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်ပေါင်းစုံမှ အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာတွင် အိမ်နီးချင်းနိုင်ငံများ၏ ပထဝီနိုင်ငံရေးအရ အရေးပါမှုနှင့် အဓိကကျသည့်ကုန်သွယ်ရေးအချက်အခြာဆက်သွယ်ရေး လမ်းကြောင်းများ ကိုလည်းသိရှိထားကြရန်လိုကြောင်း၊ ဒေသတွင်းမိတ်ဖက်နိုင်ငံများနှင့် အိမ်နီးချင်းနိုင်ငံ များ၏ အားသာချက်များနှင့် မိမိတို့နိုင်ငံ၏အားသာချက်များကိုပေါင်းစပ်၍ နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားကိုထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက် သွားကြ ရမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ ဒေသတွင်းမိတ်ဖက်နိုင်ငံများနှင့် အိမ်နီးချင်းနိုင်ငံများ သို့ချစ်ကြည်ရေးခရီးစဉ်များ သွားရောက်ခြင်းအားဖြင့် နိုင်ငံအချင်း ချင်းချစ်ကြည်ရင်းနှီးမှု၊ ကူးလူးဆက်ဆံမှု၊ ပူးပေါင်းဆောင်ရွက်မှုတို့တွင် ဘက်စုံကဏ္ဍစုံ၌ အားကောင်းခိုင်မာစေ မည်ဖြစ်ပြီး မြင်တွေ့လေ့လာခဲ့ရသည့် ၎င်းတို့နိုင်ငံများ၏ အားသာချက်များ၊ ကောင်းမွန် သည့်အချက်များကို မိမိတို့အနေဖြင့် လေ့လာဆန်းစစ်အသုံးချဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။

နိုင်ငံတော်တွင် ခေတ်အဆက်ဆက်ကဖြစ်ပေါ်ခဲ့သည့် ပဋိပက္ခများကို ပြန်ပြောင်း လေ့လာ ကြည့်မည်ဆိုပါက စီးပွားရေးကျဆင်းမှုကိုအဓိကအခြေခံ၍ ဖြစ်ပေါ်ခဲ့ရခြင်း ဖြစ်သည်ကို သမိုင်းမှတ်တမ်းများတွင် တွေ့မြင်နိုင်ကြောင်း၊ သို့ဖြစ်၍ ပြည်ထောင်စု ဝန်ကြီးများနှင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် တာဝန် ရှိသူများအနေဖြင့်နိုင်ငံတော်တွင် ဖြစ်ပေါ်လျက်ရှိသည့် ပကတိအခြေအနေ မှန်များကို မှန်မှန်ကန်ကန်ဖြင့် တင်ပြကြရန်လိုကြောင်း၊ တင်ပြသည့် ကိန်းဂဏန်း အချက်အလက် များကို အခြေခံတွက်ချက်၍ နိုင်ငံစီးပွားတိုးတက်မှုရှိစေရေး စီမံချက်များ၊ စီမံကိန်းများ ရေးဆွဲကောင်အထည်ဖော် ဆောင်ရွက်ရခြင်း ဖြစ်သည့်အတွက် မြေပြင်ပကတိအခြေ အနေမှန်နှင့် ကိန်းဂဏန်းအချက်အလက်များ မှန်ကန်မှုရှိစေရေး စနစ်တကျစိစစ်တင်ပြ ကြရန်လိုကြောင်း။

ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းအနေဖြင့် စီးပွားရေးအားကောင်းမွန်မှုရှိစေရေး၏ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြပြီး မိမိတို့အနေဖြင့်လည်း ရနိုင်သမျှသော စွမ်းအားများနှင့် အခွင့်အလမ်းများကို အသုံးချပြီး စီးပွားရေးအားကောင်းမွန်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိနေကြောင်း၊ သို့သော်လည်း မိမိတို့နိုင်ငံအပေါ် အချို့နိုင်ငံများအနေဖြင့် စီးပွားရေးအရနှင့်နိုင်ငံရေးအရ ပိတ်ဆို့မှုများရှိနေသောကြောင့် ထိုက်သင့်သလောက် တိုးတက်မှုမရရှိဘဲ နှောင့်နှေးနေရခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင် ပြည် တွင်းကုန်ထုတ်လုပ်မှုများကိုမြှင့်တင်၍ ပို့ကုန်ကဏ္ဍမြှင့်တင်ပြီး နိုင်ငံ့စီးပွားရေးတိုး တက်အောင် မဖြစ်မနေဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ပြည်တွင်းရှိကုန်ကြမ်းပစ္စည်းများကို အဓိကအသုံးပြုထုတ်လုပ်နိုင်သည့် ကုန်ထုတ် လုပ်ငန်းများကို အားပေးဆောင်ရွက်သွားကြရမည်ဖြစ်ပြီး သွင်းကုန်အစားထိုး ထုတ်ကုန်များ ထုတ်လုပ်နိုင်ရမည်ဖြစ်သကဲ့သို့ ပြည်ပပို့ကုန်များ တိုးမြင့်ရရှိလာစေရေး အတွက်လည်း ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။

ပြည့်အင်အားသည့် ပြည်တွင်းမှာသာရှိသည် ဟူသည့်အတိုင်း ပြည်ပမှ ထောက်ပံ့ငွေများ၊ ချေးငွေများကို မိမိတို့အနေဖြင့် အားကိုး နေ၍ရမည်မဟုတ်ဘဲ ပြည်တွင်း၌ ရှိသမျှသောစွမ်းအားများဖြင့် ပြည်တွင်းကုန်ထုတ်လုပ်မှုကိုအားပေးကာ နိုင်ငံ့စီးပွားတိုး တက်လာအောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက်လည်း မိမိတို့နိုင်ငံတွင်စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများနှင့် ကုန်ထုတ် လုပ်ငန်းများဆောင်ရွက် နိုင်ရန်အတွက် ရေခံမြေခံကောင်းများ၊ အခြေခံကောင်းများကို ပိုင်ဆိုင်ထားရှိပြီးဖြစ်ကြောင်း၊ အဓိကလိုအပ်နေသည့်မှာ အမှန်တကယ်အလုပ်လုပ်ကြရန်နှင့် ပြည်ထောင်စု တိုင်းရင်းသား အားလုံး စုစုစည်းညီညီညွတ်ညွတ်ဖြင့် တည်ငြိမ်အေးချမ်းမှုကိုဖော်ဆောင်ကြရန်သာ ဖြစ်ကြောင်း၊ သက်ဆိုင်ရာကဏ္ဍအလိုက် ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် တာဝန်ရှိသူများအနေဖြင့်လည်း စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် စက်မှုကုန်ထုတ်လုပ်ငန်းများ တိုးတက်လာစေရေး အလေးထား ဆောင်ရွက် သွားကြရန်မှာကြားလိုကြောင်း၊ ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း မြေပေါ် မြေအောက်သယံဇာတနှင့် တွင်းထွက်ပစ္စည်းများ ထုတ်ယူဆောင်ရွက်ခြင်းထက်ပြန်လည် ဖြည့်တင်းဆောင်ရွက်နိုင်သည့် စိုက်ပျိုးမွေးမြူရေးကို အခြေခံသောကုန်ထုတ် လုပ်ငန်းများ ကိုသာ အောင်မြင်အောင် ဆောင်ရွက်သွားကြရန်လိုကြောင်း။

ပြည်ပပို့ကုန် များတိုးမြှင့်ရရှိနိုင်ရေးဆောင်ရွက်ရာတွင် မြန်မာ့ပေါ်ဆန်းမွှေးစပါးကို တစ်ခေတ်ပြန်လည်ဆန်းသစ်နိုင်ရေး၊ ဈေးကွက်ပြန်လည်ရရှိစေရေး ကြိုးပမ်းဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း၊ မြေကိုအကျိုးရှိရှိ အသုံးချသွားကြရန်နှင့်တစ်ဧကအထွက်နှုန်း များကောင်းမွန်အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ “ဥစ္စာရင်လို ဥစ္စာရင်ခဲ” ဟူသည့် အတိုင်းမိမိတို့သက်ဆိုင်ရာကဏ္ဍများအလိုက် လုပ်ငန်းများအောင်မြင်မှုရှိစေရေးနည်းလမ်း ရှာ၍ကြိုးပမ်း ဆောင်ရွက်သွားကြရန်လိုပြီး နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူတို့၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရေး တို့အတွက်လုပ်ချင်ကိုင်ချင်စိတ်အပြည့်ဖြင့် ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း။

ထိုကဲ့သို့ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော်ဆောင် ရွက်ရာတွင် အသိပညာအတတ်ပညာနှင့် ပြည့်စုံသည့် လူသားအရင်းအမြစ်ကောင်းများ ရရှိရေးသည် မဖြစ်မနေလိုအပ်ချက်တစ်ခုပင်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၌ ၁၉၇၃ ခုနှစ်တွင် ကောက်ယူခဲ့သည့် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ အတန်းပညာ မရှိသူမှာ မိမိတို့နိုင်ငံ၏ လူဦးရေ၏ ၅၈ ဒသမ ၁၈ ရာခိုင်နှုန်း၊ ၁၉၈၃ ခုနှစ်တွင် ၄၁ ဒသမ ဝ၉ ရာခိုင်နှုန်း၊ ၂၀၁၄ ခုနှစ်တွင် ၁၀ ဒသမ ၇ ရာခိုင်နှုန်း၊ ၂၀၂၄ ခုနှစ်တွင် ၅ ဒသမ ၆၇ ရာခိုင်နှုန်းဖြစ်သည်ကို တွေ့ရှိရကြောင်း၊ အဆိုပါအခြေအနေကို ကြည့်ခြင်းအားဖြင့် မိမိတို့ နိုင်ငံ၏ပညာရေးမှာ ထိုက်သင့်သလောက်တိုးတက်လာသည် ကိုတွေ့ရကြောင်း၊ ပညာတတ် လူသားအရင်းအမြစ်များပေါများလာမှသာ တည်ငြိမ် အေးချမ်းပြီးဖွံ့ဖြိုးတိုးတက် သည့် အနာဂါတ်နိုင်ငံတော်ကို ပုံဖော်တည်ဆောက်နိုင်မည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ မိမိတို့အနေဖြင့် ပညာရေးကိုနည်းလမ်းပေါင်းစုံ၊ ဘက်ပေါင်းစုံမှ အားပေးမြှင့်တင်လျက်ရှိပြီး သင်ကြားရေး ဆိုင်ရာတာဝန်ရှိသူများအားချီးမြှင့် ထောက်ပံ့ငွေများပေးအပ်ခြင်း၊ ကျောင်းများ အားလုံးစံ ကိုက်ကျောင်းများဖြစ်စေရေးမှအစ လိုအပ်သည့်အခြေခံသင်ထောက်ကူ ပစ္စည်းများပြည့်စုံမှု ရှိစေရေးအတွက်လည်း ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း။

စိုက်ပျိုးမွေးမြူရေးကို အဓိကဆောင်ရွက်သည့် နိုင်ငံတစ်ခုဖြစ်သည့်အတွက် စိုက်ပျိုး ရေး၊ မွေးမြူရေးဆိုင်ရာ ပညာရှင်များမွေးထုတ်ပေးနိုင်ရေး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုအခြေခံအထက်တန်းကျောင်းများ၊ စိုက်ပျိုးမွေးမြူရေးသိပ္ပံများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ်များကိုလည်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊ စိုက်ပျိုးမွေးမြူ ရေးထုတ်ကုန်များနှင့်ပတ်သက်၍ အိမ်နီးချင်းနိုင်ငံများနှင့် ဒေသတွင်းနိုင်ငံများ၌ ဈေးကွက် လိုအပ်ချက်များစွာရှိပြီးဖြစ်သဖြင့် အဆိုပါ ဈေးကွက်လိုအပ်ချက် ကို ပြည့်မီအောင် စိုက်ပျိုးထုတ်လုပ်နိုင်မည်ဆိုပါက နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူ ဖြစ်လာစေမည်ဖြစ်ကြောင်း၊ ထို့ကြောင့်စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများအောင်မြင် မှုရှိစေရေး ပြည်ထောင်စုအဆင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီး ချုပ်များအနေဖြင့် အလေးအနက်ထားကျယ်ကျယ် ပြန့်ပြန့်အကောင်အထည်ဖော်ဆောင် ရွက်သွားကြရန် မှာကြားလိုကြောင်း။

စိုက်ပျိုးရေးလုပ်ငန်းတွင် ဝါစိုက်ပျိုးရေးလုပ်ငန်းနှင့်ပတ်သက်၍ ဝါစိုက်ပျိုးခြင်း၊ ဝါမှဝါဂွမ်း၊ ဝါဂွမ်းမှချည်မျှင်ကို ထုတ်လုပ်ကြခြင်းဖြစ်ပြီး လူတို့၏ဘဝတွင် အဝတ် အထည်သည် မွေးစမှသေဆုံးသည်အထိ နေ့စဉ်အသုံးပြုနေရသည်ဖြစ်သဖြင့် ဝါသည်အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်နေကြောင်း၊ ဝါသည် နိုင်ငံတော်အတွက် အရေးကြီးသည့် စိုက်ပျိုးရေး ထုတ်ကုန်တစ်ခုဖြစ်ပြီး ဝါမှတဆင့် စက်မှုလုပ်ငန်းများကိုဆက် စပ်ဆောင်ရွက် နိုင်သည်ဖြစ်သဖြင့် အမှန်တကယ်အကျိုးရှိသည့်လုပ်ငန်းဖြစ်ကြောင်း၊ သို့ဖြစ်၍ ဝါစိုက်ပျိုးမှု နှင့် ဝါထုတ်ကုန်များတိုးမြှင့်ထုတ်လုပ်နိုင်ရေး သက်ဆိုင်ရာကဏ္ဍ ကြိုးပမ်းဆောင်ရွက်သွား ကြရန်တိုက်တွန်းမှာကြားလိုကြောင်း။

ဆီထွက်သီးနှံနှင့် ပတ်သက်၍လည်း ပြည်တွင်းဆီစားသုံးမှုဖူလုံမှုရှိစေရေး မိမိတို့ အနေဖြင့် ဆီထွက်သီးနှံများကို အောင်မြင်အောင် စိုက်ပျိုးထုတ်လုပ်သွားကြရန်လို ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင်လည်း ဆီထွက်သီးနှံတွင်ပါဝင်သည့် နှမ်းစိုက်ပျိုးရာ တွင်လည်း အောင်မြင်စွာစိုက်ပျိုးနိုင်ရန်အတွက် မျိုးကောင်းရန်၊ စိုက်ပျိုးရေနှင့်အောင်ရေလုံလောက်စွာ ရရှိရန်လိုအပ်သဖြင့် နှမ်းစိုက်ပျိုးသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အစိုးရအဖွဲ့ များအနေဖြင့် စနစ်တကျဖြည့်ဆည်းဆောင်ရွက်ပေးကြစေလိုကြောင်း၊ မိမိတို့ နိုင်ငံသည်ပဲ စိုက်ပျိုး၍ နိုင်ငံတကာသို့တင်ပို့သည့် ထိပ်တန်းနိုင်ငံများ တွင်ပါဝင်ကြောင်း၊ ထို့ကြောင့် ပဲစိုက်ပျိုးမှုကိုလည်း နိုင်ငံ၏အဓိကစီးပွားရေးအဖြစ်မှတ်ယူ၍အရည်အသွေးကောင်းမွန် သည့် ပဲများစိုက်ပျိုးထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွား ကြရန်လိုကြောင်း၊ ရာဘာနှင့် ပတ်သက်၍လည်း ရာဘာထုတ်ကုန်များ မှတဆင့် စက်မှုကုန်ထုတ်လုပ်ငန်းများကို ဆောင်ရွက်နိုင်ပြီး ဈေးကွက်လိုအပ်ချက် ကြီးမားကျယ်ပြန့်စွာရှိသည့်အတွက်အထွက်နှုန်း များ တိုးတက်လာအောင်ကြိုးပမ်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။

အစိုးရတစ်ရပ်အနေဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖော်ဆောင်ပေးရန် အဓိကတာဝန်ရှိပြီး နိုင်ငံ့စီးပွားနှင့် ပြည်သူလူထုတို့၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက် အောင်ဆောင်ရွက်ပေးနိုင်မှသာလျင် ပြည်သူလူထုက ယုံကြည်အားကိုးသည့် အစိုးရတစ်ရပ် ဖြစ်လာမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံရေးအရအရေးယူ ပိတ်ဆို့မှုများ၊ စီးပွားရေး အရပိတ်ဆို့မှုများအကြားမှ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် သောနည်းလမ်းများဖြင့် အကောင်းဆုံးကျော်လွှားဆောင်ရွက်လျက်ရှိနေကြောင်း။ 

ကုန်သွယ်မှုနှင့်ပတ်သက်၍ သွင်းကုန်၊ ပို့ကုန်လုပ်ငန်းများအားလုံးကို ရိုးရိုး သားသားမှန်မှန်ကန်ကန်ဖြင့် ဆောင်ရွက်ကြရန်လိုကြောင်း၊ သွင်းကုန်၊ ပို့ကုန်ပစ္စည်းများ အရည်အသွေးပြည့်မီမှုရှိစေရေး သက်ဆိုင်ရာ တာဝန်ရှိသူများကကြပ်မတ် စစ်ဆေး ဆောင်ရွက်ကြရန်လိုပြီး မရိုးမသားဆောင်ရွက်ခြင်းများကြောင့် မိမိတို့နိုင်ငံ၏ ပုံရိပ်ကို ထိခိုက်နစ်နာမှုများ မဖြစ်စေရန်လိုကြောင်း၊ ကုန်စည်စီးဆင်းမှုမြန်ဆန် ချောမွေ့စေ ရေးအတွက်လည်း လမ်းကြောင်းများတစ်လျှောက်၌ မလိုလားအပ်သည့် စစ်ဆေးရေး ဂိတ်များ လျှော့ချသွားရန်လိုသကဲ့သို့ တရားမဝင်ကုန်သွယ်မှုများမရှိစေရေး ကြပ်မတ်ဆောင် ရွက်သွားကြရမည်ဖြစ်ကြောင်း၊ တရားမဝင်ကုန်သွယ်မှုများ ဆောင်ရွက်ခြင်းကြောင့် နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့် အခွန်အခများ မရရှိဘဲ ထိခိုက်နစ်နာခြင်း၊အရည် အသွေးမပြည့်မီသည့် ပစ္စည်းများအား ပြည်သူများအနေဖြင့် ဈေးကြီးပေး၍ဝယ်ယူသုံးစွဲနေရ သဖြင့်ထိခိုက်နစ်နာခြင်းတို့ကို ဖြစ်ပေါ်စေနိုင်ကြောင်း၊ သို့ဖြစ်၍ကုန်သွယ်မှုလျှင်မြန် လုံခြုံချောမွေ့စေရေး၊ ချောမွေ့စေရေး၊ တရားမဝင်ကုန်သွယ်မှုများ တရားမဝင်ကုန်သွယ်မှုများ မရှိစေရေး တာဝန်ရှိသူများက အထူးအလေးထား ကြပ်မတ်ဆောင်ရွက်သွားကြရန်မှာကြား လိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ် များက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတက ဖြည့်စွက်ပြောကြားရာတွင် ယခုကာလသည် မိုးရာသီဖြစ်သဖြင့်အချို့ဒေသများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ အဓိက အားဖြင့် မြစ်ကြီးများအပါအဝင် ချောင်းမြောင်းများတိမ်ကောလာခြင်းနှင့် မိုးရွာသွန်းမှုများ ပြားလာခြင်းများကြောင့်ဖြစ်သည်ကိုတွေ့ရကြောင်း၊ မြစ်ကြီးများ၊ ချောင်းမြောင်းများ တိမ်ကောလာမှုကို မြစ်ချောင်းများ ပြန်လည်ပြုပြင်ထိန်းသိမ်းခြင်း၊ သဲနုန်းများဆယ်ယူ ခြင်းဖြင့် ရေစီးဆင်းမှုများ ကောင်းမွန်လာပြီး ရေကြီးရေလျှံမှုကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားအသုံးပြု၍ သောင်တူးသည့်စက်ကြီးများဖြင့် ဆောင်ရွက်နိုင်အောင် စီမံဆောင်ရွက်လျက်ရှိကြောင်း။

အချို့မြို့ပေါ် လူနေရပ်ကွက်များတွင်လည်း ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိကြောင်း၊ များသောအားဖြင့် ရေနုတ်မြောင်းများအတွင်းအမှိုက်သရိုက်များပိတ်ဆို့မှု များကြောင့်ဖြစ်သည်ကိုတွေ့ရကြောင်း၊ မြို့နေလူထုအနေဖြင့် ရေနုတ်မြောင်းများ ပိတ်ဆို့မှုမရှိစေရေးအတွက်လည်း အမှိုက်များကို စည်းကမ်းတကျ စွန့်ပစ်ကြရန် လိုကြောင်း၊ ချောင်းကောမြောင်းကောများကြောင့် မြို့များတွင် ရေကြီးမှုများဖြစ်ပေါ် လာခြင်းဖြစ် ကြောင်းနှင့် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များ၊ စည်ပင်သာယာရေး အဖွဲ့များနှင့် မြို့နေ လူထုတို့မှ မိမိတို့မြို့ရွာရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရေး ဝိုင်းဝန်းတားဆီးကာကွယ် လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း။

မြို့ရွာများ သန့်ရှင်းသာယာလှပရေးနှင့်ပတ်သက်၍ မိမိတို့သွားရောက်ခဲ့သည့် ရုရှား နိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံတို့တွင် မြို့ရွာများ သန့်ရှင်းသာယာလှပလျက်ရှိသည် ကိုတွေ့ ရှိရကြောင်း၊ အဓိကအားဖြင့် သက်ဆိုင်ရာစည်ပင်သာယာအဖွဲ့ အစည်းများက ဆောင်ရွက် သကဲ့သို့ ပြည်သူတစ်ဦးချင်းစီကလည်း စည်းကမ်းတကျလိုက်နာ ဆောင် ရွက်ကြသည်ကို တွေ့ရကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် လည်းအုပ်ချုပ်မှု ပိုင်းဆိုင်ရာနှင့် စည်ပင်သာယာရေးဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် စနစ်တကျကြပ်မတ် ဆောင်ရွက်၍ မြို့နေလူထုနှင့်ပူးပေါင်းပြီးမြို့ရွာများ သန့်ရှင်းသာယာ လှပရေးအတွက် ဆောင်ရွက်သွားကြစေလိုကြောင်း။

အခြေခံပညာကျောင်းများအားလုံး စံကိုက်ကျောင်းများဖြစ်စေရေး ဆောင်ရွက် သွားကြရန်လိုကြောင်း၊ မိမိတို့နိုင်ငံတွင် အခြေခံပညာကျောင်းပေါင်း ၅ သောင်းခန့် ရှိပြီး စံကိုက်သည့်ကျောင်းမှာ ၁၀ ရာခိုင်နှုန်းခန့်သာရှိကြောင်း၊ အခြေခံပညာကျောင်း များကို စံကိုက်ညီမှုသတ်မှတ်ချက်ကိုခွဲခြား ဆောင်ရွက်ရာတွင် အခြေခံပညာမူလတန်းကျောင်း အနေဖြင့် သတ်မှတ်ဧရိယာမှာ ၃ ဧကမှ ၅ ဧက၊ အခြေခံပညာအလယ်တန်းကျောင်းအနေဖြင့် ၅ ဧကမှ ၇ ဧက၊ အခြေခံပညာအထက်တန်း ကျောင်းအနေဖြင့် ၇ ဧကမှ ၁၀ ဧက ရှိရန်သတ်မှတ် ထားကြောင်း၊ စံကိုက်ကျောင်းများအဖြစ် ဆောင်ရွက်ရာတွင် ကျောင်းသား၊ ကျောင်းသူများ တန်းစီသည့် ည့် နေရာများ၊ အားကစားပြုလုပ်ရန်နေရာများနှင့် ကစားကွင်းများ ရှိရန်လိုသကဲ့သို့ အဆောက်အဦများကိုလည်း စနစ်တကျဆောက်လုပ်ရန်လိုကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် တာဝန်ရှိသူများအနေဖြင့် အခြေခံ ပညာကျောင်းများ၏ မြေပြင်အခြေအနေများကို စနစ်တကျစာရင်း ကောက်ယူပြီး သတ်မှတ် ထားသည့် မြေဧရိယာအကျယ်အဝန်းအခြေအနေပေးသည့် ကျောင်းများအား မိမိတို့အစိုးရ တာဝန်ယူချိန်အတွင်း စံကိုက်ကျောင်းများအဖြစ် ဦးစားပေးအဆင့်အလိုက် အဆင့်မြှင့်တင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ စာသင်ကျောင်းများ ဆောက်လုပ်ရာတွင်လည်း စနစ်တကျဆောက်လုပ်ရန်နှင့် ရေရှည်အတွက်ထည့်သွင်းစဉ်းစားလျာထား၍ စီမံချက်များ စနစ်တကျရေးဆွဲ ဆောင်ရွက်သွားရန်လိုကြောင်း၊ စာသင်ကျောင်း များလုံခြုံမှုရှိ စေရေး၊ စနစ်တကျ ရှိစေရေး၊ သန့်ရှင်းသာယာမှုရှိစေရေး၊ စာသင်ကျောင်း များအနီးပတ်ဝန်း ကျင်ကောင်းများဖြစ်စေရေး အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများ အနေဖြင့်စနစ်တကျ ဆောင်ရွက်သွားကြရန်လိုကြောင်း၊ မိမိတို့နိုင်ငံ၏ ပညာရေးကဏ္ဍ မြှင့်တင်နိုင်ရေးအတွက် နိုင်ငံတော်အစိုးရက ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ ကျောင်းသား၊ မိဘ၊ ဆရာ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများအားလုံး ပူးပေါင်းဆောင်ရွက်မှ သာလျင်နိုင်ငံတော်၏ပညာရေး ကဏ္ဍမှာ စနစ်တကျဖြင့်ဘက်စုံတိုးတက် ကောင်းမွန် လာမည်ဖြစ်ကြောင်းပြောကြားသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတက နိဂုံးချုပ်အမှာစကားပြောကြားရာတွင် အခွန် ထမ်းဆောင်မှုနှင့်ပတ်သက်၍ စီးပွားရေးလုပ်ငန်းဆောင်ရွက်နေသူများ၊ ပြည်သူများ အနေဖြင့် အခွန်ငွေများကို ထမ်းဆောင်ကြပြီး နိုင်ငံတော်အစိုးရအနေဖြင့် အဆိုပါ အခွန်ထမ်း ငွေများဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကိုဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ အဆို ပါအခွန်ထမ်း ငွေများကို နိုင်ငံတော်အတွက် အမှန်တကယ်လိုအပ်သည့် နေရာများတွင် အကျိုးရှိရှိအသုံ ချကြရန်လိုကြောင်း၊ ဝန်ကြီးဌာနများအလိုက်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အခွန်ငွေများကို ထိထိရောက်ရောက်အသုံးချရာတွင်အခွန်ထမ်းပြည်သူများ၏ မျက်နှာကို ကြည့်ရန်လိုကြောင်း။

မိမိတို့အနေဖြင့် . ဖက်ဒရယ်ကိုအခြေခံသည့် ပါတီစုံဒီမိုကရေစီစနစ်ကိုလျှောက် လှမ်းနေခြင်းဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် လုပ်ပိုင်ခွင့်များကို ပေးအပ်ထားသကဲ့သို့ ပြည်ထောင်စုအစိုးရအဖွဲ့မှ ချမှတ်ဆောင်ရွက်သည့် မူဝါဒများ ကိုလည်း အောင်မြင်အောင် ဝိုင်းဝန်းအကောင်အထည်ဖော် ဆောင်ရွက်ကြရန်လိုကြောင်း၊ ထိုသို့ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုဝန်ကြီးဌာနများကလည်း စနစ်တကျဝိုင်းဝန်းကြပ်မတ်ဆောင်ရွက်ကြရန် လိုကြောင်းမှာကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်းသတင်းရရှိသည်။ 


#Myanmar #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)